ကင်ဝူဘင်

ဝီကီပီးဒီးယား မှ
Kim Woo-bin
At Uncontrollably Fond press conference, July 2016
မွေးဖွားKim Hyun-joong
(1989-07-16) ဇူလိုင် ၁၆၊ ၁၉၈၉ (အသက် ၃၄)
ဆိုးလ်မြို့, South Korea
ပညာရေးဂျွန်ဂျုတက္ကသိုလ်
အလုပ်အကိုင်သရုပ်ဆောင်၊ မော်ဒယ်
တက်ကြွလှုပ်ရှားနှစ်များ၂၀၀၉-ယနေ့ထိ
ကိုယ်စားလှယ်SidusHQ
အရပ်၁၈၈ cm (၆ ft ၂ in)
ကင်ဝူဘင်
အက္ခရာဖလှယ်ခြင်းများ
ဟန်ဂုလ်
ဟန်ဂျာ
RRအက္ခရာဖလှယ်ခြင်း:Gim U-bin
MRအက္ခရာဖလှယ်ခြင်း:Kim U-bin

ကင်ဝူဘင် (ကျောင်းနာမည် ကင်ဟွန်းဂျွန်း ၁၆ ဇူလိုင် ၁၉၈၉ မွေး)သည် တောင်ကိုရီးယား မော်ဒယ်နှင့် သရုပ်ဆောင် တစ်ဦးဖြစ်သည်။[၁] အနုပညာခရီးကို ရှိုးလျှောက်မော်ဒယ် တစ်ဦးအနေဖြင့် ၂၀၀၉ ၌ စတင်ခဲ့ပြီး၊ ရုပ်သံဇာတ်လမ်းသရုပ်ဆောင်အနေဖြင့် အဖြူရောင်ခရစ္စမတ်(၂၀၁၁)တွင် ပွဲဦးထွက်လာခဲ့သည်။ ၎င်းနောက် လူကြီးလူကောင်းတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ(၂၀၁၂)တွင် လူသိများပြီး၊ ကျောင်း ၂၀၁၃(၂၀၁၃)နှင့် အမွေခံ(၂၀၁၃)တို့ဖြင့် ထိုးဖောက်အောင်မြင်လာသည်။ နောက်တော့ ကင်သည် ဘုတ်ချိတ်သော ရုပ်ရှင်များ ဖြစ်သည့် မိတ်ဆွေ၊ ကြီးမားသော မွေ(၂၀၁၃)၊ လိမ်အနုပညာရှင်(၂၀၁၄)နှင့် နှစ်ဆယ်(၂၀၁၅)တို့၌ သရုပ်ဆောင်သည်။ ၂၀၁၆ တွင် သူ၏ ပထမဦးဆုံး ခေါင်းဆောင်ပါဝင်သည့် ရုပ်သံ (တရုတ်၌ သန်း ၄.၁ ထောင်ကျော် ကြည့်ရှုခြင်း ခံရသော) ထိန်းချုပ်မရအောင် ချစ်ခြင်း၌ ကင်ဆာရောဂါ ခံစားနေရသော အဆိုတော် သရုပ်ဆောင် ရှင်းဂျွန်းယောင်းအဖြစ်၊ မင်းသမီး ဘဲဆူဇီနှင့် တွဲဖက် သရုပ်ဆောင်သည်။

သက်မွေးမှု[ပြင်ဆင်ရန်]

၂၀၁၅-၂၀၁၆၊ ရုပ်ရှင်လောကတွင် အောင်မြင်မှုရခြင်း[ပြင်ဆင်ရန်]

၂၀၁၅ တွင် ကင်သည် လီကျောင်ဟီး ဇာတ်ညွန်းခွဲသော ထိန်းချုပ်မရအောင် ချစ်ခြင်း၌ ပထမဆုံး ခေါင်းဆောင် ပါဝင်သည်။ ရုပ်သံကို ၆ ဇူလိုင် ၂၀၁၆ ၌ စလွှင့်ရာ ပြည်တွင်း၌ ထင်ထားသလောက် ကြည့်ရှုသူ မမီသော်လည်း၊ အာရှတဝန်းနှင့် ပြည်ပတွင် အထူး လူကြိုက်များခဲ့လေသည်။

