ကမ္ဘာဦး တိရစ္ဆာန်များ
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ (၈ စက်တင်ဘာ ၂၀၂၀) |
![]() | ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။(၈ စက်တင်ဘာ ၂၀၂၀) |


ကျွန်ုပ်တို့ မှီတင်းနေထိုင်သော ကမ္ဘာကြီး၏ သက်တမ်းသည် မည်ရွှေ့မည်မျှ ရှိခဲ့ပြီဟု မည်သူ မျှ မခန့်နိုင်သေးချေ။ သို့ရာတွင် ကမ္ဘာတည်လာသည်မှာ နှစ်ပေါင်း သိန်း၊ သန်းမက ကြာရှည်လာပြီ ဖြစ်ကြောင်းကား ထင်ရှားပေသည်။ ယနေ့အခြေအနေမျိုးသို့ရောက်ရှိအောင် နှစ်ပေါင်းမည်မျှ၊ ခေတ်ပေါင်းမည်မျှ သဘာဝတရားက ဖန်တီး ပြုပြင်ပေးခဲ့ရသည်ကို မှန်းဆ၍သာ ကျေနပ်ရလေသည်။ ယခုခေတ်တွင် တိုးတက်နေသောခေတ်ဖြစ်၍ လူများ သည်လည်း အစစအရာရာတွင် တိုးတက်နေကြသည့်အလျောက် ရှေးက မသိဘူးသောအရာများကို သိရှိနိုင်ကြ၏။ အတတ်ပညာ အမျိုးမျိုးကို သိရှိနိုင်ကြ၏။ အတတ်ပညာ အမျိုးမျိုး ထွန်းကားနေသဖြင့်လည်း အစစအရာရာ၌ လက်တွေ့စုံစမ်း ရှာဖွေကြ၏။ သို့ဖြစ်လေရာ မိမိတို့နေထိုင်ကြသော ကမ္ဘာကြီး ၏ နောက်ကြောင်းကိုလည်း ပြန်လည်သုံးသပ်ကြ၏။ ကမ္ဘာဦး အခါက လူများမည်ကဲ့သို့ နေထိုင်ကြသည်၊ ကမ္ဘာပေါ်တွင် မည်ကဲ့သို့သော အခြေအနေမျိုး ဖြစ်ပေါ်သည်၊ မည်သို့မည်ပုံ တိုးတက်ပြောင်းလဲလာသည် စသော ပြဿနာရပ်များကို အဖြေ ရှာကြ၏။ အထူးသဖြင့် နိုင်ငံသမိုင်းဆရာတို့သည် အကြောင်း အကျိုး အမျိုးမျိုးကို တွေးတောဆင်ခြင်၍၎င်း၊ မြေကြီးများကို တူးဖော်၍၎င်း၊ ရှေးဟောင်းပစ္စည်းများကို ဆက်စပ်၍၎င်း၊ ကမ္ဘာနောက်ကြောင်း အခြေခံသမိုင်းကို ဆက်စပ်ကြည့်ကြ၏။ ခေတ်မီနိုင်ငံများ၌မူကား နိုင်ငံအစိုးရကိုယ်တိုင်ကပင် ငွေကြေး မြောက်မြားစွာ အကုန်အကျခံပြီးလျှင် ရှေးဟောင်းပစ္စည်းများကို တူးဖော်စေသည်။ တူးဖော်ရရှိသော ဝတ္တုပစ္စည်းများကိုလည်း ပျောက်ပျက်မသွားစေရန် ပြတိုက်ကြီးများ၌ ကောင်းစွာ ထိန်းသိမ်းထားလေသည်။ လန်ဒန်မြို့ရှိ ပြတိုက်ကြီး၊ နယူးယော့ မြို့ရှိ သဘာဝသမိုင်းပြတိုက်ကြီးများတွင် မြေအောက်မှ တူးဖော်ရရှိသော ကျောက်များမှ ထွင်းယူရရှိသော အရာဝတ္တု ပစ္စည်းများကို ပကတိ အနေအထားဖြစ်အောင် ပုံသွန်း၍ ထားသဖြင့် ကျွန်ုပ်တို့ တွေ့ရှိနိုင်သည်။ မြေကြီးများကို တူးဖော် ရာ၌၎င်း၊ ကျောက်များကို ထွင်းသောအခါ၌၎င်း၊ ရှေးဦးကမ္ဘာ တွင် ကျက်စားခဲ့သည့် သတ္တဝါများ၏ အရိုးများ၊ အရိုးစုများကို တွေ့ရှိရပေသည်။ ထိုအရိုးများကို ဆက်ကြည့်သောအခါ ထို ခေတ်က တိရစ္ဆာန်များ၏ ပုံပန်းသဏ္ဌာန်ကို အကြမ်းအားဖြင့် တွေ့ရှိနိုင်သည်။
