ကမ္ဘာ့သမိုင်း အနှစ်ချုပ်

ဝီကီပီးဒီးယား မှ

လူမူရေးရာနှင့် ယဉ်ကျေးမှု (၈၀ဝ၀-၁ ဘီစီအီး)[၁][ပြင်ဆင်ရန်]

(ဘီစီ – Before Common Era (သာမန်ကာလ မတိုင်မီ ခေတ်/ယေရှုခရစ် မမွေးမီ ခေတ်ကာလ) အတိုကောက်)

ဘီစီ ၈၀၀၀ ခန့် – တရုတ်ပြည်မှာ အိုး စလုပ်

ဘီစီ ၇၀၀၀ ခန့် – ကျောက်သံပတ္တမြားတွေမှာ ကြေးနဲ့ တွဲသုံး

ဘီစီ ၆၅၀၀ ခန့် – ဆဟာရတောင်ပိုင်း – ပထမဆုံး အာဖရိက အိုးစလုပ်

ဘီစီ ၃၁၀၀ ခန့် – ဆူမာရီယန်များရဲ့ စာပေအရေးအသား စတင်ထွန်းကား

ဘီစီ ၃၀၀၀ ခန့် – အီဂျစ်မှာ အရုပ်စာရေးနည်း စတင်ထွန်းကား

ဘီစီ ၂၆၀၀ ခန့် – မက်ဆိုပိုတေးနီးယားမှာ အစောဆုံး ဖန်ပုတီးစလုပ်

ဘီစီ ၂၅၅၀-၂၅၂၅ ခန့် – အီဂျစ်မှာ မဟာပိရမစ်ကြီးများ စတင်ဆောက်လုပ်

ဘီစီ ၂၀၀၀ ခန့် – ခရိကျွန်းမှာ မိနိုအန်တို့ရဲ့ ပုံသင်္ကေတစာရေးနည်း စပေါ်

ဘီစီ ၁၉၀၀ ခန့် – ဘေဘီလိုနီးယားမှာ ဂီလ်ဂါမက်ရှ် ကဗျာရှည်မော်ကွန်း စရေး

ဘီစီ ၁၇၈၀ ခန့် – ဟမ်မူရာဘီ၏ ကိုဓ ဥပဒေ (Legal Code) ပြဋ္ဌာန်း

ဘီစီ ၁၆၀၀-၁၄၀၀ ခန့် – မီနိုအန် ခရိကျွန်းမှာ အက္ခရာစဉ်ဖြင့် စာရေးသားမှု စတင်

ဘီစီ ၁၅၀၀ ခန့် – အီဂျစ်မှာ ဖန်အိုးဖန်ခွက် စလုပ်

ဘီစီ ၁၂၀၀ ခန့် – အိန္ဒိယမှာ ဝေဒကျမ်းများ ပြုစု

ဘီစီ ၁၂၀၀ ခန့် – တမန်တော် မိုးဇက်ရဲ့ ပညတ်တော် ၁၀ ပါး

ဘီစီ ၁၁၀၀ ခန့် – ပိုလီနီရှန်းတို့ရဲ့ စာအရေးအသား အက္ခရာ စထွင်

ဘီစီ ၁၀၀၀ ခန့် – တရုတ် မှင်ရေးဆေးခြယ်အတတ်စတင်

ဘီစီ ၉၀၀ ခန့် – ဂရိတွင် အပိန်၊ အဖောင်း၊ အထု အရှည်ပုံသွင်းသော အိုးများ စလုပ်

ဘီစီ ၇၇၆ ခန့် – အိုလံပစ် အားကစားပွဲများ စတင်ကျင်းပ

ဘီစီ ၇၅၀ ခန့် – ကဗျာဆရာကြီး ဟိုးမားက အီလိယက်နှင့် ဩဒက်စီ ကဗျာကြီး ရေးသား

ဘီစီ ၆၂၃-၅၄၃ ခန့် – သိဒ္ဓတ္ထ ဂေါတမ (ဗုဒ္ဓ)

ဘီစီ ၆၀၄-၅၃၁ – တာအိုဝါဒကို တည်ထောင်သူ တရုတ်ပညာရှိ လောက်ဇူ

ဘီစီ ၆၀၀ ခန့် – အိန္ဒိယတွင် ဥပနိသျှကျမ်းများ ပြုစု

ဘီစီ ၆၀၀ ခန့် – မာယန်တို့က တစ်ကယ်လ်တွင် ဘုရားကျောင်းများ ဆောက်လုပ်

ဘီစီ ၅၈၅ – အနောက်တိုင်းတွင် ပထမဆုံး တွေးခေါ်ပညာရှင်ဟု ယူဆရသူ သေးလိစ် (Thales) က နေစင်္ကြာဝဠာ၏ လှည့်လည်သွားလာပုံကို စတင်ဟောကိန်းထုတ်

ဘီစီ ၅၇၀ ခန့် – အီစွတ်ပုံပြင်များ စပေါ်

ဘီစီ ၅၇၀ ခန့် – ဂရိကဗျာဆရာမ ဆပ်ဖို (Sappho) ကွယ်လွန်



ဘီစီ ၅၅၁-၄၇၉ – ကွန်ဖြူးရှပ်

ဘီစီ ၅၅၀ ခန့် – ပါရှားတွင် ဇရသုတ္တရဝါဒထွန်းကား

ဘီစီ ၅၂၅-၄၆၅ – ဂရိ ပြဇာတ်ဆရာ အက်စကီးလပ်စ် (Aeschylus)

