လူးဝစ်ဆွာရက်ဇ်

ဝီကီပီးဒီးယား မှ

လူးဝစ် အယ်လ်ဘာတို ဆွာရက်ဇ် ဒီယက်ဇ် (စပိန်အသံထွက်: [ˈlwis ˈswaɾes]; ၁၉၈၇၊ ဇန်နဝါရီ ၂၄တွင် မွေးဖွား) သည် ဥရုဂွေးလူမျိုး ဘောလုံးသမားဖြစ်သည်။ လက်ရှိတွင် အမေရိကန်မေဂျာလိဂ်အသင်း အင်တာမိုင်ယာမီတွင် တိုက်စစ်မှူးအဖြစ် ကစားသည်။ နာမည်ပြောင် El Pistolero" ("သေနတ်သမား") ဟုခေါ်တွင်ခြင်းခံရသည် သူသည် သူ့မျိုးဆက်၏အကောင်းဆုံးကစားသမားများထဲမှတစ်ဦးအဖြစ် သတ်မှတ်ခံထားရသည်။ [၁] သူသည် ဥရောပရွှေဖိနပ် နှစ်ဆု၊ Eredivisie ရွှေဖိနပ် ၊ ပရီးမီးယားလိဂ်ရွှေဖိနပ် နှင့် ပီချီချီဆုတို့ကို ဆွတ်ခူးနိုင်ခဲ့သည်။ သူသည် ကလပ်အသင်းနှင့် နိုင်ငံအတွက် ကစားသမားဘ၀ ဂိုး 500 ကျော် သွင်းယူထားသည်။ [၂]

လူးဝစ် ဆွာရက်ဇ်
Suárez with Uruguay at the 2018 FIFA World Cup
ကိုယ်ရေးအချက်အလက်များ
မွေးသက္ကရာဇ် (1987-01-24) ၂၄ ဇန်နဝါရီ၊ ၁၉၈၇ (အသက် ၃၇)
မွေးရပ်ဇာတိ Salto, Uruguay
အရပ်အမြင့် ၁.၈၂ m (၆ ft ၀ in)
ကစားသည့်နေရာ Striker
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ
လက်ရှိအသင်း
Inter Miami
အင်္ကျီနံပါတ် 9
လူငယ်ဘဝကလပ်များ
1991–1994 Artigas de Salto
1994–2000 Urreta
2001–2005 Nacional
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
2005–2006 Nacional 27 (10)
2006–2007 Groningen 29 (10)
2007–2011 Ajax 110 (81)
2011–2014 Liverpool 110 (69)
2014–2020 Barcelona 191 (147)
2020–2022 Atlético Madrid 67 (32)
2022–2023 Nacional 14 (8)
2023–2024 Grêmio 45 (24)
2024– Inter Miami 11 (10)
နိုင်ငံကိုယ်စားပြုအသင်း
2006–2007 Uruguay U20 4 (2)
2012 Uruguay Olympic (O.P.) 4 (3)
2007– Uruguay 138 (68)

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်ပြီး 01:49, 5 May 2024 (UTC)အထိ ဖြစ်သည်။
† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

‡ 02:00, 22 November 2023 (UTC) အထိ နိုင်ငံကိုယ်စားပြုပွဲနှင့် သွင်းဂိုးများ


နိုင်ငံတကာအဆင့်တွင်၊ ဆွာရက်ဇ်သည် ဥရုဂွေး၏ ထာဝရဂိုးသွင်းအများဆုံးသူ ဖြစ်ပြီး ယခင်က CONMEBOL ဖီဖာကမ္ဘာ့ဖလားခြေစစ်ပွဲများတွင် ဂိုးသွင်းအများဆုံးကစားသမားလည်းဖြစ်ခဲ့သည်။ အခုအခါ အသင်းဖော်မက်ဆီက ထိုစံချိန်ကို ရယူခဲ့ပြီဖြစ်သည်။ [၃] ၎င်းသည် ဖီဖာကမ္ဘာ့ဖလား လေးကြိမ်နှင့် ကိုပါအမေရိကဖလား လေးကြိမ်အပြင် ၂၀၁၂ နွေရာသီ အိုလံပစ် နှင့် 2013 ဖီဖာကွန်ဖက်ဒရေးရှင်း ဖလား တို့တွင် ၎င်း၏ နိုင်ငံကိုယ်စားပြု ပါဝင်ခဲ့သည်။ 2010 World Cup All-Star Team တွင် ပါဝင်ခဲ့ပြီး 2011 Copa América တွင်လည်း အကောင်းဆုံး ကစားသမား ဆုကို ဆွတ်ခူးခဲ့သည်။ ဆွာရက်ဇ်သည် သမိုင်းတလျှောက် အကောင်းဆုံး တိုက်စစ်မှူးများထဲမှ တစ်ယောက်ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. You must specify archiveurl = and archivedate = when using {{cite web}}.Adiós, pistolero (in es) (24 September 2020)။ 17 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  2. Luis Suárez hits 500th career goal (21 March 2021)။ 9 July 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 July 2021 တွင် ပြန်စစ်ပြီး။
  3. The all-time top goal scorer of CONMEBOL World Cup qualifying (10 December 2020)။ 6 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 November 2022 တွင် ပြန်စစ်ပြီး။