ကန္ဒေဝိဟာရ

ဝီကီပီးဒီးယား မှ
ကန္ဒေဝိဟာရ
කන්දේ විහාරය
အချက်အလက်များ
တည်နေရာKaluwamodara, Aluthgama
ကိုဩဒိနိတ်06°26′56.8″N 80°00′01.0″E / 6.449111°N 80.000278°E / 6.449111; 80.000278ကိုဩဒိနိတ်: 06°26′56.8″N 80°00′01.0″E / 6.449111°N 80.000278°E / 6.449111; 80.000278
ဘာသာရေး နှီးနွယ်မှုBuddhism
ခရိုင်Kalutara District
စီရင်စုWestern Province
နိုင်ငံသီရိလင်္ကာနိုင်ငံ
အမွေအနှစ် သတ်မှတ်ခြင်းArchaeological protected monument[၁] (12 June 2015)
ဗိသုကာ
ဗိသုကာ အမျိုးအစားBuddhist Temple
တည်ထောင်သူVen. Karapagala Dewamitta Thero
ပြီးစီး1734

ကန္ဒေဝိဟာရ (කන්දේ විහාරය) သည် သီရိလင်္ကာနိုင်ငံ၊ ကလုတရခရိုင်တွင် တည်ရှိသည့် ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ စေတီတော်သည် အလုတ်ဂမမြို့ (Aluthgama) အနီးရှိ တောင်ကုန်းထိပ်တစ်ခုတွင် တည်ထားသဖြင့် ကန်ဒီဝိဟာရ (တောင်ပေါ်ကျောင်းတော်) ဟု တွင်ခဲ့သည်။ ကျောင်းတော်ကို သီရိလင်္ကာနိုင်ငံ အစိုးရက ရှေးဟောင်းသုတေသနနေရာအဖြစ် သတ်မှတ်ခဲ့သည်။

သမိုင်း[ပြင်ဆင်ရန်]

ကျောင်းတော်ကို ဥဒုဂမဆန္ဒြသရဆရာတော် (Udugama Chandrasara) ၏ လမ်းညွှန်မှုဖြင့် ရဟန်းတော် ကရပဂလဒေဝမိတ္တ (Karapagala Devamitta) က ၁၇၃၄ ခုနှစ်တွင် တည်ထောင်ခဲ့သည်။[၂] ဥဒုဂမဆန္ဒြသရဆရာတော်သည် ဂလပသရာဇမဟာဝိဟာရ (Galapatha Raja Maha Vihara) ၏ ဥက္ကဋ္ဌအကြီးအကဲဖြစ်ကာ ven. Weliwita Sri Saranankara Thero ၏ တပည့်လည်း ဖြစ်သည်။ ကျောင်းတော်ကို အချိန်ကာလတစ်ခုပြီးတစ်ခု တိုးတက်အောင် ပြုပြင်ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ရာ နိုင်ငံတော်၏ ဗုဒ္ဓဘာသာဆိုင်ရာ အဓိကကျသည့် ကျောင်းတော်တစ်ခု ဖြစ်လာခဲ့သည်။ Ven. Hikkaduwe Sri Sumangala Thero ၏ ကြိုးပမ်းမှု ရလဒ်တစ်ခုအနေဖြင့် ၁၉၀၄ ခုနှစ်တွင် ရဟန်းများအတွက် ပညာသင်ကြားမှုကျောင်းတော်တစ်ခုဖြစ်သည့် Kshethrarama Pirivena သည် ကျောင်းတော်နှင့် ချိတ်ဆက်ခဲ့သည်။ [၃]Kshethrarama Pirivena သည် ဤကျောင်းတော်ကို နိုင်ငံတော်၏ ဗုဒ္ဓဘာသာပညာသင်ကြားမှု စင်တာတစ်အခုအဖြစ် ပြုလုပ်ခဲ့သည်။

ကျောင်းတော်၊ စေတီတော်နှင့် ဗောဓိပင်များသည် ကျောင်းတော်ကို အဋ္ဌဂံပုံစံဝန်းရံကာ တည်ရှိနေသည်။ ဗောဓိပင်သည် လွန်ခဲ့သည့် နှစ် ၃၀၀ ကျော်ကတည်းက ရှိခဲ့သည်ဟု ယုံကြည်ရသည်။ ကျောင်းတော်ရှိ ကြီးမားသည် စေတီတော်တစ်ခုသည် ၁၉၃၅ ခုနှစ်က တည်ခဲ့ခြင်း ဖြစ်ပြီး စေတီငယ်တစ်ခုကို ငုံကာ တည်ခဲ့ခြင်း ဖြစ်သည်။ ထိုစေတီငယ်သည် ၁၇၈၃ ခုနှစ်က Ven. Udugama Chandrasara Thero တည်ခဲ့သည့် စေတီ ဖြစ်သည်။[၄][၅]

