ကတိုးနှာ
ပုံပန်းသွင်ပြင်
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
ကတိုးနှာ သည် နှာချေစေရန် ရှူရသော ရိုးရာဆေးမှု့န့်တစ်မျိုးဖြစ်သည်။ ရှေးက အကြောတက်ဝေဒနာရှင်များ၊ ခေါင်းမူးခေါင်းကိုက် ဝေဒနာရှင်များကို နှာချေစေလျှင် သက်သာသည်ဟု ယုံကြည်ကြသည်။ အနည်းငယ် ရှူစေရုံမျှဖြင့် နှာခေါင်းတွင်းကြွက်သားများ လှုပ်ရှားစေပြီး နှာချေပြီးသွားပါက ဝေဒနာသက်သာသည် ဟူ၍ အိမ်တိုင်းတွင် ဆောင်ထားတတ်သော ဆေးတစ်မျိုး ဖြစ်သည်။
ပါဝင်ပစ္စည်းများမှာ ကတိုးဆီ၊ ကရမက်၊ ပရုတ်၊ ငရုတ်ပွင့်၊ သစ်ကြမ်းပိုးခေါက်၊ စန္ဒကူး စသည့် အမွှေးနံ့သာများ ဖြစ်သည်။ အဓိက ပါဝင်သည့်ရနံ့ ကတိုးနံ့ကို အစွဲပြု၍ ကတိုးနှာဟု ခေါ်တွင်ခဲ့ကြသည်။ ကတိုးဆီ ထုတ်ယူရသည့် ကတိုးကောင်များ မျိုးသုဉ်းရှားပါးလာသည့်နောက်တွင် ကတိုးနှာဆေး ထုတ်လုပ်ရောင်းချမှုလည်း ပျောက်ကွယ်လာသည်။ ကတိုးရနံ့အစား ပရုတ်နံ့ပိုကဲသော တရုတ် နှင့် အနောက်တိုင်းလုပ် နှာရှူဆေးများကို အစားထိုး သုံးစွဲလာကြသည်။
ကိုးကား
[ပြင်ဆင်ရန်]
ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |