မာတိကာသို့ ခုန်သွားရန်

ကညာစစ်သည်

ဝီကီပီးဒီးယား မှ

ကညာစစ်သည် ( ဘန်းစကား) ဆိုသည်မှာ မြန်မာဗန်းစကား ဖြစ်သည်။ နှေးကွေးလေးလံစွာ ပြုလုပ်သည်ကို ဖော်ပြရာ၌ အသုံးပြုသည်။[]

အဓိပ္ပါယ်

[ပြင်ဆင်ရန်]

အပျိုစင်မိန်းကလေးများသည် ရဲတင်းဖျတ်လတ်ခြင်း နည်းပါး၍ မရဲတရဲ၊ မဝံ့တဝံ့နှင့် ရှက်စနိုးအမူအရာဖြင့် နှေးကွေးဇာချဲ့ ၍ပြုမူလှုပ်ရှားတတ်ကြသည် ဖြစ်ရာ၊ တစ်စုံတစ်ရာကို နှေးကွေး လေးလံစွာ ကနွဲ့ ကလျ လှုပ်ရှားဆောင်ရွက်နေသူအား အပျိုစင်ကလေးကဲ့သို့ ပြုလုပ်နေလေရော့သလားဟု အပြစ်တင်သောအားဖြင့် အပျိုစစ်ကျနေသည်၊ ကညာစစ်နေသည် စသည်ဖြင့် တင်စားပြောဆိုကြသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 မြန်မာဘန်းစကား အဓိပ္ပာယ်နှင့် အသုံးအနှုန်း - လှသမိန်