လွန်ခဲ့သော နှစ်ပေါင်း သိန်း၊ သန်းမကသည့် အခါက ကမ္ဘာပေါ်တွင် လူဟူ၍ မရှိသေးချေ။ ထိုခေတ်ကို ကမ္ဘာဦး ခေတ် (ဝါ) သမိုင်းမတင်မီခေတ်ဟု ခေါ်ဆိုကြ၏။ လူမပေါ် ပေါက်သေးသည့်ကမ္ဘာ၌ တိရစ္ဆာန်များသာ ရှေးဦးစွာ နေထိုင် ကျက်စားခဲ့ကြောင်းကို စူးစမ်းရှာဖွေကြရာမှ ခိုင်လုံသော အထောက်အထားများကို တွေ့ရှိရလေသည်။
ကမ္ဘာမြေပေါ်ရှိ ကျောက်အမျိုးမျိုးကို ထုခွဲကြည့်ရှုခြင်းဖြင့် ဘူမိဗေဒဆရာများသည် ကမ္ဘာပေါ်၌ ခေတ်အသီးသီးတွင် ကျက်စားခဲ့သော သတ္တဝါများအကြောင်းကို သရုပ်နှင့်တကွ ဖော်ထုတ်နိုင်ခဲ့ပေသည်။ သို့ရာတွင် အတိအကျ မှန်ကန်သည် ဟု မပြောနိုင်ဘဲ အမှန်းအဆမျှသာ ဖြစ်ပေသည်။ အဘယ် ကြောင့်ဆိုသော် ရှေးခေတ် တိရစ္ဆာန်တိုင်း၏ အစအနများကို ကျောက်များ၌ မတွေ့ရဘဲ အချို့အဝက်သာ တွေ့ရသောကြောင့် ဖြစ်ပေသည်။ ထိုသို့ ကျောက်များ၌ ကျန်ရစ်ခဲ့သော အရိုး အဆစ်အပိုင်းများကို ပုံသွန်းဆက်စပ်ကြည့်ခြင်းအားဖြင့် ရှေးခေတ် တိရစ္ဆာန်များ၏ သဏ္ဌာန်ကို သရုပ်ဖော်ရလေသည်။ ကမ္ဘာပေါ်၌ ပထမဆုံးနေထိုင်သည်ဟု ယုံကြည်ရသော သက်ရှိသတ္တဝါများမှာ အသက်ရှိသည့် သာမန် အင်္ဂါစု ကလေး များသာ ဖြစ်ကြ၍ ထူးဆန်းသည်ဟု မဆိုသာချေ။ နှစ်ပေါင်း များစွာတိုင်အောင် ထိုအင်္ဂါစုကလေးများသည် ကမ္ဘာပေါ်တွင် နေထိုင်ကြပြီးနောက် တိမ်ကောသွားကြ၏။ ထိုအခါ ကျောရိုးရှိ သတ္တဝါများ၊ နို့တိုက်သတ္တဝါများလည်း မရှိသေးချေ။ ထိုအခါက ရှိခဲ့သော သတ္တဝါများမှာ ကျောရိုးမဲ့သတ္တဝါများသာ ဖြစ်လေသည်။
ထိုကျောရိုးမဲ့သတ္တဝါများသည် ကုန်းပေါ်၌မနေကြဘဲ ရေ၌သာ ကျက်စားကြ၏။ သို့ရာတွင် ယင်းတို့အား ငါးဟု လည်း မခေါ်ဆိုနိုင်ချေ။ ထူးဆန်းသော ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ရေထဲ၌ ကျက်စားကြ၏။ ထိုသတ္တဝါ တဖြည်းဖြည်း တိမ်ကော ပပျောက်သွားသောအခါ ကျောရိုးရှိစပြုသော သတ္တဝါများ ပေါ် လာသည်။ ပိုးမွှားများလည်း ဖြစ်ပေါ်လာသည်။
ထိုနောက် နှစ်ပေါင်းများစွာကြာသောအခါ ငါးခေတ်သို့
ရောက်လာလေသည်။ အင်္ဂလန်ပြည်၊ ဒက်ဗွန်ရှိုင်ယာနယ်ရှိ
ကျောက်များသည် ထိုခေတ်က ငါးများအကြောင်းကို ဖော်ပြပေ
သည်။ ငါးခေတ်တိမ်ကောပြီးနောက် နှစ်ပေါင်းများစွာ ကြာ
သောအခါ တွားသွားကောင်ခေတ်သို့ ရောက်လာသည်။
ပထမဆုံးတွားသွားကောင်များသည် ကုန်းပေါ်၌၎င်း၊ ရေပေါ်
၌၎င်း၊ ကျက်စားသောသတ္တဝါများ ဖြစ်၏။ ယခုခေတ် တွေ့ရှိ
