ကမ္ဘာလုံးဆိုင်ရာစိတ်ကျန်းမာရေး

ဝီကီပီးဒီးယား မှ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှ စိတ်ကျန်းမာရေး ဟူသည်ကို 'လူတိုင်းလူတိုင်းမှ မိမိတို့၏ စွမ်းရည်ရှိသည့်အတိုင်း နေထိုင်ကောင်းမွန်မှုအခြေအနေတွင် ဘဝ၏စိတ်ပင်ပန်းစရာများကို ခံနိုင်ရည်ရှိပြီး အသီးအပွင့်ဖြစ်ထွန်းစေသော၊ ထုတ်လုပ်နိုင်စွမ်းရှိသော အလုပ်များကို လုပ်ကိုင်နိုင်ပြီး မိမိတို့ပတ်ဝန်းကျင် ကူညီထောက်ပံ့မှု ပြုနိုင်သည့် အခြေအနေဟု ဖွင့်ဆိုထားသည်'။ ကမ္ဘာလုံးဆိုင်ရာစိတ်ကျန်းမာရေး ဟူသည့်အသုံးအနှုန်းမှာ စိတ်ကျန်းမာရေး၏ သွင်ပြင်လက္ခဏာမျိုးစုံ အပေါ်တွင် အပြည်ပြည်ဆိုင်ရာရှုထောင့်ကို ရည်ညွှန်းသည်။

ကမ္ဘာနှင့်အဝှမ်းလူသားအားလုံးအတွက် စိတ်ကျန်းမာရေးတိုးတက်မှု၊ စိတ်ကျန်းမာရေးတွင် သာတူညီမျှမှုပေါ်တွင် ဦးစားပေးသော လေ့လာမှု၊သုတေသန နှင့် လေ့ကျင့်မှုတို့ပြုရာ အပိုင်း' အဖြစ် သတ်မှတ်ထားသည်။ ရိုးရာယဉ်ကျေးမှုကွဲပြားမှုများနှင့် တိုင်းပြည်အလိုက်အထူးပြုထားသောအခြေအနေတို့ ကိုမှတ်သားယူ၍ နိုင်ငံအများအပြားတွင် စိတ်ရောဂါများ ဖြစ်ပေါ်ပျံ့နှံ့နေမှု၊ သူတို့၏ကုသမှုပုံစံများ၊ စိတ်ကျန်းမာရေးဆိုင်ရာ ပညာပေးမှု၊ နိုင်ငံရေးနှင့် စီးပွားရေးသွင်ပြင်များ၊ စိတ် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု စနစ်များ၏ ပုံသဏ္ဌာန်၊ စိတ်ကျန်းမာရေးတွင်သုံးသော လူသားရင်းမြစ် နှင့် အခြားသူများအကြား လူ့အခွင့်အရေးများ ဆိုင်ရာ ကိစ္စရပ်များ နှင့်ဆက်နွယ်သည်။

ကမ္ဘာလုံးဆိုင်ရာ စိတ်ကျန်းမာရေး နယ်ပယ်၏ ရည်ရွယ်ချက်ကိုခြုံငုံရလျှင် နိုင်ငံအားလုံးတွင် စိတ်ကျန်းမာရေး အခြေ အနေ အကြောင်း သတင်းများ ပေးခြင်းဖြင့်၊ တိကျသောလိုအပ်ချက်များကို ရောက်ရှိနိုင်ရန် စိတ်ကျန်မာရေး စောင့်ရှောက်မှု လိုအပ်ချက်များကို ထုတ်ဖော်ရှာဖွေပြီး စရိတ်သက်သာထိရောက်သော ဆောင်ရွက်ဆုံးဖြတ်မှုများ တိုးတက်ဖွံ့ဖြိုးနိုင်စေခြင်း တို့ဖြင့် ကမ္ဘာတဝှမ်းလုံး စိတ်ကျန်းမာရေးကို ခိုင်မာတိုးတက်စေရန် ဖြစ်သည်။

စိတ်ကျန်မာရေး နှင့် ကမ္ဘာလုံးဆိုင်ရာရောဂါများ၏ ဒုက္ခပေးနေမှု[ပြင်ဆင်ရန်]