ဘီစီ ၅၀၀ ခန့် – ဒယ်လ်ဖီတွင် ပွဲကြည့်စင်ကြီးဆောက်

ဘီစီ ၄၉၆-၄၀၆ – ဂရိ ပြဇာတ်ဆရာ ဆိုဖိုကလိစ် (Sophocles)

ဘီစီ ၄၈၄-၄၀၆ – ဂရိပြဇာတ်ဆရာ ယူရီပီးဒက်စ် (Euripedes)

ဘီစီ ၄၂၇-၃၄၇ – တွေးခေါ်ပညာရှင် ပလေတို၊ ဘီစီ ၃၉၇ တွင် အေသင်၌ အကယ်ဒမီထောင်

ဘီစီ ၃၉၉ – ဆိုကရေးတီး အဆိပ်သောက်သေရန် အပြစ်ပေးခံရ

ဘီစီ ၃၉၅ – သူစီဒီးဒက်စ် (Thucydides) ၏ ပေလိုပိုနီးရှန်း စစ်သမိုင်းကျမ်း ထွက်ပေါ်

ဘီစီ ၃၇၂-၂၈၉ – တရုတ်တွင် တွေးခေါ်ပညာရှင် မင်စီယပ်စ်က ကွန်ဖြူးရှပ်ဝါဒကို ချဲ့ထွင်

ဘီစီ ၃၅၀ ခန့် – အိန္ဒိယတွင် မဟာဘာရတ ကဗျာရှည် ထွက်ပေါ်

ဘီစီ ၃၄၁-၂၇၀ – ဂရိတွေးခေါ်ပညာရှင် အက်ပီကူးရပ်စ် (Epicurus)

ဘီစီ ၃၄၀ ခန့် – အရစ္စတိုတယ် ဂီတသီအိုရီများ ဖော်ထုတ်

ဘီစီ ၃၃၅ – အရစ္စတိုတယ် အေသင်မြို့တွင် လိုင်ကီယွန် (Lyceum) ပညာရေးအဖွဲ့အစည်း တည်ထောင်

ဘီစီ ၃၃၀ – မဟာအလက်ဇန်းဒါး အောင်နိုင်တန်ခိုးထွားသည့် ဟယ်လင်နစ်ခေတ် အစ

ဘီစီ ၃၂၀ ခန့် – ဂျော်ဒန်နိုင်ငံ ပက်ထရာ၌ နာဘာတေရန် ကျောက်ဂူအတွက် ကျောက်များကို ထွင်း

ဘီစီ ၃၀၀ ခန့် – တွေးခေါ်ပညာရှင် ဇီနိုက စတိုးအစ် ဒဿနဂိုဏ်းကို ဦးဆောင်

ဘီစီ ၃၀၀ ခန့် – အလက်ဇန်းဒရီးယားတွင် မဟာစာကြည့်တိုက်ကြီး ထူထောင်

ဘီစီ ၂၅၆ – အိန္ဒိယနိုင်ငံ မောရိယအင်ပါယာတွင် ဗုဒ္ဓဝါဒသည် နိုင်ငံတော်ဘာသာဖြစ်လာ

ဘီစီ ၂၅၀ ခန့် – အိန္ဒိယတောင်ပိုင်းတွင် ထေရဝါဒ ဗုဒ္ဓဘာသာထွန်းကား

ဘီစီ ၂၁၅ – တရုတ်တွင် မဟာတံတိုင်းကြီး စတင်တည်ဆောက်

ဘီစီ ၂၁၀ ခန့် – အိန္ဒိယမြောက်ပိုင်းတွင် မဟာယာန ဗုဒ္ဓဘာသာ ထွန်းကား

ဘီစီ ၂၀၀ ခန့် – ဟီဗရူးကျမ်းစာမှ စာသားများ ပါဝင်သော ပေစာလိပ်များ ပင်လယ်သေအနီး တွေ့ရှိ

ဘီစီ ၂၀၀ ခန့် – ရိုဆက်တာကျောက်စာကို သုံးဘာသာဖြင့် ရေးထွင်း

ဘီစီ ၁၉၅-၁၅၉ – ရောမ ပြဇာတ်ဆရာ တားရန့်စ် (Terence)

ဘီစီ ၁၃၆ – တရုတ်အစိုးရ ကွန်ဖြူးရှပ်ဝါဒကို လက်ခံအသုံပြု

ဘီစီ ၁၂၀ ခန့် – ဗီးနပ်စ်နတ်သမီး ရုပ်တု ထုဆစ်

ဘီစီ ၇၀-၁၉ – ရောမ ကဗျာဆရာ ဗာဂေးလ် (Virgil)

ဘီစီ ၅၉-၁၇ – အီတလီသမိုင်းဆရာ လေဗီ ရောမသမိုင်းကျမ်းကိုပြုစု

ဘီစီ ၅၀ ခန့် – အိန္ဒိယတွင် ဘဂဝါဂီတကျမ်း ထွက်ပေါ်

ဘီစီ ၂၄ – ဟိုးရေ့စ် (Horace) ၏ ပထမဆုံးကဗျာကျမ်း အိုဒက်စ် (Odes) ထွက်ပေါ်

ဘီစီ ၄ ခန့်-သာမန်ကာလခေတ် ၃၀ ခန့်- ယေရှုခရစ်


ကိုးကား[ပြင်ဆင်ရန်]