တရုတ်တွင် ယိုးခု၊ ထူတို့ စသော အင်တာနက်ရုပ်သံနက်ဝပ်တွင် ကိုရီးယားတွင် လွှင့်ပြီး မရှေးမနှောင်း၌ ပြသသည်။ [၂]ပရိသတ်ကောင်းစွာ လက်ခံပြီး၊ ထိုဆိုဒ်တွင် ကြည့်ရှုသူ သန်း လေးထောင် တစ်ရာ ရှိခဲ့သည်။[၃]

စင်္ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဟောင်ကောင်တို့တွင်၊ မူရင်းကိုရီးယား၌ လွှင့်ပြီး တစ်နာရီတွင် တပိုင်းစီကို အင်္ဂလိပ်စာတန်းထိုးနှင့် (Viu)က ပြန်လွှင့်သည်(အင်ဒိုတွင် အင်ဒိုစာတန်းထိုး၊ ဟောင်ကောင်တွင် ရိုးရာတရုတ်စာတန်းထိုးဖြင့်)

ထိုင်းတွင် တောင်ကိုရီးယားတွင် ထုတ်လွှင့်ပြီး တစ်နေ့တည်းတွင် ပြန်လွှင့်သည်။ ၎င်းသည် တောင်ကိုရီးယားနှင့် တချိန်တည်း ထုတ်လွှင့်သော ထိုင်း၏ ပထမဆုံး ကိုရီးယားဇာတ်လမ်းတွဲ ဖြစ်သည်။[၄]

ထိုင်ဝမ်တွင် တချိန်တည်း ပြသသည်။[၅]

ဗီယက်နမ်တွင်၊ ထုတ်လွှင့်ပြီး ၁၂ နာရီကြာတွင် ဗီယက်နမ်စာတမ်းထိုးဖြင့် ပြန်လွှင့်သည်။[၆]

တောင်မြောက်အမေရိကတွင်၊ ထုတ်လွှင့်ပြီး တနာရီကြာ၌ ပြန်လွှင့်သည်။[၇][၈]

ထို့နောက် သူသည် လီဗြောင်ဟွန်းကန်ဒုံဝန်တို့နှင့် အပြိုင် မာစတာ ရုပ်ရှင်တွင် သရုပ်ဆောင်ရာ၊ [၉] ဒီဇင်ဘာ ၂၀၁၆ ၌ ရုံတင်သော ၎င်းရုပ်ရှင်သည် တောင်ကိုရီးယားတွင် ၂၀၁၆ အရောင်းရဆုံး ရုပ်ရှင်၌ နံပါတ် ၁၁ ချိတ်လေသည်။ အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ၊ နယူးဇီလန်၊ အီတလီ၊ ထိုင်ဝမ်၊ ထိုင်း၊ ဟောင်ကောင်၊ စင်္ကာပူ၊ ဖိလစ်ပိုင်နှင့် အခြား နိုင်ငံများ ပါဝင်သော ၃၁ နိုင်ငံသို့ ရောင်းချခဲ့ရသည်။ ဖေဖော်ဝါရီ ၂၀၁၇ အထိ၊ မာစတာသည် တောင်ကိုရီးယားရုပ်ရှင်ဇယားတွင် ဒေါ်လာ ၄၉.၈၁ သန်း မြတ်စွန်းပြီး၊ ကိုရီးယားရုပ်ရှင်ကောင်စီ သတင်းအရ၊ လက်မှတ်ပေါင်း ၇.၁၄ သန်း ရောင်းချခဲ့ပြီဟု ဆိုသည်။[၁၀]

ပုဂ္ဂိုလ်ရေးဘဝ[ပြင်ဆင်ရန်]

ကင်နှင့် အခင်ဆုံး သူငယ်ချင်းမှာ နောက်တက် မော်ဒယ်သရုပ်ဆောင်လည်း ဖြစ်၊ ကျောင်း ၂၀၁၃ ၌ တွဲဖက် သရုပ်ဆောင်လည်း ဖြစ်သော လီဂျောင်ဆွတ် ဖြစ်ကာ၊ မော်ဒယ်ဘဝကတည်းကပင် စသိခဲ့ကြသည်။ [၁၁][၁၂][၁၃][၁၄]

