ကင်မလင်းပင်
ပုံပန်းသွင်ပြင်
| Antidesma bunius | |
|---|---|
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Plantae |
| Clade: | Angiosperms |
| Clade: | Eudicots |
| Clade: | Rosids |
| မျိုးစဉ်: | Malpighiales |
| မျိုးရင်း: | Phyllanthaceae |
| မျိုးဇာတ်သေး: | Antidesmatinae |
| မျိုးစု: | Antidesma |
| မျိုးစိတ်: | A. bunius |
| ဒွိနာမ | |
| Antidesma bunius | |
အမြဲစိမ်းလန်းနေသော အပင်ငယ်မျိုး ဖြစ်သည်။ အခေါက်သည် အပြာရောင်သန်းလျှက် ဗာဒံရောင် ရှိသည်။ အရွက်သည် ၃ လက်မှ မှ ၇ လက်မ အထိ ရှည်ပြီး ၁ လက်မခွဲမှ ၆ လက်မခန့်အထိ ကျယ်သည်။ အပွင့်သည် နီရောင်ရောင် ရှိသည်။ အဖို အမဟူ၍ နှစ်မျိုး ရှိသည်။ အသီးမှာ ငရုတ်ကောင်းစေ့ခန့် အသီးငယ် ကလေးများ ဖြစ်သည်။ နုစဉ် အစိမ်းရောင် ရှိ၍ ရင့်သောအခါ နီညိုရောင် ရှိသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ အရှင်နာဂသေနာဘိဝံသ (ဓမ္မာစရိယ) ၊ (မြန်မာသက္ကရာဇ် ၁၃၁၈)၊ " အရှင်နာဂသိန် ပုံပြဆေးအဘိဓာန် " ၊ မင်္ဂလာ ပုံနှိပ်တိုက်