ကဏ္ဍ:အချိန် ခရီးသွားသူများ

ဝီကီပီးဒီးယား မှ

၂၁ ရာစုအထိ အချိန်ခရီးသွားနေသူတစ်ဦးအကြောင်း ဖော်ပြချက်

ယခုဖော်ပြချက်၌ပါရှိသော အမျိုးသားမှာ အမည်မဖော်လိုသူ မြန်မာနိုင်ငံသားတစ်ဦး ဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် ထိုအမျိုးသား၏ အသက်မှာ ၂၀ ကျော် (အတိအက်မဖော်ပြလို)သာ ရှိသေးသည်။ ထိုအမျိုးသားသည် ယခုအခါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ နေထိုင်လျက်ရှိသည်။ ထိုအမျိုးသား၏ အချိန်ခရီးသွားမှုသည် ၂၀၀၈ ခုနှစ်၌ ယခု Wiki ရေးသူ ကျွန်တော့်အား ထူးခြားဆန်းကြယ်သော အဖြစ်အပျက်တစ်ခုကို ပြောပြခဲ့သည်။

၁ ဘီစီ (- ၁ ခုနှစ်) ၌ ဤကမ်ဘာမြေ၌ ဧကရာဇတိုင်းပြည်တစ်ခု ရှိခဲ့လေသည်။ ၎င်းဧကရာဇတိုင်းပြည်သည် ဧကရာဇ္စနစ္ကို ကျင့်သုံး၍ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြဌာန်းရေးတို့နှင့် အခြားကဏ္႑ရပ် အတော်များများသည် ဧကရာဘုရင်၏ နှုတ်တော်တွင်သာ တည်လေသည်။ ၎င်းဧကရာဇ်ဘုရင်၏ သက်တမ်းသည် အနှစ် ၁သိန်း ဖြစ်သည်။ သို့သော် အနှစ် ၉၀၀ တွင် နတ်ရွာစံ ကံကုန်ခဲ့သည်။ ထိုစဉ်က ယနေ့ခေတ် သိပ္ပံပညာများ ထွန်းကားခဲ့သလို လောကီအစီအရင် ပညာရပ်များလည်း ထွန်းကားခဲ့သည်။ ဧကရာဇ်သည် ထိုပညာရပ္မ်ားကို အသုံးပြု၍ တိုင်းပြည်ကို အုပ်ချုပ်ခဲ့သည်။ ဖခမည်းတော် ထားရှိခဲ့သည့် အနာဂတ္ဘဝ မှတ်တမ်းစာအုပ်မှ မှာကြားချက်များအတိုင်း ဆောင်ရွက်ခဲ့ရာ သက်တော် ၁၈ နှစ်တွင် အိမ်နီးချင်း တိုင်းပြည်၏ စီးပွားရေး မဟာမိတ် ဖိတ်ကြားချက်တစ်ခုဖြင့် လက်ခံရရှိ၍ ထိုတိုင်းပြည်သို့ ကြွချီခဲ့ရာ ၎င်းတိုင်းပြည်၏ အိမ်ရှေ့စံမင်းသားအား မြင်မြင်ချင်း သေဘာက်မိ၍ မဟာမိတ် ဖြစ်လိုက အိမ်ရှေ့စံနှင့် ထိမ်းမြှားလိုကြောင်း ပြောကြားခဲ့သည်။ အိမ်နီးချင်းတိုင်းပြည်ဘုရင်က မဟာမိတ်မပြု၍ မဖြစ်သော အခြေအနေသို့ ရောက်ရှိနေ၍ သဘောတူကြည်ဖြူစွာ အိမ်ရှေ့စံမင်းသားအား ဧကရာဇတိုင်းပြည်သို့ ပဒေသရာဇ် (ထိုစဉ်က ဧကရာဇ်၏ အမျိုးသားသည် ဓကရာဇ်ကဲ့သို့ အာဏာတည်သော ပဒေသရာဇ်ရာထူး ရသည်) အဖြစ် အပ်နှံစေခဲ့သည်။ ထိုသတင်းသည် တိုင်းပြည်အတော်များများထိ ပျံ့နှံ့သွားကာ ဧကရာဇတိုင်းပြည်နှင့် မဟာမိတ်မပြုလိုကြောင်း သဝဏ်လွှာများ ရရှိခဲ့သည်။ ဧကရာဇ်၏ ရဲရင့်ပြတ်သားမှုနှင့် လုံ့လတို့ကြောင့် အိမ်နီးချင်း မဟာမိတ် တိုင်းပြည်များမှ အလျင်အမြန် ပြန်လည် တောင်းပန်ကြရသည့်အခြေအနေမျိုးသို့ ရောက်ရှိခဲ့သည်။ ဧကရာဇ်သည် ပဒေသရာဇ်၏ အချစ်ဦးကို ဆွတ်ယူရန် ၃ နှစ်တိတိ အချိန်ယူခဲ့သည်။