ဇူလိုင် ၂၀၁၅ တွင်၊ ကင်နှင့် တောင်ကိုရီးယားမင်းသမီး ရှင်းမင်းအာတို့ ချစ်ကြိုက်နေကြောင်း အတည်ပြုလိုက်သည်။ [၁၅]

၂၄ မေ ၂၀၁၇ ၌၊ နှာခေါင်းလည်ချောင်းကင်ဆာ ရောဂါ စွဲကပ်နေကြောင်း ဆေးစစ်တွေ့ရှိရသည်။ ကင်၏ အေဂျင်စီ ဆီဒပ် အိတ်ချ်ကယူက ကင်သည် ဆေးဝါးနှင့် ဓာတ်ကင် ကုသမှု စတင် ခံယူနေပြီ ဖြစ်ကြောင်းနှင့် အနုပညာ လှုပ်ရှားမှုအားလုံး ရပ်တန့်မည် ဖြစ်ကြောင်း ကြေညာသည်။ သူခေါင်းဆောင် ပါဝင်ခဲ့သော ထိန်းချုပ်မရအောင် ချစ်ခြင်း ရုပ်သံဇာတ်လမ်းတွဲထဲကအတိုင်း အပြင်လောက၌ ကင်ဆာရောဂါ ခံစားရခြင်းကြောင့် သူ၏ ပရိသတ်များက သနား ဂရုဏာသက်လျက် ရှိသည်။ [၁၆]

ဂုဏ်ထူးဆောင် သံတမန်[ပြင်ဆင်ရန်]

ဧပြီ ၂၀၁၇ တွင်၊ တောင်ကိုရီးယား၊ ပြောင်းချန်းတွင် ကျင်းပမည့် ၂၀၁၈ ဆောင်းအိုလံပစ်ပြိုင်ပွဲအတွက် ဂုဏ်ထူးဆောင် သံတမန်အဖြစ် ကင်ကို ခန့်အပ်ခဲ့သည်။ ကင်သည် ဤကဏ္ဍကို တာဝန်ယူရသော ဒုတိယမြောက် သရုပ်ဆောင် ဖြစ်ပြီး၊ လူကြိုက်များလာအောင် လှုပ်ရှားမှုအမျိုးမျိုး၌ ပါဝင်ပေးရမည် ဖြစ်သည်။[၁၇][၁၈]

ရုပ်ရှင်ရုပ်သံ[ပြင်ဆင်ရန်]

ရုပ်ရှင်[ပြင်ဆင်ရန်]

Year Title Role
2012 Runway Cop (cameo, last part)
2013 Friend: The Great Legacy Han Sung-hoon
2014 The Con Artists Ji-hyuk
2015 Twenty Chi-ho
2016 Master Park Jang-goon
2018 Wiretap Park Sang-dae

ရုပ်သံ[ပြင်ဆင်ရန်]

In July 2014
Year Title Role Network
2011 Drama Special White Christmas Kang Mi-reu KBS2
Drama Special "Cupid Factory" Roy
Vampire Idol Woo-bin MBN
2012 A Gentleman's Dignity Kim Dong-hyub SBS
To the Beautiful You John Kim

(guest, episodes 9-11)

School 2013 Park Heung-soo KBS2
2013 The Heirs Choi Young-do SBS
2016 Uncontrollably Fond Shin Joon-young KBS2

ဝက်ဇာတ်လမ်း[ပြင်ဆင်ရန်]

Year Title Role
2014 Love Cells Dating god

တေးဗီဒီယို[ပြင်ဆင်ရန်]

Year Title Artist
2013 Don't Mess With Me[၁၉][၂၀] 2EYES

စုံစိရှိုး[ပြင်ဆင်ရန်]

In August 2014
Year Title Network Notes
2011 Korea's Next Top Model, Cycle 2 OnStyle Guest
2012 Lord of the Ring MBC Guest, episode 1
Battle Between Women Who Cook

and Men Who Never Die

QTV Guest with Hong Jong-hyun
2013 Running Man SBS Guest, episodes 138, 166
Hello Counselor KBS2 Guest, episode 118 with Lee Soo-hyuk and Hyun Woo
Hwasin – Controller of the Heart SBS Guest, episode 7
Style Log: PLAY BOYZ OnStyle Guest with Kim Young-kwang and Sung Joon
Mnet Wide Starcam Mnet
2013-2014 M! Countdown Host
2014 Four Sons and One Daughter MBC Guest, episode 12[၂၁]
Running Man SBS Guest, episodes 188, 189, 191, 225
2015 Guest, episode 240