၂၀၀၂ အတွင်း နေထိုင်သူ ၁၀၀၀၀၀ လျှင်အာရုံကြောဆိုင်ရာနှင့် စိတ်ကျန်းမာမှုဆိုင်ရာ အခြေအနေများ အတွက် ချို့ယွင်းမှုကို အလိုက်သင့်ဖြစ်လာသောဘဝနှစ်များ
  စာရင်းမရှိ
  ၁၀ ထက်နည်းသော
  ၁၀–၂၀
  ၂၀–၃၀
  ၃၀–၄၀
  ၄၀–၅၀
  ၅၀–၆၀
  ၆၀–၈၀
  ၈၀–၁၀၀
  ၁၀၀–၁၂၀
  ၁၂၀–၁၄၀
  ၁၄၀–၁၅၀
  ၁၅၀ အထက်

ကမ္ဘာလုံးဆိုင်ရာရောဂါများ၏ဒုက္ခပေးသောအခြေအနေ (GBD) တွင် စိတ်ရောဂါ၊ အာရုံကြောဆိုင်ရာ နှင့် ဆေးများသုံးခြင်းကြောင့် ဖြစ်သော စိတ်ကျန်းမာရေးချို့ယွင်းမှုတို့သည် အများအပြားပါဝင် နေရာယူမှုပြုလာ ကြသည်။ ယင်းသည် ထိုသို့သော ရောဂါ/ချို့ယွင်းမှုတစ်ခုကို သတ်မှတ်၍ ချို့ယွင်းမှုကိုအလိုက်သင့် ဖြစ်လာသော ဘဝနှစ်များ (DALY's) ဟုခေါ်ဆိုနေသော ကမ္ဘာလုံးဆိုင်ရာ တိုင်းတာမှုဖြစ်ပြီး လူဦးရေ စုစုပေါင်းအတွင်း ချို့ယွင်းမှုနှင့်နေထိုင်လာသော နှစ်များ နှင့် ထိုရောဂါကြောင့် ဆုံးရှုံးသွားရသော ဘဝသက်တမ်း တို့အားလုံးပေါင်းထား ခြင်းဖြစ်သည်။ အာရုံကြော ဆိုင်ရာစိတ်ရောဂါ အခြေအနေများမှာ ကမ္ဘာလုံးဆိုင်ရာရောဂါတို့၏ဒုက္ခပေးအခြေအနေ တွင် ၁၄% နေရာယူထား သည်။ ကူးစက်တတ်ခြင်းမရှိသောရောဂါများ အကြားတွင် DALY ၏ ၂၈% ကို နှလုံးသွေးကြောဆိုင်ရာရောဂါများ သို့မဟုတ် ကင်ဆာ တို့ထက်ပို၍ ၎င်းတို့မှ နေရာယူထားသည်။ သို့သော်လည်း ရှုပ်ထွေးလှသောဆက်နွယ်မှုများ၊ ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုပေါင်း၍နေထိုင်မကောင်းခြင်းတို့သည် အခြားတို့နှင့်ယှဉ်လျင် ကမ္ဘာလုံးဆိုင်ရာရောဂါတို့၏ ဒုက္ခအခြေအနေတွင် စိတ်ကျန်းမာရေးချို့ယွင်းမှုများမှ အမှန် တကယ်ပါဝင်နေမှုမှာ ပို၍ပင်မြင့်မားသည်ဟု ခန့်မှန်းရသည်။

တစ်ကမ္ဘာလုံးတွင် နှစ်စဉ် လူတစ်သန်းနီးပါးသည် မိမိကိုယ်ကိုသတ်သေခြင်းကြောင့် သေဆုံးနေရပြီး လူငယ်လူရွယ် များ အကြား တွင် တတိယ သေဆုံးမှုအဖြစ်အများဆုံးအကြောင်းရပ် ဖြစ်သည်။ ကမ္ဘာအနှံ့တွင် ကျန်းမာရေး နှင့် ဆက်နွယ်သည့် ချို့ယွင်းမှုဖြစ်စေသော အရေးအကြီးဆုံး အကြောင်းရပ်များမှာ တစ်ဘက်စွန်းကျ စိတ်ကျရောဂါ၊ အရက်စွဲခြင်း၊ စိတ်ကစဉ့်ကလျားရောဂါ၊ စိတ်ကြွစိတ်ကျရောဂါ နှင့် စိတ်ယိုယွင်းရောဂါ တို့ပါဝင်သည်။ ဝင်ငွေရရှိမှုနည်းသည့်၊ အလယ်အလတ်သာရရှိသည့် နိုင်ငံများတွင် ထိုအခြေအနေတို့သည် ကျန်းမာရေး အခြေအနေ များနှင့်နွယ်သော ချို့ယွင်းမှုအားလုံးပေါင်း၏ ၁၉.၁% ရှိသည်။

