ကယ်လေဒီတံတား

ဝီကီပီးဒီးယား မှ
Kallady Bridge
கல்லடிப் பாலம்
කල්ලඩි පාලම
Old Kallady Bridge (above)
New Kallady Bridge (below) New Kallady Bridge
ကိုဩဒိနိတ်7°43′09.50″N 81°42′26.40″E / 7.7193056°N 81.7073333°E / 7.7193056; 81.7073333ကိုဩဒိနိတ်: 7°43′09.50″N 81°42′26.40″E / 7.7193056°N 81.7073333°E / 7.7193056; 81.7073333
သယ်ဆောင်မှုMotor vehicles on the A4 highway
ဖြတ်သန်းမှုBatticaloa Lagoon
တည်နေရာBatticaloa, Batticaloa District
အခြားအမည်များLady Manning Bridge
ပိုင်ဆိုင်သူMinistry of Ports & Highways
ပြုပြင်ထိန်းသိမ်းသူRoad Development Authority
အချက်အလက်များ
တံတားဒီဇိုင်းTruss bridge (old)
အသုံးပြုပစ္စည်းIron, cement
စုစုပေါင်းအရှည်၂၈၈.၃၅ m (၉၄၆ ft)
အကျယ်၁၄ m (၄၆ ft)
တံတားအခန်းရေ5 (old)
သမိုင်းကြောင်း
လုပ်ငန်းပြီးဆုံးချိန်1924 (old)
ကုန်ကျငွေRs.2.6 billion
ဖွင့်ပွဲကျင်းပသည့်နေ့၂၂ မတ် ၂၀၁၃ (၂၀၁၃-၀၃-၂၂) (new)
စာရင်းအင်း
နေ့စဉ်ယာဉ်အသုံးပြုမှု10,000 per day (approx)

ကယ်လေဒီတံတား (လေဒီမန်းနင်းတံတား ဟုလည်း သိကြ) သည် သီရိလင်္ကာနိုင်ငံအရှေ့ပိုင်းရှိ တံတားတစ်စင်း ဖြစ်သည်။ ၎င်းသည် ဘတ်တိကာလိုအာမြို့ရှိ ဘတ်တိကာလိုအာရေအိုင်၌ ဖြတ်သန်းဖောက်လုပ်ထားသည်။ တံတားသည် A4 ကိုလံဘို - ဘတ်တိကလိုအာအမြန်လမ်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

တံတားကို ၁၉၂၄ ခုနှစ်တွင် ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုအောက်တွင် တည်ဆောက်ခဲ့သည်။[၁] သီရိလင်္ကာ၏ ဗြိတိသျှအစိုးရ William Manning ၏ ဇနီးအမည်ကို ဂုဏ်ပြုကာ တံတားအမည်ကို “လေဒီမန်းနင်းတံတား” ဟု အမည်ပေးခဲ့သည်။ သီရိလင်္ကာနိုင်ငံ၌ သက်တမ်းအကြာဆုံးနှင့် အရှည်ဆုံးသံတံတားတစ်ခု ဖြစ်သည်။ [၂] It was the oldest and longest iron bridge in Sri Lanka.[၃] လမ်းကြောင်းတစ်ခုတည်းသာရှိသည့် ဤတံတားပေါ်မှ နေ့စဉ်ပျမ်းမျှအားဖြင့် ယာဉ်အစီးရေ ၁၀၀၀၀ ဖြတ်သန်းနေကြသည်။ တံတားပေါ်တွင် ဖြစ်ပွားလျက်ရှိသည့် မတော်တဆမှုများသည် ထိုဒေသရှိ ယာဉ်ကြောဆိုင်ရာပြဿနာများကို ဖြစ်ပေါ်စေသည်။

ဘတ်တိကိုလိုအာ၏ သီချင်းဆိုသည့်ငါး ရာဇဝင်ဒဏ္ဍာရီသည် ဤတံတားနှင့် ဆက်စပ်လျက်ရှိသည်။[၂] ၁၉၅၄ ခုနှစ်တွင် ဘတ်တိကလိုအာ၊ မိုက်ကယ်ကောလိပ်မှ အမေရိကန်ဘုန်းတော်ကြီးနှစ်ပါးဖြစ်သည့် Rev. Fr. Lang and Rev. Fr. Moran တို့သည် တံတားအောက်၌ ငါးများသည် သီချင်းဆိုနေကြသည်ကို မှတ်တမ်းယူခဲ့သည်။ ထိုငါးများ၏ မှတ်တမ်းကို ၁၉၆၀ ခုနှစ်တွင် ရေဒီယိုသီရိလင်္ကာမှ ထုတ်လွှင့်ခဲ့သည်။[၄][၅]

