မုခ်ဝ:မြန်မာနိုင်ငံ

ဝီကီပီးဒီးယား မှ

မြန်မာနိုင်ငံ မုခ်ဝ က ကြိုဆိုပါတယ်။ Peacock

မြန်မာနိုင်ငံ (အင်္ဂလိပ်: Myanmar သို့မဟုတ် Burma)၊ တရားဝင်အားဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် (Republic of the Union of Myanmar) သည် အရှေ့တောင်အာရှရှိ နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အနောက်နှင့် အနောက်မြောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ‌အရှေ့နှင့် အရှေ့တောင်ဘက်တွင် လာအိုနိုင်ငံထိုင်းနိုင်ငံတို့နှင့် နယ်နမိတ်ချင်းထိစပ်ပြီး တောင်ဘက်နှင့် အနောက်တောင်ဘက်တွင် ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့ တည်ရှိသည်။ နိုင်ငံ၏မြို့တော်မှာ နေပြည်တော်ဖြစ်ပြီး စီးပွားရေးမြို့တော်မှာ ရန်ကုန်မြို့ဖြစ်သည်။ (Full article...)

ရွေးချယ်ထားသော ဆောင်းပါးများ - load new batch


မြန်မာ့ပြည်တွင်းစစ် သို့မဟုတ် ပြည်သူ့ခုခံတော်လှန်စစ် ဟု ပိုပြီး လူသိများသည့် မြန်မာ့နွေဦးတော်လှန်ရေး သည် မြန်မာနိုင်ငံ တစ်ဝှမ်းတွင် အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုများ ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက) က လိုက်လျောခြင်းမရှိပဲ လုံခြုံရေးအင်အားအလွန်အကျွံသုံးကာ အဓိကရုဏ်း ဖြိုခွင်းရေးလက်နက်များသာမက စစ်မြေပြင်လက်နက်များကို အသုံးပြုကာ နှိမ်နင်း ဖြိုခွင်းမှုအား တုံ့ပြန်သည့်အနေဖြင့် မြန်မာနိုင်ငံ အနှံ့ ဖြစ်ပွားလျက်ရှိသော အမျိုးသားညီညွတ်ရေး အစိုးရပြည်သူ့ကာကွယ်ရေးတပ်မတော် ၏ လက်နက်ကိုင် တိုက်ခိုက်မှုများ ဖြစ်သည်။ ဤပဋိပက္ခကို ထကြွခြင်းထက် ပြည်တွင်းစစ်ဟု ကုလလူ့အခွင့်အရေး အကြီးအကဲက သတ်မှတ်ခဲ့သည်။ ACLED ၏ ၂၀၂၂ ခုနှစ် မတ်လတွင် ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး လူပေါင်း ၁၁,၀၀၀ ဦးခန့် သေဆုံးခဲ့သည်ဟု ဆိုသည်။

အာဏာသိမ်းပြီး လများအကြာတွင် အမျိုးသားညီညွတ်ရေးအစိုးရက စစ်ကောင်စီအား တိုက်ခိုက်မှုများ စတင်ခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် အတိုက်အခံများက နယ်မြေဒေသအချို့ကို စိုးမိုးနိုင်ခဲ့သည်။ ကျေးရွာများနှင့် မြို့ငယ်များတွင် စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် လူပေါင်းများစွာ ထွက်ပြေးနေခဲ့ရသည်။ ၂၀၂၃ ဖေဖော်ဝါရီလတွင် မြို့နယ်များ၏ သုံးပုံတစ်ပုံထက်ပို၍ လက်လွှတ်နေရပြီဖြစ်ကြောင်း မင်းအောင်လှိုင်က ဝန်ခံခဲ့သည်။ (Full article...)
  • Image 2 တပ်မတော် (လေ)သည် မြန်မာ့တပ်မတော်၏ ဝေဟင် တိုက်ခိုက်ရေး အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ယင်းကို ပြည်တွင်းပုန်ကန်မှု တန်ပြန်တိုက်ခိုက်ရေးအတွက် အဓိက အသုံးပြုခဲ့ပြီး ၂၀၀၈ ခုနှစ် မေလက နာဂစ်မုန်တိုင်း တိုက်ခတ်မှုဖြစ်စဉ်အပြီးတွင် ကယ်ဆယ်ရေး တာဝန်များအတွက်ပါ အသုံးချလာခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမှစ၍ မြန်မာ့လေတပ်မှ လေယာဉ်များကို ကျေးရွာများကိုလေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရာတွင်တွင် အသုံးပြုလာခဲ့သည်။ ကိုလိုနီခေတ် ၁၉၄၀ ဇွန်လတွင် ‌ဗြိတိသျှတို့က ‌ဗမာ့အပျော်တမ်းလေတပ်ယူနစ် (Burma Volunteer Air Unit) ကို ဖွဲ့စည်းပေးခဲ့ပြီး ၁၉၄၁ မတ်လခန့်တွင် ဗမာ့အပျော်တမ်းလေတပ် (Burma Volunteer Air Force) ဟူ၍အမည်ပြောင်းလဲခဲ့သည်။ မြန်မာနိုင်ငံကို ဂျပန်တို့ဝင်ရောက်လာသည့် ၁၉၄၂ ၌ အင်္ဂလိပ်တို့တပ်ဆုတ်သွားသောအခါ အဆိုပါလေတပ်သည်လည်း ပါသွားခဲ့ရုံသာမက အခြားလေတပ်ယူနစ်အဖြစ်လည်း ပြောင်းလဲဖွဲ့စည်းခြင်းကိုခံခဲ့ရသည်။ ၁၉၄၅ ခုနှစ် မြန်မာနိုင်ငံသို့ အင်္ဂလိပ်တို့ပြန်ရောက်ပြီးနောက် မြန်မာနိုင်ငံအတွက် လေတပ်ပြန်လည်ဖွဲ့စည်းပေးရေးများကို ဆောင်ရွက်ရာမှ ၁၉၄၇ ဒီဇင်ဘာတွင် "ဗမာ့လေတပ်မတော်" (Burma Air Force) အဖြစ်ဖွဲ့စည်းခဲ့သည်။ ၁၉၅၅ တွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) ပေါင်းစည်းရေးမူအရ တပ်မတော် (လေ) ဟု‌အမည်ပြောင်းလဲခဲ့သည်။ (Full article...)

    တပ်မတော် (လေ)သည် မြန်မာ့တပ်မတော်၏ ဝေဟင် တိုက်ခိုက်ရေး အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ယင်းကို ပြည်တွင်းပုန်ကန်မှု တန်ပြန်တိုက်ခိုက်ရေးအတွက် အဓိက အသုံးပြုခဲ့ပြီး ၂၀၀၈ ခုနှစ် မေလက နာဂစ်မုန်တိုင်း တိုက်ခတ်မှုဖြစ်စဉ်အပြီးတွင် ကယ်ဆယ်ရေး တာဝန်များအတွက်ပါ အသုံးချလာခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမှစ၍ မြန်မာ့လေတပ်မှ လေယာဉ်များကို ကျေးရွာများကိုလေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရာတွင်တွင် အသုံးပြုလာခဲ့သည်။

    ကိုလိုနီခေတ် ၁၉၄၀ ဇွန်လတွင် ‌ဗြိတိသျှတို့က ‌ဗမာ့အပျော်တမ်းလေတပ်ယူနစ် (Burma Volunteer Air Unit) ကို ဖွဲ့စည်းပေးခဲ့ပြီး ၁၉၄၁ မတ်လခန့်တွင် ဗမာ့အပျော်တမ်းလေတပ် (Burma Volunteer Air Force) ဟူ၍အမည်ပြောင်းလဲခဲ့သည်။ မြန်မာနိုင်ငံကို ဂျပန်တို့ဝင်ရောက်လာသည့် ၁၉၄၂ ၌ အင်္ဂလိပ်တို့တပ်ဆုတ်သွားသောအခါ အဆိုပါလေတပ်သည်လည်း ပါသွားခဲ့ရုံသာမက အခြားလေတပ်ယူနစ်အဖြစ်လည်း ပြောင်းလဲဖွဲ့စည်းခြင်းကိုခံခဲ့ရသည်။ ၁၉၄၅ ခုနှစ် မြန်မာနိုင်ငံသို့ အင်္ဂလိပ်တို့ပြန်ရောက်ပြီးနောက် မြန်မာနိုင်ငံအတွက် လေတပ်ပြန်လည်ဖွဲ့စည်းပေးရေးများကို ဆောင်ရွက်ရာမှ ၁၉၄၇ ဒီဇင်ဘာတွင် "ဗမာ့လေတပ်မတော်" (Burma Air Force) အဖြစ်ဖွဲ့စည်းခဲ့သည်။ ၁၉၅၅ တွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) ပေါင်းစည်းရေးမူအရ တပ်မတော် (လေ) ဟု‌အမည်ပြောင်းလဲခဲ့သည်။ (Full article...)
  • Image 3 မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်၊ ဖားကန့်‌ဒေသရှိ ကျောက်စိမ်းမှော်၌ ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး ထိုမြေပြိုမှုကြောင့် အနည်းဆုံး လူ ၁၇၄ ဦး သေဆုံးခဲ့ရသည်။ မြေပြိုမှုဖြစ်ပွားပြီး နောက်တစ်ရက်ဖြစ်သော ၂၀၂၀ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် လူ ၁၀၀ ခန့် ပျောက်ဆုံးပြီး ၆၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရှိခဲ့ရသည်။ သေဆုံးဒဏ်ရာရခဲ့သူများသည် ကျောက်တူးဖော်သူ ကုမ္ပဏီများ၏ စက်ကြီးကားများဖြင့် စွန့်ပစ်ရာ ကျောက်များစုပုံထားသည့် ကျောက်ပုံခြေများတွင် ခနော်ခနဲ့အိမ်များဖြင့် နေထိုင်ကြသော တကိုယ်ရည် တကာရ ရေမဆေး ကျောက်ရှာဖွေကြ သူများ ဖြစ်သည်။ ဒေသစံတော်ချိန် ၆ နာရီခွဲခန့်တွင် သည်းထန်စွာ ရွာသွန်းခဲ့သော မိုးသည် ကျောက်မိုင်းများမှ စွန့်ပစ်မြေစာပုံကြီး ပြိုကြစေရန် ကူညီပေးသကဲ့သို့ဖြစ်ရာမှ ကျောက်ပုံကြီးသည် ကန်အတွင်းသို့ လျောကျပြိုဆင်းခဲ့သည်။ ထိုသို့ပြိုဆင်းခဲ့ရာမှ ရေနှင့်ရွံ့လှိုင်းတို့သည် ထိုတူဖော်သည့် လုပ်ငန်းခွင်အတွင်း လုပ်ကိုင်လျက်ရှိသော အလုပ်သမားများကိုပါ မြုပ်၍ သေစေခဲ့သလိုဖြစ်သွားစေခဲ့သည်။ မြန်မာနိုင်ငံတွင် ကျောက်စိမ်းတူးဖော်ထုတ်လုပ်ရောင်းချရာမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံခန့် ရရှိခဲ့သော်ငြား ထိုလုပ်ငန်းသည် အသေအပျောက်နှင့် မတော်တဆမှုများဖြင့် ကျော်ကြားခဲ့လေရာ ယခုတချိန် ၂၀၂၀ ခုနှစ် မြေပြိုမှုဘေးသည့် အသေအပျောက်အများဆုံးသော မြေပြိုမှုဖြစ်ခဲ့လေသည်။ (Full article...)
    မြန်မာနိုင်ငံကချင်ပြည်နယ်၊ ဖားကန့်‌ဒေသရှိ ကျောက်စိမ်းမှော်၌ ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး ထိုမြေပြိုမှုကြောင့် အနည်းဆုံး လူ ၁၇၄ ဦး သေဆုံးခဲ့ရသည်။ မြေပြိုမှုဖြစ်ပွားပြီး နောက်တစ်ရက်ဖြစ်သော ၂၀၂၀ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် လူ ၁၀၀ ခန့် ပျောက်ဆုံးပြီး ၆၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရှိခဲ့ရသည်။ သေဆုံးဒဏ်ရာရခဲ့သူများသည် ကျောက်တူးဖော်သူ ကုမ္ပဏီများ၏ စက်ကြီးကားများဖြင့် စွန့်ပစ်ရာ ကျောက်များစုပုံထားသည့် ကျောက်ပုံခြေများတွင် ခနော်ခနဲ့အိမ်များဖြင့် နေထိုင်ကြသော တကိုယ်ရည် တကာရ ရေမဆေး ကျောက်ရှာဖွေကြ သူများ ဖြစ်သည်။ ဒေသစံတော်ချိန် ၆ နာရီခွဲခန့်တွင် သည်းထန်စွာ ရွာသွန်းခဲ့သော မိုးသည် ကျောက်မိုင်းများမှ စွန့်ပစ်မြေစာပုံကြီး ပြိုကြစေရန် ကူညီပေးသကဲ့သို့ဖြစ်ရာမှ ကျောက်ပုံကြီးသည် ကန်အတွင်းသို့ လျောကျပြိုဆင်းခဲ့သည်။ ထိုသို့ပြိုဆင်းခဲ့ရာမှ ရေနှင့်ရွံ့လှိုင်းတို့သည် ထိုတူဖော်သည့် လုပ်ငန်းခွင်အတွင်း လုပ်ကိုင်လျက်ရှိသော အလုပ်သမားများကိုပါ မြုပ်၍ သေစေခဲ့သလိုဖြစ်သွားစေခဲ့သည်။