ကုသမှု လစ်လပ်ခြင်း[ပြင်ဆင်ရန်]

ကမ္ဘာပေါ်ရှိ လူလေးယောက်တွင် တစ်ယောက်သည် သူတို့ဘဝ၏ တစ်ချိန်တွင် စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် အာရုံ ကြောပိုင်း ဆိုင်ရာ စိတ်ရောဂါများကို ကြုံ တွေ့ခံစားနိုင်သည် ဟုခန့်မှန်းရသည်။ စိတ်ရောဂါများ ၏ ကုထုံးများအတွက် ထိရောက်သော ဆုံးဖြတ်ဆောင်ရွက်ခြင်းများစွာ သိရှိပြီး၊ စိတ်ရောဂါရှိသူများ အားကုသမှုပြုရန်လိုအပ်ကြောင်း သတိပြုမိလာကြပြီ ဖြစ်သော်လည်း စိတ်ကျန်းမာရေး စောင့် ရှောက်မှုခံယူရန် လိုအပ်သော်လည်း ခံယူခြင်းမရှိသည့် အချိုးပမာဏ မှာ အလွန်မြင့်လျက်ရှိနေသေးသည်။ ယင်းကို “ကုသမှုလစ်လပ်ခြင်း”ဟု ခေါ်ဆိုပြီး ဝင်ငွေရရှိမှုနည်းသည့်၊အလယ်အလတ်သာရရှိသည့် နိုင်ငံများတွင် ရ၆ မှ ၈၅% ခန့်၊ ဝင်ငွေ ကောင်းမွန်သော နိုင်ငံများတွင်ပင် ၃၅ မှ ၅၀% ထိရှိနိုင်ကြောင်း ခန့်မှန်းရသည်။ လိုအပ်ကြောင်း အသိအမှတ်ပြုထားသော်လည်း ပြီးခဲ့သည့်နှစ်များအတွင်း စိတ်ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း တွင် အများစုသော အပိုင်းတို့တွင် သိသာထင်ရှားစွာ ပြောင်းလဲခြင်းမရှိပေ။ ထိုပြဿနာ၏ အဓိကအကြောင်းရင်းမှာ လူထုကျန်းမာရေးဦးစားပေးမှုများ၊ နိုင်ငံအတော်များများတွင် စိတ်ကျန်းမာရေးဆိုင်ရာမူဝါဒနှင့် ဥပဒေပြုမှုမရှိခြင်း နှင့် ငွေကြေးနှင့် လူအင်အား ရင်းမြစ်အင်အားပြည့်စုံမှုမရှိခြင်း၊ ထို့အတူ ရင်းမြစ်တို့အား မလုံမလောက် ခွဲဝေချထားခြင်း တို့ဖြစ်သည်။

၂၀၁၁ တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ ၁၄၄ ခုသော ဝင်ငွေရရှိမှု နည်းသည့်၊အလယ်အလတ်သာရရှိသည့် နိုင်ငံများတွင်းရှိသည့် စိတ်ရောဂါရှိသူတို့အတွက် ပြုစုကုသပေးရန် လိုအပ်သော ၅၅၀၀၀ သောစိတ်ရောဂါ အထူးကုများ၊ ၆၂၈၀၀၀ သောစိတ်ကျန်းမာရေးဆိုင်ရာ သူနာပြုများ နှင့် ၄၉၃၀၀၀ သော စိတ်နှင့်လူမှုရေးဆိုင်ရာ ပြုစုစောင့်ရှောက်မှုပေးသူ တို့အပါအဝင် ၁.၁၈ မီလီယံသော စိတ်ကျန်းမာရေးအထူးပြုစောင့်ရှောက်ပေးသူများ ရှားပါး ပြတ်လပ်နေသည်ဟု ခန့်မှန်းတွက်ချက်ခဲ့သည်။ ထို ကျန်းမာရေးလုပ်သားအင်အား ပြတ်လပ်မှုကို ဖယ်ရှားရန်အတွက် နှစ်စဉ် လုပ်အားခ ငွေရှင်းရန် အဖြစ် အမေရိကန် ဒေါ်လာ ၄.၄ ဘီလီယန်ဝန်းကျင်ဟု ခန့်မှန်းတွက်ချက်ထားသည်။

