မာတိကာသို့ ခုန်သွားရန်

ထုံး

ဝီကီပီးဒီးယား မှ
(ကယ်လဆီယမ် အောက်ဆိုက် မှ ပြန်ညွှန်းထားသည်)
Calcium oxide
Calcium oxide
အမည်
IUPAC name
Calcium oxide
အခြားအမည်များ
Quicklime, burnt lime, unslaked lime, pebble lime
အမှတ်အသားများ-->

--> -->

-->

----- templatepar -----

-->

CAS Number
1305-78-8
ChEBI CHEBI:31344
ChEMBL ChEMBL2104397
ChemSpider 14095
Gmelin Reference
485425
Jmol 3D model Interactive image
PubChem 14778
RTECS number EW3100000
UNII C7X2M0VVNH
UN number 1910
ဂုဏ်သတ္တိများ
CaO
Molar mass 56.0774 g/mol
ရုပ်အဆင်း White to pale yellow/brown powder
အနံ့ Odorless
သိပ်သည်းမှု 3.34 g/cm3[]
အရည်ပျော်မှတ် ၂,၆၁၃ ဒီဂရီ စင်တီဂရိတ် (၄,၇၃၅ ဒီဂရီ ဖာရင်ဟိုက်; ၂,၈၈၆ ကယ်လ်ဗင်)[]
ရေဆူမှတ် ၂,၈၅၀ ဒီဂရီ စင်တီဂရိတ် (၅,၁၆၀ ဒီဂရီ ဖာရင်ဟိုက်; ၃,၁၂၀ ကယ်လ်ဗင်) (100 hPa)[]
Reacts to form calcium hydroxide
ပျော်ဝင်မှု in Methanol Insoluble (also in diethyl ether, n-octanol)
အက်စစ် ပါဝင်မှု (pKa) 12.8
-15.0·10−6 cm3/mol
တည်ဆောက်ပုံ
cubic, cF8
သာမိုဓာတုဗေဒ
40 J·mol−1·K−1[]
−635 kJ·mol−1[]
ဆေးဝါးဗေဒ
QP53AX18 (WHO)
အန္တရာယ်
Safety data sheet Hazard.com
NFPA 704

0
0
0
 
Flash point Non-flammable []
US health exposure limits (NIOSH):
PEL (Permissible)
TWA 5 mg/m3[]
REL (Recommended)
TWA 2 mg/m3[]
IDLH (Immediate danger)
25 mg/m3[]
ဆက်စပ် ဒြပ်ပေါင်းများ
Other anions
Calcium sulfide
Calcium hydroxide
Other cations
Beryllium oxide
Magnesium oxide
Strontium oxide
Barium oxide
Except where otherwise noted, data are given for materials in their standard state (at 25 °C [77 °F], 100 kPa).
Infobox references

ထုံးသည် အဖြူရောင်ရှိသော အစိုင်အခဲဖြစ်၍ ဓာတုဗေဒ အခေါ်ဖြင့် ကယ်လ်ဆီယမ် ကာဗွန်နိတ် (CaCO3) ဟုခေါ်သည်။ ထုံးကျောက်(မြေဖြူဟုလည်းခေါ်သည်) ကို မီးဖိုတွင်ထည့်၍ အပူချိန် ဖာရင်ဟိုက် ၁၈ဝဝ ထိ မီးပြင်းတိုက်ပေးရသည်။