    မြန်မာနိုင်ငံတွင် ကျောက်စိမ်းတူးဖော်ထုတ်လုပ်ရောင်းချရာမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံခန့် ရရှိခဲ့သော်ငြား ထိုလုပ်ငန်းသည် အသေအပျောက်နှင့် မတော်တဆမှုများဖြင့် ကျော်ကြားခဲ့လေရာ ယခုတချိန် ၂၀၂၀ ခုနှစ် မြေပြိုမှုဘေးသည့် အသေအပျောက်အများဆုံးသော မြေပြိုမှုဖြစ်ခဲ့လေသည်။ (Full article...)
  • Image 4 ဦးကျော်မိုးထွန်း (၁၉၆၉ဖွား) သည် နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဖြစ်သည်။ ယခင်က ဂျီနီဗာမြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဖြစ်သည်။ (Full article...)

    ဦးကျော်မိုးထွန်း (၁၉၆၉ဖွား) သည် နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဖြစ်သည်။ ယခင်က ဂျီနီဗာမြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဖြစ်သည်။ (Full article...)
  • Image 5 ၁၇၆၄ မှ ၁၇၆၉ထိ ဖြစ်ပွားခဲ့သော တရုတ် ချင်အင်ပါယာ နှင့် မြန်မာ ကုန်းဘောင်အင်ပါယာ တို့အကြားဖြစ်ပွားခဲ့သော စစ်ပွဲများသည် အရှေ့အာရှသမိုင်း၏ နာမည်ကျော် စစ်ပွဲကြီးဖြစ်သည်။ အာရှရောက် ဥရောပကိုလိုနီ အရာရှိကြီးများကပင် မှတ်တမ်းတင်ထားခဲ့သော စစ်ပွဲဖြစ်သည်။ (Full article...)