ဆောင်ရွက်ဆုံးဖြတ်ချက်များ[ပြင်ဆင်ရန်]

ပိုမိုကောင်းမွန်သော စိတ်ကျန်းမာရေးစောင့်ရှောက်မှု တို့ပေးစွမ်းရန် စရိတ်သက်သာထိရောက်သော ဆောင်ရွက်ဆုံးဖြတ်မှုများ အကြောင်း သတင်းအချက် နှင့် သက်သေသာဓက တို့မှာလည်း ရရှိနိုင်ပြီဖြစ်သည်။ သုတေသန အများ စု (၈၀%) တို့သည် ဝင်ငွေအရမြင့်သော နိုင်ငံများတွင် ပြုလုပ်ခဲ့သော်လည်း ဝင်ငွေအရနည်းသော၊ အလယ်အလတ် သာရသော နိုင်ငံများတွင် စိတ်ကျန်းမာရေးချို့ယွင်းသူများ ဖြစ်သည့် စိတ်ကျရောဂါဝေဒနာရှင်များ၊ စိတ်ကစဉ့်ကလျား ရောဂါရှင်များ၊ စိတ်ကြွစိတ်ရောဂါ နှင့် အန္တရာယ်ရှိလောက်အောင် အရက်အလွန်အကျွံစွဲခြင်း တို့ကို ကုသရန် ဆေးဝါး နှင့် စိတ်ပိုင်းဆိုင်ရာလူမှုရေးပိုင်းဆိုင်ရာ ဆောင်ရွက်ဆုံးဖြတ်ချက်များ ရှိကြောင်း ခိုင်မာသည့် အထောက်အထားများ ရှိသည်။

ကမ္ဘာတစ်ဝန်းလုံးတွင် စိတ်ကျန်းမာရေးစနစ်များကို အင်အားတောင့်တင်းအောင်ပြုရန် အကြံပြုချက်များကို ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း (WHO) ၏ စိတ်ကျန်းမာရေး အပေါ်တွင် အာရုံစိုက်ထားသည့် ၂၀၀၁ခုနှစ်ကမ္ဘာ့ ကျန်းမာရေး အစီရင်ခံစာတွင် ပထမဆုံးဖော်ပြခြင်းပြုခဲ့သည် -

  1. အခြေခံစောင့်ရှောက်မှုတွင် ကုသမှုပေးရန်
  2. စိတ်ကျန်းမာရေးအတွက်ဆေးဝါးများကို ရရှိနိုင်ရန်ပြုပါ
  3. လူနေမှုဝန်းကျင်အတွင်း စောင့်ရှောက်မှုပေးပါ
  4. လူထုကိုပညာပေးပါ
  5. လူနေမှုဝန်းကျင်များ၊ မိသားစုများ နှင့် သုံးစွဲသူတို့ ပါဝင်မှုရှိပါစေ
  6. အမျိုးသားရေး မူဝါဒများ၊ အစီအစဉ်များ နှင့် ဥပဒေပြဋ္ဌာန်းခြင်း တို့ ဆောင်ရွက်ပါ
  7. လူသားရင်းမြစ် တို့ တိုးတက်အောင်ပြုပါ
  8. အခြားသော အပိုင်းတို့နှင့် ချိတ်ဆက်ပါ
  9. လူမှုဝန်းကျင်၏ စိတ်ကျန်းမာရေးကို စောင့်ကြည့်ပါ
  10. သုတေသနပြုမှုများကို ပိုမိုအထောက်အပံ့ပေးပါ