ထိုထုံးကျောက်ကို မီးပြင်းတိုက်လိုက်သောအခါ ကာဗွန်ဒိုင် အောက်ဆိုက်များ ထွက်သွားပြီးလျှင် မဖောက်ထုံး (ကယ်လ်ဆီယမ်အောက်ဆိုက် CaO) ဖြစ်လာသည်။ ဓာတုဗေဒ ညီမျှခြင်းဖြင့် CaCO3 = CaO + CO2 ဟု ဖော်ပြသည်။ ထိုမဖောက်ထုံးတွင် ရေထည့်လိုက်သောအခါ အလွန်ပူလာပြီး ထုံးသည် ကြေမွသွားကာ ဖောက်ထုံး (ကယ်ဆီယမ် ဟိုက်ဒြောက်ဆိုဒ် Ca(OH)2) ဖြစ်သွားသည်။ ယင်းကို ဓာတုဗေဒ ညီမျှခြင်းဖြင့် CaO + H2O = Ca(OH)2 ဟုဖော်ပြသည်။ ရေနှင့် ဖောက်ထုံးပျော်ဝင်ရည်ကို ထုံးရေကြည်ဟုခေါ်သည်။ ထုံးနို့သည် ထုံးရေကြည်နှင့် အရည်မပျော်သော ဖောက်ထုံးအရောဖြစ်သည်။

ထုံးအင်္ဂတေပြုလုပ်လိုသောအခါ မဖောက်ထုံးတွင် ရေထည့် ပြီးနောက် သဲနှင့် ရောစာကျောက်များကို ရော၍ အသုံးပြုနိုင်သည်။ ဖောက်ထုံးနှင့် သဲကို ရော၍လည်း ထုံးသရိုး အဖြစ် အုတ်စီရန်နှင့် နံရံချောရန် အသုံးပြုနိုင်သည်။ ထိုထုံးရောစာ သည် လေထဲမှ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပြီးလျှင် ထုံးကျောက် (ကယ်လ်ဆီယမ် ကာဗွန်နိတ် CaCO3) အဖြစ် အသွင်ပြောင်းကာ ခြောက်သွားသည့်အခါ အလွန်မာသော အင်္ဂတေကို ရရှိသည်။ ဓာတုဗေဒ ညီမျှခြင်းဖြင့် Ca(OH)2 + CO2 = CaCO3 + H2O ဟု ဖော်ပြသည်။ ထိုကဲ့သို့ ထုံးကျောက်မှ ဖောက်ထုံး၊ ဖောက်ထုံးမှ ထုံးကျောက်အင်္ဂတေ တပတ်လည်ခြင်းကို ထုံးသံသရာလည်သည်ဟု ခေါ်သည်။ ထိုပြင် ထုံးသည် သဲမှ ဆီလီကာနှင့်ပေါင်း၍ ကယ်လဆီယမ်ဆီလီကိတ် အဖြစ်လည်းကောင်း၊ ရွှံ့မှုံ့မှ အလူမီနာနှင့် ပေါင်း၍ ကယ်လ်ဆီယမ် ဆီလီကိတ် အဖြစ်လည်းကောင်း ဓာတ်ပြု အသွင်ပြောင်းသေးသည်။ ထိုပစ္စည်းများက ထုံးအင်္ဂတေကို ပိုမို မာကျောစေသည်။

ယခုအခါ ထုံးအစား ဘိလပ်မြေကိုသာ ပို၍ အသုံးများလာ ကြသည်။ သို့ရာတွင် အဆောက်အအုံ အဟောင်းများ ပြုပြင်ရာတွင် ရှေးဟောင်းပစ္စည်းများနှင့် လိုက်လျော ညီထွေ ဖြစ်စေရန် ထုံးကို အဓိက အသုံးပြုကြသည်။ ထို့အပြင် ထုံးသည် လူ၏ စွက်ဖက်မှုနည်းသော သဘာဝ ဒြပ်စင် တခု ဖြစ်ပြီး သဘာဝနှင့် သဟဇာတ ရှိမှု၊ ကာဗွန်စားရိတ် နည်းပါးခြင်း တို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့ကျစေရန် ထုံးကို ပြန်လည် အသုံးပြုရန် စိတ်ဝင်စားမှုများ တိုးလာလျက်ရှိသည်။

ထုံးသည် မီးပြင်းကိုခံနိုင်၏။ ထုံးသည် အယ်လ်ကာလီ သတ္တိ အလွန်ပြင်းသောကြောင့် အက်ဆစ်များကို ဓာတ်ပြယ်စေနိုင်သည်။ အယ်ကာလီများတွင် ထုံးသည် ဈေးအပေါဆုံးဖြစ်သည်။ ထို့ပြင် ကော့စတစ်ဆိုဒါ (NaOH)၊ ပိုတက်၊ အသီး အနှံနှင့်အသားများကိုလည်း စားပစ်နိုင်သေးသည်။ ထို့ကြောင့် အညစ်အကြေးများကို ရှင်းပစ်ရာတွင်လည်း ထုံးကိုအသုံးပြုကြသည်။ ထုံးကို အဆောက်အအုံနှင့် လမ်းများဆောက်လုပ်ရာ၌လည်းကောင်း၊ ထုံးဖြူဆေးသုတ်ရာ၌ လည်းကောင်း၊ မြေဩဇာများ ပြုလုပ်ရာ၌ လည်းကောင်း အသုံးပြုကြသည်။ ထို့ပြင် သားရေနယ်လုပ်ငန်းတွင် သားရေခွံ များမှ အမွေးများ ကျွတ်အောင် ပြုလုပ်ရာတွင်လည်း ထုံးကိုအသုံးပြုကြသည်။ ဖန်သားများပြုလုပ်ရာတွင်လည်း ထုံးကိုအသုံးပြုကြသည်။ မြေဆီလွှာတွင် အချဉ်ဓာတ် ပေါက်လာသောအခါ အချဉ်ဓာတ်ပြယ်စေရန်လည်း ထုံးကိုအသုံးပြုကြသည်။ ပိုးသတ်ဆေး အများအပြားတွင်လည်း ထုံးကိုအသုံးပြုကြသည်။ ထုံးကို သဲနှင့်ရော၍ အပူပြင်းတိုက်ပေးလျှင် အရည်ပျော်၍ ဖန်ရည်တစ်မျိုး ဖြစ်လာသည်။ ထုံးသည် သတ္တုပစ္စည်းအမြောက်အမြားကို ပျော်ဝင်စေနိုင်သည်။ ထို့ကြောင့် သံတွင်းထွက် ပစ္စည်းရိုင်းများမှ သံကို ထုတ်ယူရာတွင် ထုံးကျောက်များကိုထည့်၍ အသုံးပြုကြလေသည်။

မြန်မာနိုင်ငံတွင် ထုံးကျောက်ကို နေရာအနှံ့အပြား၌ တွေ့ရပေသည်။ ထုံးကျောက်မှ ထုံးကို ထုတ်ယူသုံးစွဲမှု အများဆုံးမှာ ဘိလပ်မြေ စက်ရုံကြီးများ ဖြစ်သည်။ မော်လမြိုင်မြို့ အရှေ့တောင်ဘက်ရှိ ကျိုက်မရောရွာတွင်လည်း ရာသီအလိုက် ထုံးလုပ်ငန်းကို လုပ်ကိုင်ကြသည်။ မန္တလေး၊ စစ်ကိုင်း၊ မြစ်ကြီးနား၊ ကျောက်ဆည်၊ ရွှေဘိုနှင့် အောက်ချင်းတွင်းခရိုင်များတွင် ထုံးလုပ်ငန်းများကို လုပ်ကိုင်ကြသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ Haynes၊ William M., ed. (2011)။ CRC Handbook of Chemistry and Physics (92nd ed.)။ Boca Raton, FL: CRC Press။ p. 4.55။ ISBN 1439855110
  2. Calciumoxid Archived 30 December 2013 at the Wayback Machine.. GESTIS database
  3. ၃.၀ ၃.၁ Zumdahl, Steven S. (2009)။ Chemical Principles 6th Ed.။ Houghton Mifflin Company။ p. A21။ ISBN 0-618-94690-X
  4. ၄.၀ ၄.၁ ၄.၂ ၄.၃ NIOSH Pocket Guide to Chemical Hazards #0093။ National Institute for Occupational Safety and Health (NIOSH)။
  5. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)