မာတိကာသို့ ခုန်သွားရန်

ကဏ္ဍ:မြန်မာ ရေဆေး ပန်းချီဆရာများ

ဝီကီပီးဒီးယား မှ
ကဏ္ဍသည် အာရှနိုင်ငံတစ်ခုဖြစ်သော မြန်မာနိုင်ငံမှ ရေဆေး ပန်းချီဆရာများအကြောင်း ဆောင်းပါးများ ဖြစ်သည်။

မာလာ ( မြန်မာ ပန်းချီဆရာ ) မြန်မာနိုင်ငံ အထက်ပိုင်း မတ္တရာမြို့နယ် နန်းတေ်ကျွန်းကျေးရွာတွင် ၁၉၅၃ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ဦးမာလာသည် ကျေးလက်နေပြည်သူများ၏ ခက်ခဲသော ဘဝစိန်ခေါ်မှုများကြားတွင် ကြီးပြင်းလာသူဖြစ်ပြီး အစ်ကို သုံးဦး၊ ညီငယ်နှစ်ဦးနှင့် ညီမငယ်တစ်ဦးတို့နှင့်အတူ ကြီးပြင်းခဲ့သည်။ ပန်းချီအနုပညာကို ငယ်ငယ်ကတည်းက ဝါသနာပါခဲ့ပြီး ငွေကြေးအခက်အခဲရှိသော်လည်း တဉီးတည်းကြိုးစားရုန်းကန်ရင်း မန္တလေး အမျိုးသားအနုပညာကျောင်းတွင် ၁၉၇၃ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ ပညာဆည်းပူးခဲ့သည်။ ဦးကံညွန့်၊ ဦးအေးကျော်၊ ဦးကျော်လေး၊ ဦး‌တင်အေး၊ ဦးဇော်ဝင်း နှင့် ဦးဝင်းမောင်တို့ကဲ့သို့ ချစ်ခင်လေးစားရသော ပန်းချီပညာရှင်ကြီးများ၏ သွန်သင်မှုအောက်တွင် ပန်းချီဘွဲ့ရခဲ့သည်။ သူ၏အသက်မွေးဝမ်းကြောင်းတစ်လျှောက်တွင် ရှေးဟောင်းသုတေသနဦးစီးဌာနနှင့် မန္တလေးမြို့ အနုပညာကျောင်းအပါအဝင် တက္ကသိုလ်အသီးသီးတွင် နည်းပြဆရာအဖြစ် ဆောင်ရွက်ခဲ့သည်။ ဦးမာလာ၏ အနုပညာဖန်တီးမှုများသည် စာရွက်နှင့်ကင်းဗတ်ပေါ်တွင် ရေဆေးမှသည် ဆီနှင့် acrylic တို့ကိုအသုံးပြု၍ မြန်မာ့သမိုင်းဝင်နေရာများ၊ မြန်မာ့အလှ မြန်မ့ရှုမျှော်ခင်းများနှင့် မြန်မာလူမျိုးများ၏ လူနေမှုနေ့စဉ်ဘဝ ယဉ်ကျေးမှု ဓလေ့စရိုက်များကို အဓိကထား ပုံဖော် ရေးဆွဲခဲ့သည်။ မြန်မာ့ရေဆေးပန်းချီအသင်း (MWS) ကို တည်ထောင်ခဲ့ပြီး မြန်မာ့ပန်းချီအနုပညာလောကတွင် ရေရှည်တည်တံ့စေသော လက်ရာအမွေအနှစ်များကို ချန်ထားခဲ့ကာ နိုင်ငံတကာတွင် အသိအမှတ်ပြုမှု ရရှိခဲ့သည်။ ဝမ်းနည်းစရာမှာ ဦးမာလာသည် ၂၀၂၁ ခုနှစ် သြဂုတ်လ (၂၀)ရက်နေ့တွင် COVID-19 ကြောင့် ကွယ်လွန်သွားခဲ့ပြီး သူ၏ကြွယ်ဝသော အနုပညာအမွေအနှစ်များနှင့် မြန်မာ့ယဉ်ကျေးမှုအခင်းအကျင်းအပေါ်ထားရှိသော သူ၏ဖန်တီးမှုပန်းချီကားများသည် ထိုက်သင့်သောအကျိုးသက်ရောက်မှုများ ကျန်ရစ်စေခဲ့ပါသည်။ပန်းချီဆရာကြီးဦးမာလာ#Artist Marlar, Mandalay Myanmar.[]

  1. ပန်းချီဆရာကြီးဦးမာလာ#Artist Marlar, Mandalay Myanmar.

ကဏ္ဍ "မြန်မာ ရေဆေး ပန်းချီဆရာများ" မှ စာမျက်နှာများ

ဤကဏ္ဍတွင် အောက်ပါစာမျက်နှာသာ ရှိသည်။