ဧကရာဇတိုင်းပြည်ကို စိုးစံခဲ့သော မင်းတရားကြီး၏ ထီးမွှေးနန်းမွှေကို သက်တော် ၁၂ နှစ်အရွယ်တွင် ဧကရာဇ်မှ လွှဲပြောင်း ရယူခဲ့ခြင်းဖြစ်၍ ငယ်ရွယ်ထက်မြတ်သော ဧကရာဇ်ပင် ဖြစ်လေသည်။ ပဒေသရာဇ်၏ အချစ်ဦးကို ရယူပြီးသည့်အချိန်မှစ၍ တိုင်းပြည်သည် ပိုမိုစည်ပင်သာယာလာခဲ့သည်။ ထိုစဉ်ကတည်းက လိင်တူလက်ထက်ထိမ်းမြှားခြင်းတို့ စတင်ခဲ့သည်ဟု ဆိုရပေမည်။ ဧကရာဇ်သည် တစ်ပါးတည်းရှိနေလျှင် လောကဓာတ်ပညာရပ်ကို လေ့လာလိုက်စား၍ လောကဓာတ်ပညာကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သူဖြစ်သည်။ အတိတ်နှင့်အနာဂတ်ကို နှစ်ပေါင်း ၈၀၀ ခန့် မြင်နိုင်စွမ်း ရှိသည်။ ထိုအချိန်က ယနေ့ခေတ် ရုပ်ရှင်များ၌ ခေတ်စားနေသော ဇွန်ဘီဗိုင်းရပ်ပိုးကဲ့သို့ ဆင်တူရောဂါပိုးတစ်ခုလည်း ပျံ့နှံ့ခဲ့ဖူးသည်။ ထိုရောဂါသည် အိမ်နီးချင်း မဟာမိတ် တိုင်းပြည်များ စတင်ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ အိမ်နီးချင်း မဟာမိတ် တိုင်းပြည်များထဲမှ ဧကရာဇ္ကို တိုက္ခိုက္လို၍ ထိုရောဂါပိုအား ထုတ်လွှတ်ခဲ့သည်။ ရောဂါကူးစက်သူများသည် အသိဉာဏ် ချွတ်ယွင်းကာ ဆာလောင်မှုနှင့် ရန်လိုမှုသာ ရှိတော့သည်။ တိုင်းပြည်ကို ကျုးကျော်လာသည့် ရောဂါကူးစက်သူများကို အရှေ့တံခါး၊ အေနာက္တံခါး၊ တောင်တံခါး၊ မြောက်တံခါး၊ အရှေ့တံတိုင်း၊ အနောက်တံတိုင်း၊ တောင်တံတိုင်း၊ မြောက်တံတိုင်းတို့မှ စစ်သည်အင်အား တစ်သိန်းစီဖြင့် ချေမှုန်းသုပ်သင်ရန် အမိန့်ပေးခဲ့သည်။ ထိုအချိန်၌ သက်တော် ၂၄ နှစ် ရှိပြီဖြစ်သည်။

