အိအိခင်ဧ

ဝီကီပီးဒီးယား မှ
အိအိခင်ဧ
အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်ထမ်းဆောင်စဉ်က ပုံ
အင်ဒိုနီးရှားနိုင်ငံ ဆိုင်ရာမြန်မာသံအမတ်ကြီး
တာဝန်သက်တမ်း
၅ ဇူလိုင် ၂၀၂၂ – မေ ၂၀၂၂
ယခင်လူအောင်ထူး
ဆက်ခံသူမရှိသေး
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1959-09-20) စက်တင်ဘာ ၂၀၊ ၁၉၅၉ (အသက် ၆၄)
လူမျိုးမြန်မာ
ကြင်ဖော်(များ)သန့်ကျော်
အလုပ်အကိုင်သံတမန်

ဒေါ်အိအိခင်ဧ (၁၉၅၉ ဖွား) သည် မြန်မာအမျိုးသမီး သံအမတ်ကြီး ဖြစ်သည်။သူသည် မြန်မာ့နိုင်ငံခြားရေးသမိုင်း တွင် စတုတ္ထမြောက် အမျိုးသမီးသံအမတ်ကြီး အဖြစ် ခန့်အပ်ခံရသူဖြစ်သည်။ယင်းမတိုင်မီက သူသည် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံး ၏ ဒုတိယအမြဲတမ်းကိုယ်စားလှယ် ဖြစ်ခဲ့သည်။

ဝန်ထမ်းဘဝ[ပြင်ဆင်ရန်]

သူသည် နိုင်ငံခြားရေးဝန်ကြီးဌာန တွင် သံတမန်ရာထူးအဆင့်ဆင့်ဖြင့် နှစ်ပေါင်း ၃၀ ကျော်ကြာ ဘဝကိုမြှပ်နှံခဲ့သည်။ ၂၀၁၃ ခုနှစ် အရောက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန၊ တောင်နှင့်အနောက်အာရှဌာန ညွှန်ကြားရေးမှူး ဖြစ်လာသည်။[၁] ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ရာထူးတိုးသည်။၂၀၁၅ ခုနှစ် နှောင်းပိုင်းတွင် သူသည် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံး ၏ ဒုတိယအမြဲတမ်းကိုယ်စားလှယ် အဖြစ် တာဝန်ပေးခံရသည်။ထိုတာဝန်မှနေ၍ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၅ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခံရသော မြန်မာသံအမတ်ကြီးအဖြစ် သမ္မတဦးထင်ကျော် က အပ်နှင်းသည်။[၂] [၃] သူသည် ထိုတာဝန်ကို မြန်မာနိုင်ငံစစ်အာဏာသိမ်းသည့် (၂၀၂၁) နှောင်းပိုင်း အထိ ထမ်းဆောင်သည်။[၄] ၂၀၂၂ ခုနှစ် တွင် မြန်မာ နှင့် အင်ဒိုးနီးရှား နှစ်နိုင်ငံအကြား သံအမတ်ကြီး အဆင့် လျော့ချကြရာမှ တဆင့် သံအမတ်ကြီး ဒေါ်အိအိခင်ဧ သည် နိုင်ငံခြားရေးဝန်ကြီးဌာန သို့ ပြန်လည်ခေါ်ယူခြင်း ခံရသည်။[၅]

မိသားစုဘဝ[ပြင်ဆင်ရန်]

သူသည် အိမ်ထောင်သည် တစ်ဦး ဖြစ်သည်။သူ၏ ခင်ပွန်းဖြစ်သူမှာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး(ငြိမ်း) ဦးသန့်ကျော် ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးဆိုင်ရာနိုင်ငံတကာဆက်ဆံရေးကော်မတီအားဖွဲ့စည်းခြင်း၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းစာစောင် (၇ ဇွန် ၂၀၁၃)။ ၈ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. အမျိုးသမီးသံအမတ်ကြီးတစ်ဦး ကို NLD အစိုးရခန့်အပ်Popular News (၅ ဇူလိုင် ၂၀၁၇)။ ၈ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. နိုင်ငံခြားရေးဝန်ကြီးဌာန ကြော်ငြာချက် အမှတ် ၃၂၃/၂၀၁၉၂၀၁၉ ခုနှစ် ဇွန်လ ၂၈ရက်နေ့ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်း (၂၃ ဧပြီ ၂၀၁၉)။ ၈ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံနိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်MOI Myanmar (၂၄ ဧပြီ ၂၀၂၁)။ ၈ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. မြန်မာသံအမတ်ကြီးတွေ မရှိတဲ့ ပြည်ပက သံရုံးများBBC Burmese (၂၄ မေ ၂၀၂၂)။ ၈ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။