စိတ်ကျန်းမာရေးစနစ်တို့အတွက် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း (WHO) အကဲဖြတ်ပြဋ္ဌာန်းချက် (WHO-AIMS)[12] တို့နှင့် အကဲဖြတ်ထားသည့် နိုင်ငံ ၁၂ ခုမှရရှိသော အချက်အလက်များကို အခြေခံထားခြင်းဖြင့် စိတ်ကစဉ့်ကလျား ရောဂါ၊ စိတ်ကြွစိတ်ကျရောဂါ၊ စိတ်ကျရောဂါဖြစ်စဉ်များ နှင့် အန္တရာယ်ရှိလောက်အောင် အရက် အလွန် အကျွံသောက်ခြင်း တို့ကို အတွင်းကျကျကုသမှုပေးခြင်းဖြင့် စိတ်ကျန်းမာရေး ဝန်ဆောင်မှုများ ကုန်ကျစရိတ် မြင့်တက် လာခြင်းကို ခန့်မှန်းတွက်ချက်နိုင်ခဲ့သည်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း (WHO) ၏ ညွှန်ကြားချက်များအတိုင်း စိတ်ကျန်းမာရေးစောင့်ရှောက်မှုစနစ်များတွင် ဖွဲ့စည်းတည်ဆောက်ပုံတို့ ပြောင်းလဲလာခြင်း ကို တွေ့မြင်ရသည်။

နိုင်ငံအများစုအတွက် ထိုပုံစံနည်းနာသည် တစ်နှစ်အတွက် တစ်ဦးလျှင် ၀.၃၀ မှ ၀.၅၀ အမေရိကန်ဒေါ်လာ ရင်းနှီး မြှုပ်နှံမှု၏ ကနဦးကာလကို ထင်ဟပ်ပြလျက်ရှိသည်။ စိတ်ကျန်းမာရေးအတွက် စုစုပေါင်း အသုံးစရိတ်သည် ဝင်ငွေ အရ နည်းသော နိုင်ငံများတွင် အနည်းဆုံး ဆယ်ဆထိမြင့်တက်ရမည် ဖြစ်သည်။ ဝင်ငွေ အလယ်အလတ် နှင့် မြင့်မားမှု ရှိသော နိုင်ငံများတွင် ကျန်းမာရေးစနစ်အတွင်း စိတ်ကျန်းမာရေးဝန်ဆောင်မှုများ ပိုကောင်းမွန်စွာ ပေးနိုင်ရန် ရင်းမြစ်များကို နေရာပြန်ချထားရေးမှာ အဓိကစိန်ခေါ်မှုပင်ဖြစ်သော်ငြားလည်း ဝင်ငွေနည်းသောနိုင်ငံများတွင် ငွေကြေး ရင်းမြစ်များ ထပ်မံလိုအပ်ဦးမည် ဖြစ်သည်။

ပါဝင်ဆောင်ရွက်လုပ်ကိုင်သူများ[ပြင်ဆင်ရန်]

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း (WHO) ၏ စိတ်ကျန်းမာရေးအတွက် အဓိက အစီအစဉ်နှစ်ခုမှာ WHO MIND (အမျိုးသားဖွ့ံဖြိုးတိုးတက်ရေးအတွက် စိတ်ကျန်းမာရေးမြှင့်တင်ခြင်း) နှင့် စိတ်ကျန်းမာရေး လစ်ဟာချက်များ ဆောင်ရွက်မှု အစီအစဉ် (mhGAP) တို့ဖြစ်သည်။ WHO MIND မှ လူတို့၏နေ့စဉ်ဘဝတွင် ခိုင်မာသော ပြောင်းလဲမှုများကို သေချာစေရန် လုပ်ဆောင်ချက် ၅ နေရာတွင် အထူးပြုထားသည်။ ယင်းတို့မှာ -

