ကမ္ဘာသစ်ကျမ်း (မြန်မာဘာသာပြန်)

ဝီကီပီးဒီးယား မှ

ခေတ်သုံးဘာသာစကားနဲ့ ရေးထားတဲ့ ကမ္ဘာသစ်ကျမ်းကို ၁၉၅၀ ပြည့်နှစ်ကနေစပြီး အပိုင်းလိုက် စတင်ထုတ်ဝေခဲ့တယ်။ ဇန်နဝါရီ ၁၃၊ ၂၀၁၇ မှာ သမိုင်းမှတ်တိုင်တစ်ခု ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို မြန်မာဘာသာစကားနဲ့ ထုတ်ဝေတ်ဝေခဲ့တယ်။ ဒီဘာသာပြန်ကျမ်းကို ဘာသာစကားပေါင်း ၁၃၀ ကျော်နဲ့ တိတိကျကျ ပြန်ဆိုထားပါတယ်။ ရှေးအကျဆုံးကျမ်းစာလက်ရေးစာမူတွေမှာ ဘုရားသခင့်နာမည် ၇,၀၀၀ ကျော် ပါဝင်ပြီး ကမ္ဘာသစ်ဘာသာပြန်ကျမ်းမှာ ဘုရားသခင့်နာမည်ကို မူလနေရာအတိုင်း ထည့်သွင်းပြန်ဆိုထားတယ်။ (ဗျာဒိတ် ၄:၁၁)

ဒီကျမ်းစာရဲ့ ထူးခြားချက်များ။[ပြင်ဆင်ရန်]

ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန်ဂရိကျမ်းစောင်ကို ၁၉၅၀ ပြည့်နှစ်မှာ အင်္ဂလိပ်လို ထုတ်ဝေခဲ့ပြီး တစ်အုပ်လုံးကိုတော့ ၁၉၆၁ ခုနှစ်မှာ ထုတ်ဝေခဲ့တယ်။ အဲဒီအချိန်ကစပြီး လူသန်းပေါင်းများစွာဟာ မူရင်းဘာသာစကားတွေကနေ ပြန်ဆိုထားတဲ့၊ တိကျပြီး ဖတ်ရလွယ်ကူတဲ့ သမ္မာကျမ်းစာကို ဘာသာစကားပေါင်း ၁၂၀ ကျော်နဲ့ ဖတ်ရှုပြီး အကျိုးခံစားနေကြတယ်။ ဒီနေ့ခေတ် စာဖတ်သူတွေရဲ့ စိတ်နှလုံးကို ထိမိစေတဲ့ ဘာသာစကားကို အသုံးပြုဖို့ လိုအပ်မှန်း ကမ္ဘာသစ်ဘာသာပြန်ကျမ်းကော်မတီက သိလာတယ်။ ဒါကြောင့် ဒီကျမ်းစာမှာ အောက်ပါအချက်တွေနဲ့အညီ ရေးဟန်နဲ့ ဝေါဟာရတချို့ ပြောင်းလဲပြန်ဆိုထားပါတယ်။

နားလည်ရလွယ်တဲ့ ခေတ်သုံးစကားကို အသုံးပြုခြင်း[ပြင်ဆင်ရန်]

ဟောင်းနွမ်းပြီး နားလည်ရခက်တဲ့ အသုံးအနှုန်းတွေကို နေ့စဉ်သုံး နားလည်လွယ်တဲ့ စကားတွေနဲ့ ပြန်ဆိုထားတယ်။ ဥပမာ၊ မြန်မာကျမ်းစာတချို့မှာပါတဲ့ “ဩတ္တပ္ပစိတ်” ဆိုတဲ့စကားလုံးဟာ နားလည်ရခက်တယ်၊ အဓိပ္ပာယ်လည်း မမှန်ဘူး။ ဒါကြောင့် ဒီကျမ်းစာမှာ “အမှားအမှန်သိစိတ်” လို့ပြန်ဆိုလိုက်တဲ့အခါ အဓိပ္ပာယ်မှန်ပြီး နားလည်ရလွယ်ကူတယ်။ (၁ ကောရိန္သု ၁၀:၂၅) “ဗတ္တိဇံ” ဆိုတဲ့ စကားလုံးကို “နှစ်ခြင်း” ဆိုပြီး ပြန်ဆိုထားတယ်။ (မဿဲ ၃:၇) ပြီးတော့ “မျောက်မထားခြင်း၊” “မျောက်မထားတဲ့မိန်းမ” စတဲ့ စကားနွမ်းတွေအစား “အိမ်ထောင်ရေးဖောက်ပြန်ခြင်း၊” “အိမ်ထောင်ရေးဖောက်ပြန်တဲ့ မိန်းမ” ဆိုပြီး ပြန်ဆိုထားတယ်။ (ပညာအလိမ္မာ ၆:၃၂။ ၃၀:၂၀) “ပတ္ထနာ” ဆိုတဲ့ စကားနွမ်းအစား “ဆုတောင်း” ဆိုတဲ့ ခေတ်သုံးစကားလုံးနဲ့ ပြန်ဆိုထားတယ်။—ဟဗက္ကုတ် ၃:၁။ လုကာ ၆:၁၂။ ရောမ ၁၂:၁၂။

