ကမ္ဘာ့ဗုဒ္ဓဘာသာသံဃာ့ကောင်စီ

ဝီကီပီးဒီးယား မှ

ကမ္ဘာ့ဗုဒ္ဓဘာသာသံဃာ့ကောင်စီ (World Buddhist Sanga Council, WBSC) သည် သည် အပြည်ပြည်ဆိုင်ရာအစိုးရမဟုတ်သည့်အဖွဲ့အစည်း (NGO) တစ်ခု ဖြစ်သည်။ ကမ္ဘာတစ်လွှားရှိ မတူညီသည့် ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်မှုနှင့် သာသနာ့ဆိုင်ရာအဖွဲ့များကို ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသည်။ ဗုဒ္ဓသာသနာပြန့်ပွားရေးအတွက် ဆောင်ရွက်မှုများကို ကူညီလုပ်ဆောင်ပေးလျက်ရှိသည်။ ၁၉၆၆ ခုနှစ် မေလတွင် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တွင် ဤအဖွဲ့အစည်းကို တည်ထောင်ခဲ့သည်။

အဖွဲ့၏ လက်ရှိဥက္ကဋ္ဌမှာ ထိုင်ဝမ်နိုင်ငံမှ Liao Zhong (釋了中) ဖြစ်သည်။ စေတနာ့ဝန်ထမ်းအဖြစ်ဆောင်ရွက်နေသည့် ဥက္ကဋ္ဌများမှာ ဟောင်ကောင်မှ Sik Kok Kwong (釋覺光), ကနေဒါမှ Tam-Chau တို့ ဖြစ်ကြသည်။ အဖွဲ့ဝင်များ၏ အကြီးအကဲခေါင်းဆောင်များမှာ Ven. K. Sri Dhammananda (ကွယ်လွန်ပြီး) နှင့် Ven. Somdej Phra Buddhacarya (deceased) (ကွယ်လွန်ပြီး) တို့ဖြစ်ကြသည်။

ကိုယ်စားလှယ်အဖွဲ့ဝင်နိုင်ငံများ[ပြင်ဆင်ရန်]

ကမ္ဘာ့ဗုဒ္ဓဘာသာသံဃာ့ကောင်စီအဖွဲ့ဝင်နိုင်ငံများမှာ ထေရဝါဒ၊ မဟာယနနှင့် Vajrayana စသည့် ဗုဒ္ဓဘာသာများ ကိုးကွယ်ကြသည့် နိုင်ငံများ ဖြစ်ကြသည်။ ၎င်းနိုင်ငံများမှာ ဩစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီး၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ မကာအို၊ မလေးရှား၊ မွန်ဂိုလီးယား၊ မြန်မာ၊ နီပေါ၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ သီရိလင်္ကာ၊ ဆွီဒင်၊ ထိုင်ဝမ်၊ ထိုင်း၊ အင်္ဂလန်နှင့် အမေရိကန်နိုင်ငံတို့ ဖြစ်ကြသည်။

ထေရဝါဒနှင့် မဟာယာနကို တညီတညွတ်တည်း ဖြစ်စေသည့်အချက်များ[ပြင်ဆင်ရန်]

ပထမညီလာခံတွင် တည်ထောင်သူအတွင်းရေးမှူး Venerable Pandita Pimbure Sorata Thera သည် Ven. Walpola Rahula အား မတူကွဲပြားသည့် ယုံကြည်မှုများအား ညီညွတ်စေနိုင်သည့် လိုရင်းဖြစ်သည့် နည်းလမ်းအချက်အလက်များကို ဖော်ပြန်ရန် တောင်းဆိုခဲ့သည်။ ထိုအချက်အလက်များကို ကောင်စီသည် အကန့်အကွက်မရှိ ထောက်ခံခဲ့သည်။ ၎င်းတွင် မဟာယာနနှင့် ထေရဝါဒတို့အား တညီတညွတ်တည်းဖြစ်စေသည့် အချက် (၉) ချက် ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  • Walpola Rahula; The Heritage of the Bhikkhu; (New York, Grove Press, 1974); pp. 100, 1137-138
  • The Young Buddhist, Singapore : Buddha Yana Organization, 1982, p.161 -163