တေးသံသွင်း[ပြင်ဆင်ရန်]

သီချင်းများ[ပြင်ဆင်ရန်]

အဆိုပိုင်း[ပြင်ဆင်ရန်]

Year Title Peak chart positions Sales Album
KOR

Gaon

2016 "Picture In My Head"
91
N/A Uncontrollably Fond OST
"Do You Know"
N/A
"—" denotes releases that did not chart or were not released in that region.

ဆုနှင့် ဆန်ခါတင်[ပြင်ဆင်ရန်]

Year Award Category Nominated work Result
2013
8th Asia Model Festival Awards
New Star Award N/A ဆုရရှိ
49th Baeksang Arts Awards
Best New Actor (TV) School 2013 ဆန်ခါတင်
Most Popular Actor (TV) ဆန်ခါတင်
7th Mnet 20's Choice Awards
20's Booming Star – Male ဆန်ခါတင်
6th Korea Drama Awards
Best New Actor ဆန်ခါတင်
2nd APAN Star Awards
ဆုရရှိ
Anhui TV Drama Awards[၂၂]
Popular Foreign Actor The Heirs ဆုရရှိ
SBS Drama Awards
Top 10 Stars ဆုရရှိ
Popularity Award ဆန်ခါတင်
2014
9th Asia Model Festival Awards
Asia Star Award N/A ဆုရရှိ
9th Max Movie Awards
Best New Actor Friend: The Great Legacy ဆန်ခါတင်
50th Baeksang Arts Awards
Best New Actor (Film) ဆန်ခါတင်
Most Popular Actor (Film) ဆန်ခါတင်
Most Popular Actor (TV) The Heirs ဆန်ခါတင်
2nd Asia Rainbow TV Awards
Best Supporting Actor ဆန်ခါတင်
18th Puchon International Fantastic Film Festival[၂၃]
Fantasia Award N/A ဆုရရှိ
6th Singapore Entertainment Awards
Most Popular Korean TV Artiste N/A ဆန်ခါတင်
9th Seoul International Drama Awards
People's Choice Actor The Heirs ဆန်ခါတင်
7th Korea Drama Awards
Excellence Award, Actor ဆန်ခါတင်
7th Style Icon Awards
Top 10 Style Icons N/A ဆန်ခါတင်
3rd APAN Star Awards
Excellence Award, Actor in a Miniseries The Heirs ဆန်ခါတင်
51st Grand Bell Awards
Hana Financial Group Star Award

(Popularity Award)

Friend: The Great Legacy ဆုရရှိ
35th Blue Dragon Film Awards
Best New Actor ဆန်ခါတင်
Popular Star Award ဆုရရှိ
2015
10th Max Movie Awards
Best Actor The Con Artists ဆန်ခါတင်
51st Baeksang Arts Awards
Most Popular Actor (Film) ဆန်ခါတင်
Korean Film Actors' Guild Awards
Popularity Award Twenty ဆုရရှိ
24th Buil Film Awards
Best New Actor ဆန်ခါတင်
52nd Grand Bell Awards
Popularity Award ဆန်ခါတင်
30th Korea Best Dresser Swan Awards
Best Dresser Award N/A ဆုရရှိ
2016
5th APAN Star Awards
Excellence Award, Actor in a Miniseries Uncontrollably Fond ဆန်ခါတင်
Korean Advertisers Association Awards
Best Model N/A ဆုရရှိ
KBS Drama Awards
Excellence Award, Actor in a Mid-length Drama
Uncontrollably Fond
ဆန်ခါတင်
Best Couple Award with Bae Suzy ဆန်ခါတင်
Netizen Award, Actor ဆန်ခါတင်

ကိုးကား[ပြင်ဆင်ရန်]