၂၀၀၂ ခုနှစ်တွင် ဘူဖဿမုဒြာပုံစံ ကြီးမားသည့် သမာဓိရုပ်ပွားတော်ကိုကို တည်ထားခဲ့ပြီး ကျောင်းတော်တွင် သီတင်းသုံးစေခဲ့သည်။ ထိုရုပ်ပွားတော်သည် ၂၀၀၇ ခုနှစ်တွင် အများပြည်သူ ဖူးမြော်နိုင်ရန် ဖွင့်လှစ်ပေးခဲ့သည်။ ဤရုပ်ပွားတော်သည် ဒေသတွင်းရှိ ဘုရားဖူးများအကြား ကျောင်းတော်အပေါ် စိတ်ဝင်စားမှု မြင့်တက်လာခဲ့သည်။[၆] in height and considered as one of tallest sitting Buddha statues in the world.[၂]

ကျောင်းတော်[ပြင်ဆင်ရန်]

ကျောင်းတော်တွင် ရုပ်ပွားတော်၊ ဗောဓိပင်၊ ဓာတ်တော်ထားရှိရာအခန်း၊ ကျောင်းဆောင်၊ Upulvan Devalaya နှင့် အခြားသော Devalas များဖြစ်သည့် including Kataragama and Pattini Devalaya များလည်း ပါဝင်တည်ရှိသည်။ ဗောဓိပင်၊ တရားဟောခန်းမနှင့် Seema Malaka တို့သည် ဝိဟာရဥပစာ၏ အပြင်ဘက်တွင် တည်ရှိသည်။ စေတီတော်ကို ခေါင်းလောင်းပုံစံ တည်ခဲ့ပြီး အဋ္ဌဂံပုံစံအမိုးပါဝင်သည်။[၅]

Vows made and tied on the Sacred Bo tree at Kande Viharaya, Aluthgama.

ဓာတ်တော်ထားရှိရာ အခန်းသည် ကျောင်းတော်ဥပစာတွင် သက်တမ်းအရှည်ဆုံး အဆောက်အဦ ဖြစ်သည်။ အခန်းသို့ အဝင်ပေါက်သည် ကျောက်မျောကျောက်ကို ထွင်းထုထားပြီး တံခါးတစ်ခုလည်း ပါဝင်သည်။ အတွင်းဘက်နံရံနှင့် မျက်နှာကြက်သည် Kandyan ခေတ်ကာလက နံရံဆေးရေးပန်းချီများဖြင့် တန်ဆာဆင်ထားသည်။ Kandyan ခေတ်၏ နောက်ပိုင်းကာလအချိန်များကို ဖော်ပြထားသည်။ ကျောင်းတော်ရှိ ရုပ်ပွားတော်တည်ရှိရာကျောင်းဆောင်တွင် အတွင်းပိုင်းနှင့် အပြင်ပိုင်းဟူ၍ ပါဝင်သည်။ ဘုရားကျောင်းဆောင်သို့ အဝင်ပေါက်သည် အမိုးခုံးသုံးခု ပါဝင်နေဟန် ဖြစ်နေသည်။ အတွင်းပိုင်းတွင် ရပ်တော်မူ၊ လျောင်းတော်မူနှင့် ထိုင်တော်မူ ရုပ်ပွားတော် သုံးခု ရှိသည်။ အတွင်းနှင့် အပြင် အခန်းနှစ်ခုစလုံး၏ နံရံနှင့် မျက်နှာကြက်များသည် ဇာတကဝတ္ထုပုံပြင်များဖြင့် ပန်းချီရေးဆွဲထားသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Gazette 1919 & 12 June 2015, p. 394.
  2. ၂.၀ ၂.၁ Kande Viharaya Temple။ tour.lk။ 25 December 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 December 2016 တွင် ပြန်စစ်ပြီး။
  3. Kande Vihare Temple, Aluthgama။ www.tourslanka.com။ 25 December 2016 တွင် ပြန်စစ်ပြီး။
  4. Kande Viharaya – Aluthgama – අලුත්ගම කන්දේ විහාරය။ Amazinglanka။ 25 December 2016 တွင် ပြန်စစ်ပြီး။
  5. ၅.၀ ၅.၁ Kande Viharaya Buddhist temple – One of the most importanat places of worship in Sri Lanka။ wellknownplaces.com (31 March 2015)။ 25 December 2016 တွင် ပြန်စစ်ပြီး။
  6. Kande viharaya temple။ apartmentslanka.com။ 28 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 December 2016 တွင် ပြန်စစ်ပြီး။