ကနဖော့

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ကနဖော့
မျိုးရိုးခွဲခြားခြင်း
လောက:
(unranked):
(unranked):
(unranked):
မျိုးစဉ်:
မျိုးရင်း:
မျိုးစု:
မျိုးစိတ်:
E. fluctuans
ဒွိနာမ
Enydra fluctuans
Lour.

Enhydra fluctuans Lour (ကနဖော့)[ပြင်ဆင်ရန်]

  • Botany Term : Enhydra fluctuans Lour
  • Species/Family : Compositae

အလွန်သေးငယ်သော အရပ်ဒေသများမှအပ မြန်မာနိုင်ငံအနှံ့အပြား ရေချိုပိုင်း ရေစပ်များတွင် ပေါက်ရောက်သည်။ သဘာ၀အလျောက် အလေ့ကျပေါက်သည်။

ရခိုင်လူမျိုးများသည် ကနဖော့ ကို ခေါင်းရော် ဟုခေါ်ကြသည်။

ပုံသဏ္ဌာန်[ပြင်ဆင်ရန်]

  • အပင် ရေစပ် ရွှံ့နွံများကြား၌ ပေါက်သည့် ပင်ပျော့ပင်ငယ်တစ်မျိုး ဖြစ်သည်။ အမြင့် ၁- ၂ ပေထိ ရှိ၏။ တစ်ပင်လုံး ပြောင်ချောနေသည်။ သို့မဟုတ် တစ်ခါတစ်ရံ အမွေးနုများ ဖုံးလွှမ်းနေသည်။ ကိုင်းဖြာသည်။ အဆစ်များမှ ဖော့ကဲ့သို့ ပေါ့ပါးသော အဖြူရောင် အမြစ်များ ဖြာထွက်သည်။
  • အရွက် ရွက်ဆိုင် အလှည့်ကျထွက်သည်။ အရွက်များ သေးသွယ်ပြီး ငှက်တောင်ပုံ ရှိသည်။ ၁ လက်မမှ ၃ လက်မထိ ရှည်သည်။ ရွက်ရင်း ကျဉ်းသွယ်သည်။ ရွက်ညှမဲ့၍ ရွက်နားညီသည်။ သို့မဟုတ် သေးငယ်သော ခွေးသွားစိပ်များ ရှိသည်။
  • အပွင့် စိမ်းနုရောင်ရှိသည်။ ပွင့်ညှာမဲ့သည်။ ထိပ်ထွက်ပန်းပွင့် ဖြစ်သည်။ ပွင့်ချိန်မှာ သီတင်းကျွတ်လမှ တပေါင်းလ အထိ ဖြစ်သည်။
  • အသီး တစ်စေ့သီး ဖြစ်သည်။

အသုံးပြုနိုင်သည့်အစိတ်အပိုင်းများ[ပြင်ဆင်ရန်]

ပဉ္စငါးပါး ၊ အများအားဖြင့် အရွက်ကို သုံးသည်။

မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ[ပြင်ဆင်ရန်]

အလွန်သေးငယ်သော အရပ်ဒေသများမှအပ မြန်မာနိုင်ငံအနှံ့အပြား ရေချိုပိုင်း ရေစပ်များတွင် ပေါက်ရောက်သည်။

ပေါက်ရောက်ပုံ[ပြင်ဆင်ရန်]

သဘာ၀အလျောက် အလေ့ကျပေါက်သည်။

အသုံးဝင်ပုံ[ပြင်ဆင်ရန်]

  • အာနိသင် : မြန်မာဆေးကျမ်းများ အလိုအရ ကနဖော့သည် ငန်ခါး အရသာ ရှိ၏။ သည်းခြေ၊ သလိပ်ကိုနိုင်၏။ ဖောရောင်ခြင်း ၊ နူနာ၊ အရေပြားရောဂါ၊ ချောင်းဆိုးရောဂါ စသည်တို့မှ ကင်းဝေး၏။

အသုံးပြုပုံ[ပြင်ဆင်ရန်]

  • အရွက်
  1. အရွက်ကိုကြိတ်၍ ဦးခေါင်းတွင် အုံပေးခြင်းဖြင့် ဦးနှောက် ပူခြင်းကို အေးစေသည်။ အရေပြားနှင့် အကြောရောဂါများ အတွက်လည်း သုံးသည်။
  2. အရွက်ရည်ကို နွားနို့နှင့် ဖြစ်စေ ၊ ဆိတ်နို့နှင့် ဖြစ်စေ သောက်သုံးခြင်းဖြင့် ဆီးပူညောင်းကျနာကို ပျောက်စေသည်။
  • ပဉ္စငါးပါး
  1. ကနဖော့ကို ပြုတ်၍ တို့စားခဲ့သော်လည်းကောင်း ၊ ပြုတ်ရည်ဖြင့် ချွေးအောင်းခဲ့သော်လည်းကောင်း ဖောရောင်ခြင်း ပျောက်၏။
  2. ကနဖော့ ပဉ္စငါးပါးရည် အနည်းငယ်မျှ သောက်သော် ကျောက်ဖြူပေါက်သောရောဂါ ၊ အရေပြားရောဂါ ၊ ခြင်ဆီကို တိုးသောရောဂါများ ပျောက်ကင်း၏။
  3. ကနဖော့ရည်ကို ပျားရည်နှင့် ရောသောက်သော် ကျောက်ရောဂါ ပျောက်ကင်း၏။
  4. ကနဖော့ တစ်ပင်လုံးအား ဆန်ဆေးရည် ၊ မုန်ညင်းဆီထည့်၍ပြုတ်ပြီး ဆားအနည်းငယ် ထည့်သောက်ခြင်းဖြင့် အသည်း အားနည်း သောရောဂါကို ပျောက်ကင်းစေ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. http://arogyamonline.com/commodity/materials/?raw=84