ကရိုရှေးဇာထိုးနည်း

ဝီကီပီးဒီးယား မှ
ဆွီဒင်မှ ခရိုရှေး ဇာထိုးထားပုံ

'ကရိုရှေး'ဆိုသော စကားမှာ ပြင်သစ် စကား 'ကရော့'မှ ဆင်းသက်လာ၍ 'ချိတ်' ဟူသော အနက်ကို ဆောင်လေသည်။

ဤဇာထိုးနည်းတွင် အဖျား၌ ချိတ်ပါသော သံမဏိ သို့ မဟုတ် အရိုးဆံထိုးအပ်တစ်ချောင်းဖြင့် ဇာပန်းကွက်ပေါ်အောင် ဖော်ယူရလေသည်။ ဇာကြမ်းပေါက်များကို ဖေါက်ရန် အရိုးဖြင့် ပြုလုပ်သော ဇာထိုးအပ်ကို အသုံးပြု၍၊ ဇာနုများကို ဖေါက်ရန် သံမဏိဇာထိုးအပ်ကို အသုံးပြုကြသည်။ အိုင်ယာလန်ဇာများမှာ လက်ရာ အလွန်နုသော ဇာများဖြစ်၏။

ကရိုရှေးဇာထိုးရာ၌ အခြေခံ ကြိုးတန်းအဖြစ်ဖြင့် ရှေးဦးစွာ ဖွတ်မြီးထိုး၍ စတင် မူတည်ရသည်။ ထိုနောက် လိုရာ ဇာပုံစံ ကွက်ပေါ်အောင် ဇာထိုးအပ်အဖျားရှိ ချိတ်ဖြင့် ချည်မျှင်ကို ရစ်ကာ ကျော့ကာ ချိတ်၍ ယူရသည်။ ထိုနောက် အခြေခံ ကြိုးတန်းပေါ်တွင် တိုက်စိုက်ရ၏။ တိုင်စိုက်ရာတွင် ကြိုး တစ်ခါတင် နှစ်ခါတင် စသည်ဖြင့် လိုသလို ကြိုးကိုတင်ရ၏။ ဤသို့သော တိုင်စိုက်နည်းဖြင့် လိုရာဇာနှင့်အကျပုံစံများကိုအကွက်ဖော်၍ ထိုးနိုင်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)