  1. ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း (WHO) ပစိဖိတ်ကျွန်း စိတ်ကျန်းမာရေးကွန်ရက် (PIMHnet) ကဲ့သို့နိုင်ငံများအတွင်း စိတ်ကျန်းမာရေး တိုးတက်စေရန် ဝင်ရောက်ဆောင်ရွက်ခြင်း နှင့် ထောက်ပံ့ပေးခြင်း
  2. စိတ်ကျန်းမာရေးဆိုင်ရာ မူဝါဒ၊ စီစဉ်မှုများ နှင့် ဝန်ဆောင်မှုများ ဖွ့ံဖြိုးတိုးတက်ရေး
  3. စိတ်ကျန်းမာရေးဆိုင်ရာ လူ့အခွင့်အရေး နှင့် ဥပဒေပြဋ္ဌာန်းရေး
  4. လူသားတို့တိုးတက်ရေး၏ အဓိကအချက်အဖြစ် စိတ်ကျန်းမာရေးကိုထားရှိခြင်း
  5. စိတ်ကျန်းမာရေးဆေးရုံများ နှင့် လူမှုရေးစောင့်ရှောက်မှုဂေဟာများ တွင် ပြုစုစောင့်ရှောက်မှုအရည်အသွေး
  6. တိုးတက်စေရန် နှင့် လူ့အခွင့်အရေးများ တိုးတက်စေရန် အတွက် လူသားတို့အား ပူးပေါင်းစေပြီး စွမ်းအား
  7. တိုးမြှင့် ပေးရန် လုပ်ဆောင်သော အရည်အသွေးမီအခွင့်အရေးများ စီမံကိန်း

စိတ်ကျန်းမာရေးလစ်ဟာချက်များဆောင်ရွက်မှုအစီအစဉ် (mhGAP) သည် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း (WHO) ၏ အထူးသဖြင့် ဝင်ငွေအရ နည်းသော၊အလယ်အလတ်ရှိသော နိုင်ငံများအတွက် စိတ်ပိုင်းဆိုင်ရာ၊ အာရုံကြောဆိုင်ရာ နှင့် ဆေးဝါးသုံးစွဲမှုကြောင့် စိတ်ကျန်းမာရေးချို့ယွင်းမှု တို့အတွက် ဝန်ဆောင်မှုများကို တိုးမြှင့်ရန် ဆောင်ရွက်မှု အစီအစဉ် ဖြစ်သည်။ mhGAP ၏ ရည်ရွယ်ချက်မှာ အစိုးရများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ နှင့် အခြားသော ပါဝင်ဆောင်ရွက်သူများ တို့ကြား စုပေါင်းဆောင်ရွက်မှုတို့အတွက် လက်တွဲမှုများတည်ဆောက်ရန် နှင့် ယင်းတို့၏ တာဝန်ဝတ္တရားတို့အား အားဖြည့်ကူညီရန် ဖြစ်သည်။

mhGAP ဆောင်ရွက်မှုလမ်းညွှန်ချက် (mhGAP-IG) ကို ၂၀၁၀ အောက်တိုဘာတွင် စတင်ထုတ်ခဲ့သည်။ စိတ်ပိုင်းဆိုင်ရာ၊ အာရုံကြောဆိုင်ရာ နှင့် ဆေးဝါးသုံးစွဲမှုကြောင့် စိတ်ကျန်းမာရေးချို့ယွင်းမှု တို့အား ကျွမ်းကျင် မဟုတ် သည့် ကျန်းမာရေးအပြင်အဆင်တို့တွင် ပြုစုဖြေရှင်းရန် အတွက်နည်းပညာဆိုင်ရာ အသုံးချဖွယ်တစ်ခု ဖြစ်သည်။ ပါဝင်သော အရေးပေါ် အခြေအနေများမှာ စိတ်ကျရောဂါ၊ စိတ်ဖောက်ပြန်မှု၊ စိတ်ကြွစိတ်ကျရောဂါ၊တက်ခြင်း၊ ကလေးငယ်များနှင့် အရွယ်ရောက်စကလေးတို့တွင် ဖွ့ံဖြိုးတိုးတက်ရေးဆိုင်ရာ နှင့် အမူအကျင့် ဆိုင်ရာ ချို့ယွင်းခြင်း၊ စိတ်ယိုယွင်းရောဂါ၊ အရက်အလွန်အကျွံသောက်သုံးခြင်း၊ ဆေးဝါးများအလွန်အကျွံသုံးစွဲခြင်း၊ မိမိ ကိုယ်ကို နာကျင်စေခြင်း/သတ်သေခြင်း နှင့် အခြားသော ထင်ရှားသည့် စိတ်ခံစားမှု သို့မဟုတ် ဆေးပညာဖြင့် ဖြေရှင်းခြင်းမပြုနိုင်သည့် ဝေဒနာတို့ ဖြစ်သည်။