ထိုစဉ်က ဖွဲ့စည်းထားသော နန်းတော်သည် အပြင်မှကြည့်လျှင် ကျဉ်း၍ အတွင်း၌ အတိုင်းအဆမရှိ ကျယ်ဝန်းအောင် ဧကရာဇ်မှ ဖန်တီးထားခြင်း ဖြစ်သည်။ နန်းတော်ဖွဲ့စည်းမှုအပြည့်အစုံကို ဧကရာဇ်တစ်ဦးတည်းသာ အသေးစိတ် သိရှိသည်။ ရောဂါပိုးပျံ့နှံ့ချိန်က အကူအညီ တောင်းခံခဲ့သော အိမ်နီးချင်း မဟာမိတ် တိုင်းပြည်ငယ်တစ်ခုမှ ရှင်ဘုရင်အား မိဖုရားအဖြစ် ချီးမြှောက်၍ တိုင်းပြည်နှစ်ခု ပူးပေါင်း၍ အကာအကွယ်ပေး ခဲ့သည်။

ဧကရာဇ်တွင် ပဒေသရာဇ် တစ်ဦး၊ မိဖုရား ၃၆ ဦး၊ ကိုယ်လှုပ်တော် ၃၀၀ ဦး၊ ခြွေရံတော် ၅၀၅၃ ဦး ရှိခဲ့သည်။ အိမ်ရှေ့စံ ၃ ဦး၊ တော်ဝင်မင်းသား ၆၀ ဦး၊ ပြင်ပမင်းသား ၁၂ ဦး ရှိခဲ့သည်။ ပဒေသရာဇ်သည် ဓကရာဇ်ကဲ့သို့ အာဏာတည်သော်လည်း တစ်ချက်လွှတ်အမိန့် ထုတ်ပြန်မရချေ။ အိမ်ရှေ့စံများသည် ဧကရာဇ်၏ ရာဇပလ္လင်တော်၌ စံစားခွင့်ရှိပြီး ပဒေသရာဇ်မှ ခံစားခွင့် မရှိချေ။ တော်ဝင်မင်းသားတို့ကား တိုင်းပြည်၏ ကဏ္႑အသီးသီး၌ တာဝန်ယူရသည်။

တိုင်းပြည် အုပ်ချုပ်ရေး အဖွဲ့ကား ဧကရာဇ်၊ ပဒေသရာဇ်၊ အိမ်ရှေ့စံမင်းသားများ၊ အထိန်းတော်ချုပ်၊ ကာကွယ်ရေးတပ်မှူးချုပ်၊ ကုန်းလမ်းကာကွယ်ရေးမှူး၊ ရေလမ်းကာကွယ်ရေးမှူး၊ မြို့နယ်အမတ်မင်း၊ ပြည်နယ်အမတ်မင်း၊ လုံခြုံရေးတပ်မှူး၊ စစ်သည်အင်အားဦးစီးချုပ်၊ နယ်စပ်အမတ်မင်း၊ မော်ကွန်းထိန်းသိမ်းရေးအမတ်မင်း၊ ပို့ဆောင်ဆက်သွယ်ရေးအမတ်မင်း၊ စက်မှုလက်မှုဦးစီးမှူး၊ ဘဏ္႑ာရေးအမတ်မင်းတို့မှ ပါဝင်ကြသည်။

နန်းတွင်းအဖွဲ့ဝင်များကား ဧကရာဇ်၊ အိမ်ရှေ့စံမင်းသားများ၊ ပဒေသရာဇ်၊ အထိန်းတော်ချုပ်၊ အတွင်းဝန်အမတ်မင်း၊ ဘဏ္႑ာရေးအမတ်မင်း၊ စီမံရေးအမတ်မင်း၊ လုံခြုံရေးတပ်မှူး၊ မော်ကွန်းထိန်းသိမ်းရေးအမတ်မင်း၊ ပို့ဆောင်ဆက်သွယ်ရေးအမတ်မင်း၊ စက်မှုလက်မှုဦးစီးမှူး၊ ကာကွယ်ရေးတပ်မှူးချုပ်၊ ကုန်းလမ်းကာကွယ်ရေးမှူး၊ ရေလမ်းကာကွယ်ရေးမှူးနှင့် တော်ဝင်မင်းသားများ ပါဝင်ကြသည်။