၂၀၀၆ ခုနှစ်တွင် တံတားအဟောင်းနှင့် အပြိုင် တံတားအသစ်တစ်ခုကို တည်ဆောက်ရန် အစီအစဉ်ဆွဲခဲ့သည်။[၆][၇] တံတားအသစ်တည်ဆောက်မှုကို ၂၀၀၈ ခုနှစ်၊ မတ်လတွင် စခဲ့သည်။ [၈]စာချုပ်ချုပ်သူနှင့် ပတ်သက်သည့် ပြဿနာများသည် အခြားနောက်ထပ် စာချုပ်ချုပ်မည့်သူ၏အချိန်းအချက်ကို လိုအပ်သည်။[၉] တံတားအသစ်ကို ၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့သည်။ [၁၀]

လမ်းကြောင်းနှစ်ခု ပါသည့် တံတားအသစ်သည် အရှည် ၂၈၈.၃၅ မီတာ (၉၄၆ အေ) နှင့် အကျယ် ၁၄ မီတာ (၄၆ ပေ) ရှိသည်။[၁၁] တံတားတည်ဆောက်မှုကုန်ကျစရိတ်သည် ရူပီ ၂.၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၀ သန်း) ရှိသည်။ ၎င်းကို Japan International Cooperation Agency က ဆင်းရဲသည့်အရှေ့ပိုင်းဖွံ့ဖြိုးရေးစီမံကိန်းအရ ငွေကြေးငှားရမ်းခဲ့သည်။[၁၂][၁၃]

ပြင်ပလင့်များ[ပြင်ဆင်ရန်]

  • Wikimedia Commons ရှိ Kallady Bridge နှင့်ပတ်သက်သော မီဒီယာများ

ကိုးကား[ပြင်ဆင်ရန်]

  1. Aloysius၊ Carol။ "A glimpse into beautiful Batticaloa"၊ 8 May 2011။ 22 May 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 4 March 2016။ 
  2. ၂.၀ ၂.၁ Jeyarajah၊ S. E. (2005)။ City Profile: Batticaloa Municipal CouncilUnited Nations Development Programme/United Nations Human Settlements Programme/Ministry of Urban Development & Water Supply, Sri Lanka။ 27 March 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 May 2021 တွင် ပြန်စစ်ပြီး။
  3. Packiyanathan၊ Sivam။ "Repair work on the Kallady bridge"၊ 7 December 2011။ 
  4. V.၊ Kirishna။ "Batti’s path to recovery"၊ 24 June 2012။ 22 May 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 3 July 2013။ 
  5. Dole၊ Nilma။ "Calm Kallady"၊ 5 July 2009။ 22 May 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 4 March 2016။ 
  6. "Japan provides Rs.19,400 mn for three projects"၊ 3 March 2006။ 22 May 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 13 April 2013။ 
  7. "Japan pledges Rs. 19.4 b support"၊ 3 March 2006။ 22 May 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 30 March 2013။ 
  8. Caldera၊ Imantha။ "Work on Kallady bridge begins"၊ 2 March 2008။ 22 May 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 4 March 2016။ 
  9. "Sri Lankan government to open new Japan-funded Kalladi Bridge in Batticaloa next year"၊ 14 July 2012။ 22 May 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 11 November 2018။ 
  10. Sri Abeyratne၊ Dharma။ "Newly constructed Kalladi Bridge opened: Country on rapid development track"၊ 23 March 2013။ 22 May 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 26 March 2013။ 
  11. Japan Aided Project Management UnitRoad Development Authority။ 2013-03-02 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  12. Mudugamuwa၊ Maheesha။ "Connecting north and south Batticaloa New Kalladi Bridge opens Friday"၊ 20 March 2013။ 22 May 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 11 November 2018။ 
  13. "Sri Lankan President opens new Japan-funded Kalladi Bridge in East"၊ 22 March 2013။ 22 May 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 25 March 2013။