ကပ်တိုင်ကန်
| ကပ်တိုင်ကန် | |
|---|---|
| တည်နေရာ | South-Eastern Bangladesh |
| ကိုဩဒိနိတ် | 22°29′45″N 92°13′45″E / 22.49583°N 92.22917°Eကိုဩဒိနိတ်: 22°29′45″N 92°13′45″E / 22.49583°N 92.22917°E |
| အမျိုးအစား | reservoir |
| ပင်မ ရေဝင်စီးကြောင်း | Karnaphuli River |
| ပင်မ ရေထွက်စီးကြောင်း | Karnaphuli River |
| ရေစုဝေးရာ နေရာ | ၁၁,၁၂၂ km2 (၄,၂၉၄ sq mi) တမ်းပလိတ်:Original research inline |
| ရေဝေကြောရှိရာ နိုင်ငံများ | Bangladesh |
| ပျမ်းမျှအနက် | ၁၀၀ ft (၃၀ m) |
| အနက်ဆုံး အနက်အရှိုင်း | ၄၉၅ ft (၁၅၁ m) |
ကပ်တိုင်ကန် သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံးကန်ဖြစ်သည်။ [၁] ၎င်းကန်သည် စစ်တကောင်းတိုင်း၊ ရန်ဂမတိခရိုင်၊ Kaptai Upazila တွင် တည်ရှိသည်။ ဤကန်သည် ကာနဖူလီမြစ်တွင် ကပ်တိုင်ဆည် တည်ဆောက်ရာမှ ဖြစ်ပေါ်လာသည့် ကန်တစ်ခု ဖြစ်သည်။ ၎င်းဆည်ကို Karnaphuli ရေအားလျှပ်စစ်စီမံကိန်းအတွက် တည်ဆောက်ခဲ့သည်။ ၎င်းကန်၏ ပျှမ်းမျှအနက်သည် ၁၀၀ ပေ (၃၀ မီတာ)၊ အမြင့်ဆုံးအနက်သည် ၄၉၀ ပေ (၁၅၀ မီတာ)ရှိသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ရေအားလျှပ်စစ်စီမံကိန်းအတွက် ကန်ကို ၁၉၅၆ တွင် အရှေ့ပါကစ္စတန်အစိုးရက စတင်ခဲ့သည်။ [၂]ထိုကန်တည်ဆောက်မှု၏ ရလဒ်အနေဖြင့် Rangamati ခရိုင်တွင် တည်ရှိသည့် လယ်ယာမြေ ၅၄၀၀၀ ဧက (၂၂၀ စတုရန်းကီလိုမီတာ) ရေအောက်သို့ နစ်မြုပ်ခဲ့သည်။ ရေအားလျှပ်စစ်တည်ဆောက်မှု စီမံကိန်းအတွက် ငွေကြေးကို အမေရိကန်နိုင်ငံက ထောက်ပံ့ပေးခဲ့သည်။ စီမံကိန်းသည် ၁၉၆၂ ခုနှစ်တွင် ပြီးစီးခဲ့သည်။ အပြည်ပြည်ဆိုင်ရာအင်ဂျင်နီယာကုမ္ပဏီနှင့် Utah International Inc. တို့သည် ဆည်ဆောက်ရန်အတွက် စာချုပ်ချုပ်ဆိုခဲ့ကြသည်။ ဆည်သည် အရှည် ၆၇၀.၈ မီတာ၊ အမြင့် ၅၄.၇ မီတာ ရှိသည်။ ဆည်တွင် အရှည် ၇၄၅ ပေ (၂၂၇ မီတာ) ရှည်သည့် ရေလွှဲပေါက် ၁၆ ပေါက် ပါဝင်သည်။ ထိုရေလွှဲပေါက်များမှတစ်ဆင့် ရေပမာဏ 5,250,000 cu ft/s (149,000 m3/s) ထုတ်လွှတ်နိုင်သည်။
ဆည်တည်ဆောက်မှုကြောင့် ရေအောက်သို့ နစ်မြုပ်ခဲ့ရသည့် မြေနေရာသည် ထိုဒေသရှိ သီးနှံစိုက်ပျိုးနိုင်သည့် မြေနေရာ၏ ၄၀ ရာခိုင်နှုန်း ရှိသည်။ ၎င်းမြေနေရာများအပြင် ၂၉ စတုရန်းမိုင် (၇၅ စတုရန်းကီလိုမီတာ) ရှိသည့် အစိုးရပိုင်သစ်တောနှင့် ၂၃၄ စတုရန်းမိုင် (၆၁၀ စတုရန်းကီလိုမီတာ) ရှိသည့် အခြားသစ်တောတစ်ခုလည်း ရေအောက်သို့ နစ်မြုပ်ခဲ့သည်။ စုစုပေါင်း လူဦးရေ ၁၀၀၀၀၀ နီးပါးရှိသည့် မိသားစု ၁၈၀၀၀ ခန့်သည် ရွှေ့ပြောင်းခဲ့ရသည်။ ဘုရင် Chakmas ၏ နန်းတော်သည်လည်း ရေလွှမ်းခဲ့ကာ ယခုအခါတွင် ရေအောက်သို့ ရောက်ရှိလျက်ရှိသည်။[၂]
ရုပ်ပုံများ
[ပြင်ဆင်ရန်]- ကြိုးဆိုင်းတံတား
- ရေကန်
- ကန်ထဲရှိ လှေ
- ကန်၏ မြင်ကွင်း
- သစ်သားလှေများ
- ကန်၏ နေဝင်ဆည်းဆာ
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- Kaptai Lake 16 October 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . at Banglapedia
- Kaptai Lake Rangamati[လင့်ခ်သေ] at Travel Mate 25 September 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
ကိုးကား
[ပြင်ဆင်ရန်]- ↑ Kaptai Lake - Banglapedia။ 7 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2016-04-16 တွင် ပြန်စစ်ပြီး။
- 1 2 Daily JaiJaiDin, January 10, 2008. Page 10.