ကမ္ဘာမြို့တော်စင်တာ
| World Capital Centre | |
|---|---|
| အထွေထွေ အချက်အလက်များ | |
| အခြေအနေ | Vision |
| အမျိုးအစား | Skyscraper |
| မြို့ | Colombo |
| နိုင်ငံ | Sri Lanka |
| အမြင့် | ၆၂၅ m (၂,၀၅၁ ft) |
| အသေးစိတ် အချက်အလက်များ | |
| အထပ် အရေအတွက် | 117 |
| ကြမ်းခင်း ဧရိယာ | ၆၀၀,၀၀၀ m2 (၆,၅၀၀,၀၀၀ sq ft) |
| အခြား အချက်အလက်များ | |
| အခန်း units | 3,200 |
| ဝဘ်ဆိုဒ် | |
| http://www.wcc.lk/en/ | |
ကမ္ဘာမြို့တော်စင်တာ သည် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တွင် တည်ဆောက်မည့် မိုးမျှော်တိုက်တစ်ခု ဖြစ်သည်။ သီရိလင်္ကာရင်းနှီးမြှုပ်နှံမှုအဖွဲ့ဥက္ကဋ္ဌ၊ Upul Jayasooriya, WCC ဥက္ကဋ္ဌ, Ahmed Moulana, နှင့် အခြားတာဝန်ရှိသူများက အထပ် ၁၁၇ ထပ်ပါဝင်ပြီး လျာထားသည့်အမြင့်မှာ ၆၂၅ မီတာ (၂၀၅၁ ပေ) ရှိသည့် အဆောက်အဦးတည်ဆောက်ရန် သဘောတူညီခဲ့ကြသည်။[၁][၂][၃] သို့သော် သီရိလင်္ကာရင်းနှီးမြှုပ်နှံမှုအဖွဲ့က ဤအဆောက်အဦအား တည်ဆောက်မည်ဆိုပါက စည်းမျဉ်းများဖြင့် လိုက်နာရမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူသည် ယုံကြည်ရသည့် မှတ်တမ်းများရှိမှုကို ပြသရန်နှင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအကုန်မတိုင်မီ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ပြသရန် လိုအပ်မည် ဖြစ်သည်။ ထို့ကြောင့် ထိုသဘောတူညီချက်သည် ပျက်ပြယ်သွားခဲ့ရသည်။[၄][၅]
အခြားနောက်ထပ် စီစဉ်ထားသည့် မိုးမျှော်တိုက်စီမံကန်းတွင် လူနေခန်း ၁၂၀၀၊ ဟိုတန်းခန် ၂၀၀၀၊ လက်လီရောင်းမည့်အခန်း ၃၀၀၀၊ အစီး ၅၀၀၀ ဆံ ကားပါကင်၊ ရေကူးကန် ၂၀၊ နှစ်ထပ်ဓာတ်လှေကားများ၊ ဟယ်လီကော်ပတာရပ်နားထွက်ခွာရာနေရာတစ်ခု၊ ရှုခင်းကြည့်ရှုရန်နေရာနှင့် သီရိလင်္ကာတွင် ပထမဆုံးဖြစ်လာမည့် Michelin ကြယ်အဆင့်စားသောက်ဆိုင်ပါဝင်မည် ဖြစ်သည်။[၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "Tall Storeys: High-rise Living in Colombo"၊ Sunday Observer၊ 3 July 2016။ 4 June 2017 တွင် ပြန်စစ်ပြီး။
- ↑ World Capital Centre။ 3 December 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 June 2017 တွင် ပြန်စစ်ပြီး။
- ↑ Official website။ 30 January 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 June 2017 တွင် ပြန်စစ်ပြီး။
- 1 2 "Asia's tallest tower to be built in SL"၊ Daily Mirror၊ 1 July 2017။ 1 July 2017 တွင် ပြန်စစ်ပြီး။
- ↑ BOI terminates agreement with WCC to build Asia’s tallest building (in English)။ 2019-03-28 တွင် ပြန်စစ်ပြီး။