ကက်ကူအန်း

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ပြူးနစ်တို့၏မြို့ ကာကူအန်းနှင့် ၎င်း၏ ဂူသင်္ချိုင်းများ*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

Kerkouane - panorama.jpg
ကက်ကူအန်း မြင်ကွင်း
တည်ရှိသည့် နိုင်ငံ  တူနီးရှား
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း iii
ကိုးကား ၃၃၂
ဒေသ** အာရပ်နိုင်ငံများ
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၅  (နဝမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ကက်ကူအန်း သို့မဟုတ် ကာကူအန်း သည် တူနီးရှားနိုင်ငံ အရှေ့မြောက်ပိုင်းတွင် တည်ရှိသော ရှေးဟောင်းပြူးနစ်မြို့တော် တစ်ခုဖြစ်ပြီး ဘွန်းအငူအနီးတွင် တည်ရှိသည်။ ဤဖိုနီးရှားမြို့တော်အား ဘီစီ ၂၅၀ ပထမပြူးနစ်စစ်ပွဲ အတွင်း စွန့်ပစ်ခဲ့သည် ဟု ယူဆရပြီး ရောမတို့က ပြန်လည်တည်ဆောက်ခြင်း မပြုခဲ့ပေ။ ၎င်းသည် နှစ်ပေါင်း ၄၀၀ ကျော်မျှ တည်ရှိခဲ့သည်။

မြို့ဟောင်းတူးဖော်ရာတွင် ဘီစီ ၄ ရာစု နှင့် ၃ ရာစုမှ ဒင်္ဂါးပြားများကို တွေ့ရသည်။ ထိုဒေသတစ်ဝိုက်တွင် မြို့၏ပုံစံကို အထင်အရှားပင် တွေ့ရှိနိုင်သေးကာ အိမ်အများအပြားမှာ တံတိုင်းများ ကျန်ရှိသေး၍ မျက်နှာစာရှိ ရောင်စုံရွှံ့များကို မြင်နိုင်ဆဲပင် ဖြစ်သည်။ အိမ်များကို ပုံစံတကျ တည်ဆောက်ထားပြီး ခေတ်မီသော မြို့စီမံပုံအတိုင်း ဖြစ်သည်။

ဘုရားကျောင်း နေရာတွင် တိုင်အချို့ တည်ရှိဆဲဖြစ်ပြီး အေထရီယံ အငယ်စားနေရာတွင် မှန်စီရွှေချများကို တွေ့နိုင်သေးသည်။ အပျက်အစီးများကြား နေရာအနှံ့တွင် အရံအတားကျောက်တုံးများ၊ အဝင်ဝ လှေခါးထစ်များ၊ ခွေးကတက်များ နှင့် ရိုးရှင်းစွာ မှန်စီရွှေချထားသည့် ကြမ်းခင်းများကို တွေ့ရသည်။ကက်ကူအန်းဒေသတွင် ရှေးဟောင်းသုတေသန ပညာရှင်များ ဆက်လက်ရှာဖွေနေဆဲ ဖြစ်သော်လည်း အကောင်းဆုံး အစိတ်အပိုင်းများကို တွေ့ရှိပြီးဖြစ်သည်ဟု ယုံကြည်ကြသည်။[၁]

ကက်ကူအန်းသည် ပြူးနစ်မြို့တော်များဖြစ်ကြသော ကားသေ့မြို့၊ ဟက်ဒရူမီတမ် (ယနေ့ခေတ် ဆုစ်မြို့) နှင့် ယူတီကာ တို့နှင့် အတူ အရေးအပါဆုံး မြို့တစ်မြို့ ဖြစ်သည်။


ကိုးကား[ပြင်ဆင်ရန်]

  1. Kerkouane (in en)။