  1. Park၊ Jin-hai (12 August 2013)။ Crisscrossing runways and screens: Rising actor Kim Woo-bin has looks, style and sincerityThe Korea Times။ 20 August 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-08-12 တွင် ပြန်စစ်ပြီး။
  2. Woo, Jae-yeon. "'Uncontrollably Fond' geared up for capturing global audience with all things love"Yonhap News. Retrieved July 4, 2016.
  3. Thaad row: China blocks streaming of Korean dramas, East Asia News & Top Stories - The Straits Times
  4. "ฟินยกประเทศ "ช่อง 8" คว้า "อันคอนโทรลเลบลี ฟอนด์" ออนแอร์พร้อมเกาหลีครั้งแรกในประเทศไทย"[လင့်ခ်သေ]starenews (in Thai). June 16, 2016. Retrieved June 17, 2016.
  5. "'Uncontrollably Fond' to be broadcast simultaneous". En.yibada.com. 2016-04-27. Retrieved 2016-12-20.
  6. "HTV2 - Yêu không kiểm soát (Uncontrollably Fond) chính thức phát sóng độc quyền trên YouTube HTV2". YouTube. 2016-06-26. Retrieved 2016-12-20.
  7. "Uncontrollably Fond (Lightly, Ardently) - 함부로 애틋하게 - Watch Full Episodes Free on DramaFever"[လင့်ခ်သေ]. Dramafever.com. Retrieved 2016-12-20.
  8. Jang၊ Seo-jeong (17 November 2015)။ '함부로 애틋하게' 측 "12일 촬영종료..7월 6일 첫방"[공식입장] (in Korean)။ OSEN။ 11 April 2016 တွင် ပြန်စစ်ပြီး။
  9. 이병헌 강동원 김우빈 '마스터', 첫 만남 보니 '눈 호강' (in Korean) (22 April 2016)။
  10. Hicap၊ Jonathan (3 February 2017)။ ‘Master’ continues to rake it in။ 30 May 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 May 2017 တွင် ပြန်စစ်ပြီး။
  11. Choi၊ EunHwa (22 October 2013)။ Lee Jong Suk says Kim Woo Bin is the Only Friend He Can Lean On။ 8 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 April 2016 တွင် ပြန်စစ်ပြီး။
  12. Hong၊ Grace Danbi (15 December 2013)။ [Star of the Week Kim Woo Bin's Past, Present and Future Best Friends]။ 18 December 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 February 2015 တွင် ပြန်စစ်ပြီး။
  13. Kim၊ Soo-hyang (23 June 2016)။ Strong friendships among male celebrities။ 29 June 2016 တွင် ပြန်စစ်ပြီး။
  14. Kwon၊ Soo Bin (21 December 2013)။ Kim Woo Bin Says Lee Jong Suk is Not a Rival, But a Beloved Friend။ Newsen။ 5 April 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 December 2013 တွင် ပြန်စစ်ပြီး။
  15. Actor Kim woo-bin in love with Shin Min-ah: agencyThe Korea Times (March 2016)။
  16. Actor Kim Woo-bin diagnosed with rare cancer, starts treatmentYonhap (24 May 2017)။
  17. Kim Woo-bin to Promote Pyeongchang Olympics (14 April 2017)။ 2017-04-20 တွင် ပြန်စစ်ပြီး။
  18. Hong၊ Dam-young (13 April 2017)။ Kim Woo-bin named ambassador for 2018 Winter OlympicsThe Korea Herald။ 2017-04-20 တွင် ပြန်စစ်ပြီး။
  19. Hong၊ Grace Danbi (25 June 2013)။ Kim Woo Bin to Appear in 2EYES' Drama MV of Don't Mess With MeenewsWorld။ 30 July 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-08-12 တွင် ပြန်စစ်ပြီး။
  20. Choi၊ Eun-hwa (1 July 2013)။ Kim Woo Bin Appears in New Teasers for 2EYES' Don't Mess With Me MVenewsWorld။ 2013-08-12 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  21. Kim၊ Hee-eun (6 March 2014)။ Kim Woo-bin joins Four Sons and A DaughterKorea JoongAng Daily။ 2014-03-06 တွင် ပြန်စစ်ပြီး။
  22. Heirs stars receive awards in ChinaThe Korea Times (19 December 2013)။ 20 December 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-02-02 တွင် ပြန်စစ်ပြီး။
  23. Jeon၊ Han (18 July 2014)။ Film festival kicks off in Bucheon။ 2014-07-23 တွင် ပြန်စစ်ပြီး။