ကနောင်ဖောင့်ကွန်ဘတ်တာ

ဝီကီပီးဒီးယား မှ

မြန်မာစာ ကွန်ပြူတာစာစီရာတွင် ဖောင့်အခက်အခဲများကို ဖြေရှင်းရန် ကနောင်ဖောင့်ကွန်ဗတ်တာ ကို တီထွင်ခဲ့သည်။ ဝင်းဘားမိ၊ ဝင်းအင်းဝ ..စသည့် ကနဦးဖောင့်များမှ၊ ခေတ်စားနေသော ဇော်ဂျီနှင့်ယူနီကုတ်ဖောင့်များသို့ အလွယ်တကူပြောင်းရန်ဖြစ်သည်။ ဇော်ဂျီဖောင့်ဖြင့် အသားကျနေသူများအတွက် အွန်လိုင်း ဖောင့်ကွန်ဗတ်တာ ရှိသည်။ ကနောင်ဖောင့်ကွန်ဘတ်တာကို ဒေါင်းလုပ်ပြီး ဇော်ဂျီဖောင့်မှ ယူနီကုတ် ၅.၂ ဖောင့်သို့ အလွယ်တကူပြောင်းယူနိုင်သည်။

အထူးသဖြင့် အွန်လိုင်းမြန်မာစွယ်စုံကျမ်းတွင် အချက်အလက်များ ၃သောင်းခန့်သာရှိသေးသဖြင့် လုပ်အားပေးများလိုအပ်နေသည်။ ကနောင်ကွန်ဗတ်တာကို အသုံးပြုပြီး အွန်လိုင်းမြန်မာစွယ်စုံကျမ်းကို ပါဝင်ရေးသား၊ ကူညီနိုင်သည်။