    ၁၇၆၄ မှ ၁၇၆၉ထိ ဖြစ်ပွားခဲ့သော တရုတ် ချင်အင်ပါယာ နှင့် မြန်မာ ကုန်းဘောင်အင်ပါယာ တို့အကြားဖြစ်ပွားခဲ့သော စစ်ပွဲများသည် အရှေ့အာရှသမိုင်း၏ နာမည်ကျော် စစ်ပွဲကြီးဖြစ်သည်။ အာရှရောက် ဥရောပကိုလိုနီ အရာရှိကြီးများကပင် မှတ်တမ်းတင်ထားခဲ့သော စစ်ပွဲဖြစ်သည်။ (Full article...)
  • Image 6 တန်ဆောင်မုန်း လပြည့်နေ့သည် သီတင်းကျွတ်လပြည့်နေ့ ကဲ့သို့ပင် ဗုဒ္ဓဘာသာနွယ်ဝင်တို့၏ နေ့ထူးနေ့မြတ် တစ်နေ့ပင် ဖြစ်သည်။ အကြောင်းမှာ တန်ဆောင်မုန်း လပြည့်နေ့၌ ကျင်းပလေ့ ရှိသော တန်ဆောင်တိုင်ပွဲတော်သည် ဘုရားရှင်အား ဆီမီးထွန်းညှိ ပူဇော်သည့် ပွဲတော် ဖြစ်သကဲ့သို့ ကထိန်သင်္ကန်း ကပ်လှူခွင့်ရသော နောက်ဆုံးနေ့ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ ထို့အပြင် တန်ဆောင်မုန်း လပြည့်နေ့သည် မြတ်စွာ ဘုရားရှင်က အဇာတသတ် မင်းကြီး အမှူးပြုသော ပရိသတ်တို့အား သာမညဖလသုတ်တော် ခေါ် ရဟန်းပြုရ အကျိုးပြ တရားတော်ကို ဟောကြားတော်မူသော နေ့ထူးနေ့မြတ် ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ (Full article...)
    တန်ဆောင်မုန်း လပြည့်နေ့သည် သီတင်းကျွတ်လပြည့်နေ့ ကဲ့သို့ပင် ဗုဒ္ဓဘာသာနွယ်ဝင်တို့၏ နေ့ထူးနေ့မြတ် တစ်နေ့ပင် ဖြစ်သည်။ အကြောင်းမှာ တန်ဆောင်မုန်း လပြည့်နေ့၌ ကျင်းပလေ့ ရှိသော တန်ဆောင်တိုင်ပွဲတော်သည် ဘုရားရှင်အား ဆီမီးထွန်းညှိ ပူဇော်သည့် ပွဲတော် ဖြစ်သကဲ့သို့ ကထိန်သင်္ကန်း ကပ်လှူခွင့်ရသော နောက်ဆုံးနေ့ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ ထို့အပြင် တန်ဆောင်မုန်း လပြည့်နေ့သည် မြတ်စွာ ဘုရားရှင်က အဇာတသတ် မင်းကြီး အမှူးပြုသော ပရိသတ်တို့အား သာမညဖလသုတ်တော် ခေါ် ရဟန်းပြုရ အကျိုးပြ တရားတော်ကို ဟောကြားတော်မူသော နေ့ထူးနေ့မြတ် ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ (Full article...)
  • Image 7 ဦးဝီရသူ သည် မြန်မာ ဗုဒ္ဓဘာသာ ရဟန်းတစ်ပါးဖြစ်ပြီး မြန်မာနိုင်ငံရှိ မွတ်ဆလင်ဆန့်ကျင်ရေးလှုပ်ရှားမှု ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ဆရာတော်၏ ပြောဆိုမှုများသည် ငြိမ်းချမ်းရေးတရားများသာ ဖြစ်သည်ဟု ဆိုသော်လည်း ဟောပြောမှုများသည် မွတ်ဆလင်နှိပ်ကွပ်ရေးကို လှုံ့ဆော်နေသည်ဟု စွပ်စွဲခံထားရသည်။ မွတ်ဆလင်များသည် ရန်သူများဖြစ်ကြသည်ဟု ညွှန်းဆိုထားသည်။ ဦးဝီရသူသည် နိုင်ငံတော်အကြီးအကဲများအပေါ် မဖွယ်မရာစကားလုံးများသုံးနှုန်းပြောဆိုခြင်းနှင့် နိုင်ငံတော် တရားရေးနှင့် အုပ်ချုပ်ရေးစသည့်ကဏ္ဍများမှ တာဝန်ရှိသူများအပေါ် အကြည်ညိုပျက်အောင် ပြောဆိုမှုကြောင့် အနောက်ပိုင်းခရိုင်ဒုအထွေထွေ အုပ်ချုပ်ရေးမှူး ဦးစန်းမင်းမှ တရားလိုပြုလုပ်၍ နိုင်ငံတော်အကြည်ညိုပျက်စေ မှုပုဒ်မ ၁၂၄-က ဖြင့် တရားစွဲဆိုရန် ၂၀၁၉ မေလ ၂၈ ရက်တွင် တိုင်တန်းထားသည်။ (Full article...)
    ဦးဝီရသူ သည် မြန်မာ ဗုဒ္ဓဘာသာ ရဟန်းတစ်ပါးဖြစ်ပြီး မြန်မာနိုင်ငံရှိ မွတ်ဆလင်ဆန့်ကျင်ရေးလှုပ်ရှားမှု ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ဆရာတော်၏ ပြောဆိုမှုများသည် ငြိမ်းချမ်းရေးတရားများသာ ဖြစ်သည်ဟု ဆိုသော်လည်း ဟောပြောမှုများသည် မွတ်ဆလင်နှိပ်ကွပ်ရေးကို လှုံ့ဆော်နေသည်ဟု စွပ်စွဲခံထားရသည်။ မွတ်ဆလင်များသည် ရန်သူများဖြစ်ကြသည်ဟု ညွှန်းဆိုထားသည်။

