မာတိကာသို့ ခုန်သွားရန်

ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေ

ဝီကီပီးဒီးယား မှ

ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[] ကမ္ဘာကြေလည်း မကျေဥဒါန်း ဟုလည်း ပြောစမှတ်ရှိသည်။

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေ ဟူသော ဆိုရိုးစကားသည် အဓိပ္ပာယ်နှစ်မျိုးဖြင့် အသုံးပြုသည်။

၁။ ကမ္ဘာကြီး ပျက်သုဉ်းသွားသည့်တိုင်အောင် လူတစ်ဦးတစ်ယောက်၏ ကောင်းသော လုပ်ဆောင်ချက်နှင့် ကောင်းသော ဂုဏ်သတင်းတို့မှာကား ပျောက်ကွယ်မသွားဘဲ ဥဒါန်းတွင် ကျန်ရစ်ခဲ့ခြင်းကို ဆိုလိုသည်။ ဆိုလိုသည်မှာ လူတစ်ဦးသည် ကောင်းသောအမှုများ ပြုလုပ်ခဲ့ပါက ထိုသူ၏ ဂုဏ်သတင်းသည် ကမ္ဘာကြီး ပျက်စီးသွားသည့်တိုင်အောင် လူအများ၏ အမှတ်ရမှုတွင် တည်ရှိနေမည်ဟု ဆိုလိုသည်။ ဤအဓိပ္ပာယ်အရ ဥဒါန်းဆိုသည်မှာ သမိုင်းတွင် ကျန်ရစ်ခဲ့သော မှတ်တမ်း၊ ဂုဏ်သတင်းကို ရည်ညွှန်းသည်။

၂။ တစ်ဦးဦးအပေါ် တစ်သက်လုံး အခဲမကျေနိုင် ဖြစ်ခြင်းကို ဆိုလိုသည်။ ဆိုလိုသည်မှာ လူတစ်ဦးသည် အခြားသူတစ်ဦးအပေါ် မကျေနပ်မှု၊ ရန်ငြိုးဖွဲ့မှု ရှိပါက ထိုသူ၏ ရန်ငြိုးသည် မည်သည့်အခါမှ ပြေပျောက်သွားမည် မဟုတ်ဟု ဆိုလိုသည်။ ဤအဓိပ္ပာယ်အရ ဥဒါန်းဆိုသည်မှာ အခဲမကျေနိုင်သော စိတ်ကို ရည်ညွှန်းသည်။ ကမ္ဘာကြေလည်း မကျေဥဒါန်း ဟုလည်း ပြောဆိုကြသည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • မိမိကိုယ်သော်ကား အသက်တစ်ရာနေ၍ မတော်မမှန် ကျင့်သဖြင့် ဆုံးခဲ့အံ့၊ မိမိကိုယ်ခန္ဓာကို မှီ၍ ဖြစ်သော မကောင်းသော စကားတို့သည်ကား အဆက်ဆက် သားမြေးမြစ်တိုင်အောင် ပြောပရစ်စရာ ဖြစ်၏။ ကမ္ဘာကြေသော်ငြားလည်း ဥဒါန်းမကျေ ဖြစ်သည်။ []
  • ဖီလာစက်ဝန်း၊ ကမ္ဘာကျွန်းလည်း၊ ဥဒါန်းမကျေ၊ ထွန်းရစ်စေလိမ့်၊ ကမ္ဘာကြေလည်း၊ မကျေဥဒါန်း၊ []
  • ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေ ဖြစ်လောက်ဖွယ်ရာပင်၊ အသက်နှင့် ကိုယ် မြဲနေသမျှကာလပတ်လုံး နာကြည်းခြင်းကား ဖျောက်ဖျက်၍ ရရှာတော့မည် မဟုတ်ကြောင်းကိုတွေးမိပါသည်။ []
  • ဗိုလ်နဂါး၊ ဗိုလ်နဂါး၊ ကမ္ဘာသာကြေမယ် ဥဒါန်းမကျေ ဘူးဟေ့၊ လက်စားမချေရသမျှ ဘယ်တော့မှ မအေးဘူးမှတ်၊ []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၁၄၃] ဏိပုံ။ ၄၈။ ကိုးကား အမှား - Invalid parameter "'nipone48" in <ref> tag. The supported parameters are: dir, follow, group, name.
  3. [၁၂၁၀] ဥမ္မာ ၄၂။ ကိုးကား အမှား - Invalid parameter "'umma42" in <ref> tag. The supported parameters are: dir, follow, group, name.
  4. [၁၃၀၂] ဒဂုန်၊ ၂၀၊၂၃၉။ ၁၉၉။ ကိုးကား အမှား - Invalid parameter "'dagon20-239-199" in <ref> tag. The supported parameters are: dir, follow, group, name.
  5. [၁၃၁၉] နဂါး။ ၆၄။ ကိုးကား အမှား - Invalid parameter "'nagar64" in <ref> tag. The supported parameters are: dir, follow, group, name.