အထိန်းတော်အဖွဲ့ဝင်များကား အထိန်းတော်ချုပ်၊ အတွင်းဝန်အမတ်မင်း၊ ဘဏ္႑ာရေးအမတ်မင်း၊ အတိုင်ပင်ခံအမတ်မင်း၊ အနုပညာဦးစီးမှူး၊ စက်မှုလက်မှုဦးစီးမှူး၊ ကာကွယ်ရေးတပ်မှူးချုပ်၊ ကုန်းလမ်းကာကွယ်ရေးမှူး၊ ရေလမ်းကာကွယ်ရေးမှူး၊ စွမ်းအင်ကွပ်ကဲရေးတပ်မှူး၊ နန်းတွင်းအပျိုတော်များနှင့် ကျန်အမတ်မင်းများ ပါဝင်ကြသည်။

အိမ်ရှေ့စံမင်းသားများသည် ဓကရာဇ်ကဲ့သို့ အာဏာတည်သော်လည်း ပဒေသရာဇ်၏ လက်အောက်၌သာ ရှိသည်။ ပထမအိမ်ရှေ့စံသည် ပဒေသရာဇ်၏ သားတော်ဖြစ်သည်။ ဒုတိယအိမ်ရှေ့စံသည် မိဖုရားကြီး၏ သားတော်ဖြစ်သည်။ တတိယအိမ်ရှေ့စံသည် လက်ယာရံ ကိုယ်လှုပ်တော်၏ သားတော် ဖြစ်သည်။ (ထိုစဉ်က ဥပေဒအရ ဖြစ်သည်)

တိုင်းပြည်တစ်ဝန်းလုံးသည် ဧကရာဇ်သာလျှင် ပိုင်ဆိုင်သည်။ ဧကရာဇ်၏ စည်းစိမ်ကို ပဒေသရာဇ်သာလျှင် ခံစားခွင့်ရှိသည်။ ဧကရာဇ် ကံကုန်ပါက ပဒေသရာဇ်သည် ဧကရာဇ် ဖြစ်သည်။ ပဒေသရာဇ် ကံကုန်ပါက ပထမအိမ်ရှေ့စံသည် ဧကရာဇ် ဖြစ်သည်။ ပထမအိမ်ရှေ့စံ ကံကုန်ပါက ဒုတိယအိမ်ရှေ့စံသည် ဧကရာဇ် ဖြစ်သည်။ တတိယအိမ်ရှေ့စံအထိ အစဉ်အတိုင်း ဖြစ်သည်။

ထိုစဉ်က ဥပေဒအရ ဧကရာဇ်မှအပ တော်ဝင်မျိုးနွယ်သည် မျိုးနွယ်ဝင်ချင်းသာ လက်ထက်ရခြင်းဖြစ်သည်။ ပြင်ပလူနှင့် လက်ထက်မိပါက သေဒဏ် ကျူးလွန်သည်ဟု သတ်မှတ်သည်။ တော်ဝင်မျိုးနွယ်ဝင်များကို ဧကရာဇ်မှ အချိန်မရွေး လက်ထက်နိုင်သည်။

ထူးခြားချက်တစ်ခုမှာမူ တော်ဝင်မျိုးနွယ်များသည် အမျိုးသားများပင် ဖြစ်ပြီး ထိုစဉ်က ကိုယ်ဝန်ဆောင်ချိန်သည် ၇ ရက္သာ ကြာသည်။

ထိုခေတ်က အကြောင်းအရာ အသေးစိတ်အား "1 BC, Emperor" စာအုပ်၌ ဖတ်ရှုလေ့လာနိုင်သည်။ ဧကရာဇ်ကိုယ်တိုင် ပြုစုခဲ့သော စာအုပ် ဖြစ်သည်။ လက်ရေးဖြင့်သာ ပြုစုခဲ့သည်။ ထိုစာအုပ္ကား ယနေ့ ကမ်ဘာတွင် တစ်အုပ်သာ ကျန်ရှိသည်။ ထိုတစ်အုပ်ကို ယခု အချိန်ခရီးသွားနေသူ၌သာ ရှိပေသည်။