ပိုရှင်းလင်းလာတဲ့ ကျမ်းစာအသုံးအနှုန်းများ။[ပြင်ဆင်ရန်]

မြန်မာကျမ်းစာအများစုမှာပါတဲ့ အသုံးအနှုန်းတချို့ဟာ အဓိပ္ပာယ်အမှန်ကို နားလည်နိုင်ဖို့ ထပ်ဆင့်ရှင်းပြချက်တွေ လိုအပ်တယ်။ ဥပမာ၊ ယေရှု သေဒဏ်စီရင်ခံရတဲ့ သစ်တိုင်ကို “လက်ဝါးကပ်တိုင်၊” “လက်ဝါးကားတိုင်” ဆိုပြီး ဖော်ပြထားတဲ့အတွက် ယေရှုဟာ ကြက်ခြေခတ်ကားတိုင်မှာ သေဆုံးတယ်လို့ လွဲမှားစွာ နားလည်ကြတယ်။ တကယ်တော့ ယေရှုဟာ သစ်တိုင်ပေါ် အသတ်ခံရတာဖြစ်လို့ ဒီကျမ်းမှာ “သစ်တိုင်” ဆိုပြီး ရိုးရိုးရှင်းရှင်း ပြန်ဆိုထားတယ်။ (မဿဲ ၂၀:၁၉။ ၂၇:၃၁၊ ၃၅) “သင်းထောက်၊” “ဓမ္မအမှုထမ်း” ဆိုတဲ့ အသုံးအနှုန်းကို “အသင်းတော် အမှုထမ်း” ဆိုပြီး ပြန်ဆိုလိုက်တဲ့အတွက် အဓိပ္ပာယ်မလွဲတော့ဘဲ နားလည်ရလွယ်ကူသွားတယ်။—၁ တိမောသေ ၃:၈၊ ၁၂။ ကိုယ်အင်္ဂါအစိတ်အပိုင်း ပကတိကျောက်ကပ်ကို ရည်ညွှန်းတဲ့အခါမှာ “ကျောက်ကပ်” ဆိုပြီး ဘာသာပြန်တယ်။ ဒါပေမဲ့ ဆာလံ ၇:၉၊ ၂၆:၂၊ ဗျာဒိတ် ၂:၂၃ တွေမှာ တင်စားချက်အနေနဲ့ သုံးတဲ့အခါမျိုးကျတော့ စာကိုယ်မှာ “အနက်ရှိုင်းဆုံး ခံစားချက်” ဆိုပြီး အဓိပ္ပာယ်ကို ပြန်ဆိုတယ်၊ မူရင်းကိုတော့ အောက်ခြေမှတ်ချက်မှာ ထည့်ထားတယ်။ “ဦးချို၊” “လည်ပင်းခိုင်မာ” စတဲ့ စကားလုံးတွေကိုလည်း အကြောင်းအရာပေါ် မူတည်ပြီး ပြန်ဆိုတယ်၊ မူရင်းကိုတော့ အောက်ခြေမှတ်ချက်မှာ ထည့်ထားတယ်။ (ယောဘ ၁၆:၁၅။ တရားဟောရာ ၉:၆) အသုံးအနှုန်းတချို့ကိုတော့ “ခက်ဆစ်” မှာ ရှင်းပြထားတယ်။

