ကန်ဇတ်ပန်း

ဝီကီပီးဒီးယား မှ

ကန်ဇတ်ပန်းသည် သူတပါးကို မှီ၍ တက်သော နွယ်မျိုး ဖြစ်သည်။ အရွက်မှာ ၃ လက်မခွဲခန့် ရှည်၍ အနံမှာ ၁ လက်မခွဲခန့် ရှိသည်။ လှံသွားသဏ္ဌန် ရှိသည်။ အရင်းဘက်တွင် ဝန်း၍ အဖျားဘက်တွင် ချွန်သွားသည်။ အပွင့်မှာ ဖြူသည်။ ရံဖန်ရံခါ ဝါတာတာ ရှိ၍ အလွန်မွှေးသည်။

၎င်းသည် တောစံပယ် ဖြစ်သည်။ သင်းခွေဟူ၍လည်း ရှေးက ခေါ်ကြသည်။ လက်တင် အမည်မှာ Jasminum scandens ဖြစ်သည်။[၁]

Scientific classification:Plantae,Angiosperms,Eudicots,Asterids,Lamiales,Oleaceae,Jasminum,J.scandens.

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်နာဂသေနာဘိဝံသ (ဓမ္မာစရိယ) ၊ (မြန်မာသက္ကရာဇ် ၁၃၁၈)၊ " အရှင်နာဂသိန် ပုံပြဆေးအဘိဓာန် " ၊ မင်္ဂလာ ပုံနှိပ်တိုက်