ရသော မိကျောင်းခေါင်းတိုနှင့် ဖွတ်ပုတတ်မျိုးတို့သည်
ထိုခေတ်က တွားသွားကောင်များနှင့် သဏ္ဌာန်တူသည်။
နောက်တခေတ်တွင်ကား ကမ္ဘာပေါ်၌ အလွန်ကြီးမားသော
တွားသွားကောင်များ ကြီးစိုးလာသည်ကို တွေ့ရသည်။ အထူး
သဖြင့် ဒိုင်နိုဆောကောင်ကြီးများ ပေါများလေသည်။ အချို့မှာ
အသားစား၍ အချို့မှာ အသီးအရွက်များကိုသာ စားသည်။
ယင်းသို့အားလုံးပင် ယခုခေတ်တွားသွားကောင်များကဲ့သို့
သွေးအေးသတ္တဝါများဖြစ်၍ ဥမှ ပေါက်ပွားကြသည်။
ထိုခေတ်က တွားသွားကောင်များသည် ကိုယ်လုံးကိုယ်ထည်
ကြောက်မက်ဖွယ်ရာကြီးမားလှသည်။ အချို့မှာ အလျားပေ ၈ဝ
ကျော်လေသည်။ သို့ရာတွင် အရွယ်ကြီးသလောက် ဦးနှောက်
သေးငယ်၍ ဉာဏ်မရှိကြချေ။ ထိုခေတ်အတွင်းမှာပင် တွားသွား
ကောင်များမှ တဖြည်းဖြည်း ငှက်များပေါ်လာသည်ကို တွေ့ရ
သည်။ ပထမဦးဆုံးသော ငှက်များ၌ သွားများ ရှိသည်ကို
တွေ့ရသည်။ ထိုခေတ်မှာပပင် နို့တိုက်သတ္တဝါများလည်း
ပေါ်ပေါက်လာလေသည်။ နို့တိုက်သတ္တဝါများသည် သွေးနွေး
သတ္တဝါများဖြစ်၍ ကလေးမွေးပြီးလျှင် ပြုစုတတ်သည်။
တွားသွားကောင်များထက် ဉာဏ်ကောင်း၍ လျင်မြန်စွာ ပြန့်ပွား
လေသည်။ ထိုအခါ ဒိုင်နိုဆောကောင်များ တိမ်ကော၍
မျိုးပြုတ်သွားလေသည်။
တစ်ခြားယူဆချက် တစ်မျိုးမှာ လွန်ခဲ့တဲ့ ၆၅သန်းခန့်က ဥက္ကာခဲကြီး တစ်ခု ကမ္ဘာ ဝင်တိုက်ခဲ့ရာမှ ဒိုင်နိုဆောများ အဆိပ်သင့် မီးလောင် မျိုးသုန်းခဲ့ကြောင်း ယခုလေ့လာတွေ့ရှိသော မှတ်တမ်းများအရ သိနိူင်သည်။
ထိုခေတ်တွင် ငှက်များ၊ ပိုးမွှားများ၊ အပင်များလည်း ပေါ်လာ၍ ယနေ့ထက် တိုင် တွေ့ရှိရလေသည်။ ကမ္ဘာ့ဥတု ရာသီပြောင်းလဲ၍ နောက်ဆုံးအဆင့်တွင်ကား မျောက်များနှင့် ကမ္ဘာလူဦးများ ပေါ်ပေါက်လာ၏။
ဤသို့ သက်ရှိသတ္တဝါတို့ ဆင့်ကဲဖြစ်ပေါ်နေကြသည့် အချိန်တွင် ကမ္ဘာမြေပြင်၊ ရေပြင်တို့သည်လည်း အမျိုးမျိုး ဖြစ် ပေါ်ပြောင်းလဲခဲ့သည်။ ဆိုခဲ့သော သတ္တဝါများ၏ ခေတ်အခါက ကမ္ဘာ့ပထဝီနှင့် ယခုခေတ် ကမ္ဘာ့ပထဝီတို့သည် မတူတော့ချေ။ ရေပြင်၊ မြေပြင်အသစ်တို့သည် ဖြစ်ပေါ်၍ အချို့ရေပြင်၊ မြေပြင်များ ပျောက်ကွယ်ခဲ့သည်များလည်း ရှိသည်။ သို့ရာတွင် အရွယ်အစား အကျယ်အဝန်းတို့တွင် ပြောင်းလဲသွားသော်လည်း ကမ္ဘာတည်စအခါမှ ယခုထက်တိုင် တည်ရှိနေသော အရပ်ဒေသ များလည်း ရှိပေသေးသည်။ ထိုကဲ့သို့သောဒေသများမှ ဖော်ပြခဲ့ သော ကမ္ဘာဦးတိရစ္ဆာန်ကြီးများမှာ နှစ်ပေါင်းသန်းနှင့်ချီ၍ မြေအောက်တွင် နစ်မြုပ်နေခဲ့သောကြောင့် ကျောက်များ ဖြစ်နေ ကြလေသည်။