ဖတ်ရလွယ်ကူခြင်း။[ပြင်ဆင်ရန်]

ထီးသုံးနန်းသုံးစကားလုံးတွေနဲ့ ပြန်ဆိုထားတဲ့ မြန်မာကျမ်းစာအများစုဟာ အခုခေတ်လူတွေအတွက် နားလည်ရခက်လာတယ်။ ဒါကြောင့် ဒီကျမ်းကို မြန်မာလူမျိုးအများစု နေ့စဉ်ပြောဆိုတဲ့ စကားတွေနဲ့ ပြန်ဆိုထားတယ်။ ထီးသုံးနန်းသုံးစကားတွေ လိုအပ်သလောက်ပဲ သုံးတဲ့အတွက် နားလည်ရလွယ်ကူစေတယ်။ ဒါ့အပြင် ဒီကျမ်းစာမှာ “ကျွန်ုပ်၊” “သင်” စတဲ့ နာမ်စားတွေကို နေ့စဉ်သုံး “ကျွန်တော်၊” “ခင်ဗျား” ဆိုပြီး ပြန်ဆိုတယ်။ ဒါကြောင့် ကျမ်းစာမှတ်တမ်းတွေ ဖတ်တဲ့အခါ အတိတ်သမိုင်းကြောင်းတွေလို့ ရှုမြင်မယ့်အစား စိတ်ထဲမြင်ယောင်လာစေပြီး ကိုယ်တိုင်ပါဝင်နေသလို ခံစားရစေတယ်။ စာလုံးပေါင်းတချို့ကိုလည်း ဖတ်ရလွယ်အောင် ပြန်ဆိုထားတယ်။ ဥပမာ၊ “ဣသရေလ” အစား “အစ္စရေး၊” “သိနာ” အစား “ဆိုင်းနိုင်း၊” “အဲသယောပိ” အစား “အီသီယိုးပီးယား၊” “ဥဖရတ်” အစား “ယူဖရေးတီး” ဆိုပြီး ပြန်ဆိုတယ်။—ကမ္ဘာဦး ၃၂:၂၈။ ထွက်မြောက်ရာ ၁၉:၁။ တမန်တော် ၈:၂၇။ ကမ္ဘာဦး ၂:၁၄။ ဒါကြောင့် လူကြီးလူငယ်မရွေး ဒီကျမ်းစာကို ဖတ်ရတာ ပျော်မွေ့ပါလိမ့်မယ်။ ကျမ်းစာသားတွေကို ဆုတောင်းပြီး၊ အသေအချာ သုံးသပ်ပြီးမှ ပြောင်းလဲထားတာဖြစ်လို့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ကော်မတီရဲ့ ကောင်းမွန်လှတဲ့ပြန်ဆိုချက်ကို အလွန်လေးစားတဲ့စိတ်နဲ့ ပြန်ဆိုထားပါတယ်။

ဒီကျမ်းစာရဲ့ နောက်ထပ်ထူးခြားချက်များ–[ပြင်ဆင်ရန်]

ဒီကျမ်းမှာ အောက်ခြေမှတ်ချက်တွေ ပါဝင်ပြီး အောက်ပါအတိုင်း ခွဲခြားသတ်မှတ်ထားတယ်–“ဒါမှမဟုတ်” မူရင်းဟီဘရူး၊ အာရမိတ်၊ ဂရိစာသားတွေရဲ့ ခြုံငုံအဓိပ္ပာယ်ကို ဖော်ပြပေးတဲ့ ပြန်ဆိုချက် နောက်တစ်မျိုး။—ကမ္ဘာဦး ၃:၁ “သတိအကြီးဆုံးပဲ၊” ဟီဘရူး ၁၀:၂၄ “ထောက်ထားစာနာကြစို့၊” အောက်ခြေမှတ်ချက်တွေကို ကြည့်ပါ။“. . . လည်းဖြစ်နိုင်” မူရင်းစာသားရဲ့ ဖြစ်နိုင်ချေရှိတဲ့ အဓိပ္ပာယ် နောက်တစ်မျိုး။—ကမ္ဘာဦး ၂၁:၆ “ငါနဲ့အတူ ရယ်မောကြလိမ့်မယ်၊” ဇာခရိ ၁၄:၂၁ “ခါနန်လူ၊” အောက်ခြေမှတ်ချက်တွေကို ကြည့်ပါ။“မူရင်း” ဟီဘရူး၊ အာရမိတ်၊ ဂရိမှာပါတဲ့ မူရင်းစာသားအတိုင်း တိုက်ရိုက်ပြန်ဆိုချက်။—ကမ္ဘာဦး ၈:၂၁ “မွှေးကြိုင်တဲ့၊” ထွက်မြောက်ရာ ၃၂:၉ “ခေါင်းမာမှန်း၊” အောက်ခြေမှတ်ချက်တွေကို ကြည့်ပါ။ အဓိပ္ပာယ်နဲ့ နောက်ခံအချက်အလက်။ နာမည်တွေရဲ့ အဓိပ္ပာယ် (ကမ္ဘာဦး ၃:၁၇ “အာဒံ၊” ထွက်မြောက်ရာ ၁၅:၂၃ “မာရ”)၊ အလေးချိန်၊ အတိုင်းအတာတွေနဲ့ပတ်သက်တဲ့ အချက်အလက်များ (ကမ္ဘာဦး ၂၄:၂၂ “ရှယ်ကယ်”)၊ နာမ်စား (နာဟုံ ၁:၁၄ “မင်း”)၊ နောက်ဆက်တွဲနဲ့ ခက်ဆစ်မှာပါတဲ့ အချက်အလက်များ။—ကမ္ဘာဦး ၃၇:၃၅ “သင်္ချိုင်း၊” မဿဲ ၅:၂၂ “ဂေဟင်နာ။”ကျမ်းစာရဲ့ ရှေ့ဆုံးအပိုင်းမှာပါတဲ့ “သမ္မာကျမ်းစာကနေ သိရှိနိုင်ရာများ” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျမ်းစာအခြေခံသွန်သင်ချက်တွေကို ဖော်ပြထားတယ်။ ကျမ်းစောင် ၆၆ စောင်ပြီးတဲ့နောက် “ကျမ်းစာစောင် ဇယား၊” “ကျမ်းစာစကားလုံးများ အညွှန်း၊” “ခက်ဆစ်” ဆိုတဲ့အပိုင်းတွေ ပါတယ်။ ခက်ဆစ်က သတ်သတ်မှတ်မှတ် ကျမ်းစာအသုံးအနှုန်းတွေကို နားလည်ဖို့ ထောက်ကူပေးတယ်။ နောက်ဆက်တွဲ က မှာ “ကျမ်းစာဘာသာပြန် လမ်းညွှန်ချက်များ၊” “ဒီကျမ်းစာရဲ့ ထူးခြားချက်များ၊” “သမ္မာကျမ်းစာ ရရှိလာပုံ၊” “ဟီဘရူးကျမ်းစောင်တွေမှာပါတဲ့ ဘုရားသခင့်နာမည်၊” “ခရစ်ယာန်ဂရိကျမ်းစောင်မှာပါတဲ့ ဘုရားသခင့်နာမည်၊” “ဇယား– ယုဒနိုင်ငံနဲ့ အစ္စရေးနိုင်ငံရဲ့ ပရောဖက်များ၊ ဘုရင်များ၊” “ယေရှုရဲ့ မြေကြီးအသက်တာ အဓိကဖြစ်ရပ်များ” ပါဝင်တယ်။ နောက်ဆက်တွဲ ခ မှာ ကျမ်းစာလေ့လာတဲ့အခါ အထောက်အကူပြုတဲ့ မြေပုံတွေ၊ ဇယားတွေ၊ တခြားအချက်အလက်တွေ ပါဝင်တယ်။ ကျမ်းစောင်တိုင်းရဲ့အစမှာ မာတိကာပါတဲ့အပြင် သက်ဆိုင်ရာအခန်းငယ်တွေကိုပါ ဖော်ပြထားတဲ့အတွက် ကျမ်းစောင်တစ်ခုလုံးကို ခြုံငုံသိရှိစေတယ်။ စာမျက်နှာတိုင်းရဲ့ အလယ်ကော်လံမှာ သက်ဆိုင်ရာ ကျမ်းချက်တွေကို ညွှန်ပြတဲ့ ကျမ်းညွှန်းတွေ ပါတယ်။