ဧကရာဇ် ကံကုန်ခါနီးတွင် ဧကရာဇ်အရိုက်အရာ ဆက်ခံပွဲ ကျင်းပခဲ့သည် (ထုံးတမ်းအစဉ်အလာအရ ဧကရာဇ် နာမကျန်းဖြစ်သော်လည်း ကျင်းပရသည်)။ ထိုစဉ်က ဧကရာဇတိုင်းပြည်၏ နန်းတော်တည်ရာသည် ယနေ့ မြန်မာနိုင်ငံပင် ဖြစ်သည်။ တောင်ဘက်အရှည်ကား ရှရားနိုင်ငံအထိ ကျယ်၍ မြောက်ဘက်အရှည်ကား စင်ကာပူနိုင်ငံအထိ ကျယ်ဝန်းသည်။ အရှေ့ဘက်အရှည်ကား ဖိလစ်ပိုင်ပင်လယ်အထိ ဖြစ်ပြီး အနောက်ဘက်အရှည်ကား ပါကစ္စတန်နိုင်ငံအထိ ကျယ်ဝန်းသည်။

ဧကရာဇ်သည် ယခုအခါ အချိန်ခရီးသွားနေသူပင် ဖြစ်သည်။ ယခု အချိန်ခရီးသွားနေသူသည် ၂၀၂၁ ခုနှစ်တွင် အသက် ၂၀ ကျော်သာ ရှိလိမ့်မည်ဟု ယူဆရသည်။

၂၀၀၈ ခုနှစ်ခန့်က ထိုအမျိုးသား၏ အချိန်ခရီးသွားမှုသည် စတင်ပြောင်းလဲလာခဲ့သည်။ ယနေ့ခေတ် ရုင်ရှင်များထဲကလို အချိန်ခရီးသွားခြင်းနှင့်မတူညီဘဲ ဤကမ်ဘာကြီး၏ အဖြစ်အပျက်တစ်ခုကို ထူးဆန်းစွာ အိပ်မက်မြင်မက်ခဲ့သည်။ ထိုအိပ္မက္ကို ထပ်ခါထပ်ခါ မြင်မက်ခဲ့၍ စာရေးသူထံ ပြောပြခဲ့ခြင်း ဖြစ်ရာ အချိန်ခရီးသွားနေသူတစ်ဦးဖြစ်ကြောင်း သိရသည်။ ထိုသူ၏ အချိန်ခရီးသွားသော့မှာ ရွှေရောင်အဆင်းရှိသော ဝါးချောင်းငယ်သာ ဖြစ်ပြီး ပြိုင်ဘက်ကမ်ဘာဝင်ပေါက်ကို စာရေးသူကို ပြခဲ့ဖူးသည်။

အချိန်ခရီးသွားနေသူ ထိုလူငယ်သည် ယခုအခါ ဘယ်အရပ်၌ နေထိုင်သနည်းကို စာရေးသူမှ မေးခဲ့ဖူးသည်။ ဧကရာဇ်မှ ပြန်လည်ဝင်စား၍ အချိန်ခရီးသွားနေသူ (စာရေးသူအားပြောပြသူ) သည် ၂၀၁၉ ခုနှစ်နောက်ပိုင်း၌ ထိုလူငယ်၏ အချိန်ခရီးသွားမှုသည် အလိုအလျောက် ရပ်တန့်သွားလိမ့်မည်ဟု ပြောခဲ့သည်။ စိတ်ဝင်စားဖွယ်ရာအကြောင်းဖြစ်သည် ထပ္မံစပ္စုခဲ့ရာ လောကီမှအထွက်တံခါး လောကုတ်တရာ အဝင်တံခါးကို ရှာဖွေနိုင်လျှင် အချိန်ခရီးသွားမှုသည် အလိုအလျောက် ရပ်တန့်သွားလိမ့်မည်ဟု ဖြေကြားခဲ့သည်။ တစ်နည်းအားဖြင့် တစ်မဂ်တစ်ဖိုလ် ရရှိ၍ သောတာပန်ဖြစ်လျှင် ထိုအချိန်ခရီးသည် အလိုအလျောက် ပျက်ပြယ်သွားသည်။ ဤေလာက၌ ထိုသူ ကျင်လည်စရာ ဘဝအသစ် မရှိနိုင်တော့သောကြောင့်ဟု ဖြေသည်။ ယခု စာရေးသူသည် ၂၀၂၅ ခုနှစ်တွင် အသက် ၇၀ ရှိချေပြီ။

ကဏ္ဍ "အချိန် ခရီးသွားသူများ" မှ စာမျက်နှာများ

ဤကဏ္ဍတွင် အောက်ပါစာမျက်နှာသာ ရှိသည်။