ကရာကတောင်း

ဝီကီပီးဒီးယား မှ
ကရာကတောင်း
Krakatoa eruption lithograph.jpg
၁၈၈၃ ခုနှစ် ကရာကတောင်း ပေါက်ကွဲမှု ကို ၁၈၈၈ တွင် လစ်သိုဂရပ်ဖြင့် သရုပ်ဖော်ထားပုံ
အမြင့်ဆုံးအမှတ်
အမြင့်၈၁၃ m (၂,၆၆၇ ft)
ပေါ်လွင်မှု၈၁၃ m (၂,၆၆၇ ft)
Isolation၂၁.၇၁ km (၁၃.၄၉ mi) Edit this on Wikidata
စာရင်းသွင်းခြင်းSpesial Ribu
ကိုဩဒိနိတ်6°06′07″S 105°25′23″E / 6.102°S 105.423°E / -6.102; 105.423ကိုဩဒိနိတ်: 6°06′07″S 105°25′23″E / 6.102°S 105.423°E / -6.102; 105.423[၁]
ပထဝီဝင်
ကရာကတောင်း သည် အင်ဒိုနီးရှားနိုင်ငံ တွင် တည်ရှိသည်
ကရာကတောင်း
ကရာကတောင်း
အင်ဒိုနီးရှားနိုင်ငံတွင်း တည်နေရာ
တည်နေရာအင်ဒိုနီးရှားနိုင်ငံ
ဘူမိဗေဒ
တောင်အမျိုးအစားCaldera
နောက်ဆုံး ပေါက်ကွဲမှုဖေဖော်ဝါရီ ၂၀၁၇

ကရာကတောင်း (အင်ဒိုနီးရှား: Krakatau) သည် ချော်ရည်များမှ ဖြစ်ပေါ်လာသော မီးတောင်ကျွန်း တစ်ခု ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်း နှင့် ဆူမားတြားကျွန်း တို့ ကြားရှိ ဆွန်ဒါရေလက်ကြားတွင် တည်ရှိသည်။ ကရာကတောင်းဆိုသော အမည်သည် ပင်မကျွန်း (ရာကာတာ) နှင့် မီးတောင် တို့ ပါဝင်သည့် ကျွန်းအစုအဝေးကို ခေါ်ဆိုခြင်းဖြစ်သည်။ ကရာကတောင်းကျွန်းသည် ၁၈၈၃ ခုနှစ်တွင် ပေါက်ကွဲခဲ့ပြီ: လူပေါင်း ၄၀,၀၀၀ ကျော် သေဆုံးခဲ့ရသည်။ အချို့ကမူ သေဆုံးသည် ထိုထက်မက များပြားလိမ့်မည်ဟု ခန့်မှန်းကြသည်။ ထိုပေါက်ကွဲမှုသည် ခေတ်သစ်သမိုင်းတွင် အသံအကျယ်ဆုံးအဖြစ် မှတ်ယူကြပြီး ပေါက်ကွဲသော နေရာမှ မိုင်ပေါင်း ၃၀၀၀ (၄၈၂၈ ကီလီမီတာ) ခန့် အထိပင် ကြားရသည်။ ပေါက်ကွဲမှုမှ ဖြစ်လာသော တုန်ခါမှု လှိုင်းများကို ကမ္ဘာအရပ်ရပ်တွင် ဘာရိုဂရပ်များဖြင့် မှတ်တမ်းတင်ထားခဲ့ကြသည်။

သမိုင်းတွင် ထင်ရှားရခြင်း[ပြင်ဆင်ရန်]

ကရာကတောင်း၏ ပေါက်ကွဲမှုများတွင် အထင်ရှားဆုံးမှာ ၁၈၈၃ ခုနှစ် ဩဂုတ်လ ၂၆-၂၇ ရက်တွင် ဆက်တိုက်ပေါက်ကွဲခဲ့ခြင်းများ ဖြစ်ပြီး ထိုပေါက်ကွဲမှုသည် ခေတ်သစ်နှင့် မှတ်တမ်းတင်ထားသော သမိုင်းတွင် အပြင်းထန်ဆုံးသော မီးတောင်ပေါက်ကွဲမှုများတွင် တစ်ခုအပါအဝင် ဖြစ်သည်။

မီးတောင်ပေါက်ကွဲမှု ကိန်းညွှန်း ၆ ရှိသဖြင့် ထိုပေါက်ကွဲမှုသည် တီအင်န်တီယမ်း ၂၀၀ မီဂါတန်ပေါက်ကွဲမှုနှင့် ညီမျှသည်။ ဒုတိယကမ္ဘာစစ် အတွင်း ဟီရိုရှီးမားတွင် ပေါက်ကွဲခဲ့သော နျူးကလီးယားဗုံး၏ အဆပေါင်း ၁၃,၀၀၀ မျှ ရှိသည်။

၁၈၈၃ ခုနှစ် ပေါက်ကွဲမှုမှ ၂၁ ကုဗကီလိုမီတာ (၅.ဝ ကုဗမိုင်) မျှ ရှိသော ကျောက်တုံးများ၊ ပြာများနှင့် ချော်ကျောက်များကို လွှတ်ထုတ်ခဲ့သည်။

ထိုသို့ အားပြင်းသော ပေါက်ကွဲမှု ကို မိုင်ပေါင်း ၁,၉၃၀ (၃,၁၁၀ ကီလိုမီတာ) ဝေးသော ဩစတေးလျနိုင်ငံ အနောက်ပိုင်း ပါ့သ်မြို့မှ သဲကွဲစွာ ကြားနိုင်ပြီး မိုင်ပေါင်း ၃,၀၀၀ (ကီလိုမီတာ ၅၀၀၀ ဝေးသော) မောရစ်ရှပ်နိုင်ငံ အနီးရှိ ရောဒရစ် ကျွန်းမှလည်း ကြားရသည်။

တရားဝင် မှတ်တမ်းများအရ ကရာကတောင်း အနီးတွင် မြို့ရွာပေါင်း ၁၆၅ ခု ပျက်စီးခဲ့ရပြီး ၁၃၂ ခုမှာ အကြီးအကျယ် ပျက်စီးခဲ့ရကာ အနည်းဆုံး လူပေါင်း ၂၁,၀၀၇ (တရားဝင် စာရင်း) သေဆုံးခဲ့ရသည်။ လူပေါင်းထောင်ပေါင်းများစွာသည် ပေါက်ကွဲမှု နှင့် ပေါက်ကွဲမှုကြောင့် ဖြစ်သော ဆူနာမီတို့ကြောင့် ဒဏ်ရာ ရရှိခဲ့ကြသည်။ ထိုပေါက်ကွဲမှုသည် ကရာကတောင်းကျွန်း၏ ၃ ပုံ ၂ပုံကို ဖျက်ဆီးပစ်ခဲ့သည်။

မီးတောင်ပေါက်ကွဲပြီးနောက် ၁၉၂၇ မှစ၍ ထိုနေရာတွင် ကျွန်းအသစ် တစ်ခုကို ဖြစ်ပေါ်ခဲ့ပြီး အာနပ် ကရာကတောင်း (Anak Krakatau) ဟု အမည်ပေးခဲ့သည်။ အင်ဒိုနီးရှာ ဘာသာစကားဖြင့် ကရာကတောင်း၏ ရင်သွေး ဟု အဓိပ္ပာယ်ရသည်။ ထိုကျွန်းသည် လက်ရှိတွင် အချင်းဝက် ၂ ကီလိုမီတာ (၁.၂ မိုင်) မျှ ရှိပြီး အမြင့်ဆုံးနေရာမှာ ပင်လယ်ရေမျက်နှာပြင် အထက် မီတာ ၃၀၀ ( ၉၈၀ ပေ) မျှ ရှိသည်။ နှစ်စဉ်နှစ်တိုင်းတွင် ၅ မီတာ (၁၆ ပေ) မျှ မြင့်တက်လျက် ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Dunk၊ Marcus။ "Will Krakatoa rock the world again?"၊ London: Associated Newspapers Ltd၊ 2009-07-31။ 2010-01-23 တွင် ပြန်စစ်ပြီး