ကင်းဝန်မင်းကြီးကျောင်း

ဝီကီပီးဒီးယား မှ
ကင်းဝန်မင်းကြီးကျောင်း
ကင်းဝန်မင်းကြီးကျောင်း သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကင်းဝန်မင်းကြီးကျောင်း
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
ကိုဩဒိနိတ်21°57′57″N 96°04′22″E / 21.965789°N 96.072651°E / 21.965789; 96.072651ကိုဩဒိနိတ်: 21°57′57″N 96°04′22″E / 21.965789°N 96.072651°E / 21.965789; 96.072651
ဘာသာရေး နှီးနွယ်မှုTheravada Buddhism
နိုင်ငံMandalay, Mandalay Region, Burma
ဗိသုကာ
တည်ထောင်သူKinwun Mingyi U Kaung
ပြီးစီး၁၈၇၉; ၁၄၅ နှစ် အကြာက (၁၈၇၉)

ကင်းဝန်မင်းကြီးကျောင်း (သာကဝန်ကျောင်းဟုလည်း သိကြ) သည်[၁] မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် တည်ရှိသည့် ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။[၂] သစ်သားကျောင်း ဖြစ်ကာ ၁၈၇၉ ခုနှစ်တွင် ကင်းဝန်မင်းကြီးဦးကောင်းက တည်ဆောက်ခဲ့သည်။

တည်ဆောက်မှုအာလုံးကို ကျွန်းသားဖြင့်သာ ဆောက်လုပ်ထားသည်။ ကျောင်းတော်တွင် ကင်းဝန်မင်းကြီးသည် ဥရောပသို့ သံတမန်အဖြစ် သွားရောက်သည့်အခါတွင် တွေ့ရှိခဲ့သည့် အနောက်နိုင်ငံမှ အလှတန်ဆာများဖြစ်သည့် Corinthian တိုင်များ၊ ပန်းတန်းများ (Friezes) နှင့် အခုံးများ စသည်တို့ပါဝင်သည်။[၃][၄] ကျောင်းတော်သည် အမိုးခုံးပါဝင်ပြီး တိုက်တန်းများဖြင့် ဝန်းရံထားသည်။ ကျောင်းတော်ကို ဥရောပဗိသုကာပညာရှင်များဖြစ်ကြသည့် အီတလီလူမျိုး M. Comodo နှင့် ပြင်သစ်လူမျိုး M. Bonvallein တို့က ဒီဇိုင်းရေးဆွဲထားသည်။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. Nge၊ Nway Nadi။ Western style monastery
  2. "Hidden History: Century-Old Monasteries in Mandalay" (in en-US)၊ The Irrawaddy၊ 2018-09-04။ 
  3. Majestic and Magical Mandalay (February 2015)။
  4. ၄.၀ ၄.၁ Dumarcay၊ Jacques (1984)။ Selected 18th and 19th Century Timber STructures in Central Burma