    ဦးဝီရသူသည် နိုင်ငံတော်အကြီးအကဲများအပေါ် မဖွယ်မရာစကားလုံးများသုံးနှုန်းပြောဆိုခြင်းနှင့် နိုင်ငံတော် တရားရေးနှင့် အုပ်ချုပ်ရေးစသည့်ကဏ္ဍများမှ တာဝန်ရှိသူများအပေါ် အကြည်ညိုပျက်အောင် ပြောဆိုမှုကြောင့် အနောက်ပိုင်းခရိုင်ဒုအထွေထွေ အုပ်ချုပ်ရေးမှူး ဦးစန်းမင်းမှ တရားလိုပြုလုပ်၍ နိုင်ငံတော်အကြည်ညိုပျက်စေ မှုပုဒ်မ ၁၂၄-က ဖြင့် တရားစွဲဆိုရန် ၂၀၁၉ မေလ ၂၈ ရက်တွင် တိုင်တန်းထားသည်။ (Full article...)
  • Image 8 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဒီချုပ်(ခ)NLD ပါတီ)မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အင်အားကြီး နိုင်ငံရေးပါတီ တစ်ခု ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံရေးအဖွဲ့ ဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် National League for Democracy - NLDဟု လူသိများသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ နိုင်ငံရေး သဘောတရား (political ideology)မှာ လစ်ဘရယ်ဝါဒ (သို့မဟုတ်) လစ်ဘရယ်ဒီမိုကရေစီ ဖြစ်သည်။ နိုင်ငံရေးရပ်တည်ချက်မှာ အလယ်-လက်ဝဲ ဖြစ်သည်။ လက်ရှိတွင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဦးဆောင်သည်။ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် မဟာသရေစည်သူ ဦးအောင်ကြီး (ဗိုလ်မှူးချုပ်ဟောင်း)၊ သီရိပျံချီ ဦးကြည်မောင် (အငြိမ်းစားဗိုလ်မှူးကြီး)၊ သရေစည်သူ ဦးအောင်ရွှေ (အငြိမ်းစားဗိုလ်မှူးချုပ်)၊ သူရ ဦးတင်ဦး(အငြိမ်းစား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်) နှင့် ဒေါ်အောင်ဆန်းစုကြည် တို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းခဲ့သည်။ (Full article...)
    အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဒီချုပ်(ခ)NLD ပါတီ)မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အင်အားကြီး နိုင်ငံရေးပါတီ တစ်ခု ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံရေးအဖွဲ့ ဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် National League for Democracy - NLDဟု လူသိများသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ နိုင်ငံရေး သဘောတရား (political ideology)မှာ လစ်ဘရယ်ဝါဒ (သို့မဟုတ်) လစ်ဘရယ်ဒီမိုကရေစီ ဖြစ်သည်။ နိုင်ငံရေးရပ်တည်ချက်မှာ အလယ်-လက်ဝဲ ဖြစ်သည်။ လက်ရှိတွင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဦးဆောင်သည်။

    ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် မဟာသရေစည်သူ ဦးအောင်ကြီး (ဗိုလ်မှူးချုပ်ဟောင်း)၊ သီရိပျံချီ ဦးကြည်မောင် (အငြိမ်းစားဗိုလ်မှူးကြီး)၊ သရေစည်သူ ဦးအောင်ရွှေ (အငြိမ်းစားဗိုလ်မှူးချုပ်)၊ သူရ ဦးတင်ဦး(အငြိမ်းစား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်) နှင့် ဒေါ်အောင်ဆန်းစုကြည် တို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းခဲ့သည်။ (Full article...)
  • Image 9 မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) က အုပ်ချုပ်ခဲ့သဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ဟုလည်းခေါ်သည်။ ၁၉၆၂ မှ ၁၉၇၄ အတွင်း တော်လှန်ရေးကောင်စီသည် ဆိုရှယ်လစ်အသွင်ကူးပြောင်းရေးကို ဆောင်ရွက်ခဲ့ပြီး ၁၉၇၄ တွင် ဆိုရှယ်လစ်စနစ်ဖြင့် စတင်အုပ်ချုပ်ခဲ့သည်။ စီးပွားရေး၊ လှုမှုရေးအကြပ်အတည်းများစွာကြောင့် ၁၉၈၈ တွင် လူထူအုံကြွမှုကြီးဖြစ်ပေါ်လာခဲ့ရာ မဆလအစိုးရမှာ ပြိုလဲခဲ့လေသည်။ (Full article...)

    မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) က အုပ်ချုပ်ခဲ့သဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ဟုလည်းခေါ်သည်။ ၁၉၆၂ မှ ၁၉၇၄ အတွင်း တော်လှန်ရေးကောင်စီသည် ဆိုရှယ်လစ်အသွင်ကူးပြောင်းရေးကို ဆောင်ရွက်ခဲ့ပြီး ၁၉၇၄ တွင် ဆိုရှယ်လစ်စနစ်ဖြင့် စတင်အုပ်ချုပ်ခဲ့သည်။ စီးပွားရေး၊ လှုမှုရေးအကြပ်အတည်းများစွာကြောင့် ၁၉၈၈ တွင် လူထူအုံကြွမှုကြီးဖြစ်ပေါ်လာခဲ့ရာ မဆလအစိုးရမှာ ပြိုလဲခဲ့လေသည်။ (Full article...)
  • Image 10 အမတ်ဒိန် သည် ဘုရင် ရာဇာဓိရာဇ် ကိုခစားသော ထူးချွန်သည့် အမတ်များထဲမှ တစ်ယောက်ဖြစ်သည်။ အမတ်ဒိန်မဏိရွတ်ဟူ၍ လည်းထင်ရှားသည်။ "အမတ်ဒိန်" ဆိုသည်မှာ နေကဲ့သို့ထွန်းလင်းပြီး "မဏိရွတ်" ဆိုသည်မှာ ပတ္တမြားရတနာ နှင့်တူသော ဟုအဓိပ္ပာယ်ရသည်။ ဟံသာဝတီဘုရင် ရာဇာဓိရာဇ် သည်မြန်မာဘုရင် မင်းခေါင် နဲ့ အပြိုင် မွန်-မြန်မာ နှစ် ၄၀ စစ်ပွဲကို ဆင်နွှဲခဲ့သူဖြစ်သည်။ ရာဇာဓိရာဇ် ဤမျှနှစ်ကြာရှည်စွာ ဘုန်းတန်ခိုးကြီးခဲ့ရာမှာ ၎င်းကိုယ်တိုင်တော်သလို ၎င်းပိုင်ဆိုင်သော သူရဲကောင်းများ၏ ပံ့ပိုးမှု၊ စွမ်းဆောင်မှုကြောင့်လည်းဖြစ်သည်။ ရာဇာဓိရာဇ်သည် မင်းကန်စီ၊ သမိန်ဗြတ်ဇ္ဇ၊ အမတ်ဒိန် ၊ လဂွန်းအိမ် ၊ ဥပါကောင်း၊ အဲမွန်ဒရာ စသည်တို့ အပြင် ထူးချွန်ထက်မြက်သော အခြား အမတ် သူရဲကောင်း များစွာကို ပိုင်ဆိုင်ထားသူဖြစ်သည်။ (Full article...)
    အမတ်ဒိန် သည် ဘုရင် ရာဇာဓိရာဇ် ကိုခစားသော ထူးချွန်သည့် အမတ်များထဲမှ တစ်ယောက်ဖြစ်သည်။ အမတ်ဒိန်မဏိရွတ်ဟူ၍ လည်းထင်ရှားသည်။ "အမတ်ဒိန်" ဆိုသည်မှာ နေကဲ့သို့ထွန်းလင်းပြီး "မဏိရွတ်" ဆိုသည်မှာ ပတ္တမြားရတနာ နှင့်တူသော ဟုအဓိပ္ပာယ်ရသည်။ ဟံသာဝတီဘုရင် ရာဇာဓိရာဇ် သည်မြန်မာဘုရင် မင်းခေါင် နဲ့ အပြိုင် မွန်-မြန်မာ နှစ် ၄၀ စစ်ပွဲကို ဆင်နွှဲခဲ့သူဖြစ်သည်။ ရာဇာဓိရာဇ် ဤမျှနှစ်ကြာရှည်စွာ ဘုန်းတန်ခိုးကြီးခဲ့ရာမှာ ၎င်းကိုယ်တိုင်တော်သလို ၎င်းပိုင်ဆိုင်သော သူရဲကောင်းများ၏ ပံ့ပိုးမှု၊ စွမ်းဆောင်မှုကြောင့်လည်းဖြစ်သည်။ ရာဇာဓိရာဇ်သည် မင်းကန်စီ၊ သမိန်ဗြတ်ဇ္ဇ၊ အမတ်ဒိန် ၊ လဂွန်းအိမ် ၊ ဥပါကောင်း၊ အဲမွန်ဒရာ စသည်တို့ အပြင် ထူးချွန်ထက်မြက်သော အခြား အမတ် သူရဲကောင်း များစွာကို ပိုင်ဆိုင်ထားသူဖြစ်သည်။ (Full article...)

  • ဆက်စပ် မုခ်ဝများနှင့် ပရောဂျက်များ


    အရှေ့တောင်အာရှ


    အခြားနိုင်ငံများ


    ဓာတ်ပုံများ - load new batch

    အောက်ပါတို့သည် ဝီကီပီးဒီးယားပေါ်ရှိ မြန်မာနိုင်ငံနှင့် ဆက်စပ်သော ဆောင်းပါးများမှ ပုံအမျိုးမျိုး ဖြစ်သည်။

    အဓိက ခေါင်းစဉ်များ

    ကဏ္ဍများ

    Category puzzle
    Category puzzle
    ကဏ္ဍခွဲများကို ကြည့်ရှုရန် [►] ကို ရွေးချယ်ပါ

    နောက်ထပ် ခေါင်းစဉ်များ

    ဝီကီမီဒီယာ

    အောက်ပါ ဝီကီမီဒီယာ ဖောင်ဒေးရှင်း ညီအစ်မ ပရောဂျက်များတွင် ဤအကြောင်းအရာအတွက် ပိုမို ထောက်ပံ့ပေးထားသည်။

    နောက်ထပ် မုခ်ဝများ