ပညာသိရီလင်္ကာရ

ဝီကီပီးဒီးယား မှ
ဘဒ္ဒန္တပညာသိရီလင်္ကာရ
ဘာသာဗုဒ္ဓဘာသာ
ကျောင်းတိုက်တိပိဋကနိကာယကျောင်း၊ဒဂုံမြို့နယ်ရန်ကုန်တိုင်းဒေသကြီး
ဘွဲ့တံဆိပ်
  • တိပိဋကဓရ တိပိဋကကောဝိဒ
အခြားအမည်များဒဂုံမြို့နယ်တိပိဋကနိကာယကျောင်းတိုက်ဆရာတော်၊မြင်းမူဒုတိယဆရာတော်
ပုဂ္ဂိုလ်ရေးရာ
မွေးဖွား (1965-05-20) မေ ၂၀၊ ၁၉၆၅ (အသက် ၅၈)
စစ်ကိုင်းတိုင်းဒေသကြီးမြင်းမူမြို့နယ်ခွက်ခွင်းစံပြကျေးရွာ
မိဘဦးအောင်ငြိမ်း-ဒေါ်မြသောင်း

ဘဒ္ဒန္တပညာသိရီလင်္ကာရသည် မြန်မာနိုင်ငံ၏ ၁၆ ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်မြတ်ရရှိတော်မူသည့် ဆရာတော် ဖြစ်သည်။[၁] (၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ မှ တဆင့် ပေါ်ထွက်လာသော ဆရာတော် ဖြစ်သည်။[၂] ဒဂုံမြို့နယ်တိပိဋကနိကာယကျောင်းတိုက်ဆရာတော်၊မြင်းမူဒုတိယဆရာတော် စသည့်ဘွဲ့အမည်များဖြင့်လည်း သိကြသည်။

ရဟန်းဘောင်သို့ဝင်ရောက်လာပုံ[ပြင်ဆင်ရန်]

စစ်ကိုင်းတိုင်းဒေသကြီးမြင်းမူမြို့နယ်ခွက်ခွင်းစံပြကျေးရွာ ၌ ခမည်းတော် ဦးအောင်ငြိမ်း၊ မယ်တော်ဒေါ်မြသောင်း တို့က ကောဇာသက္ကရာဇ် ၁၃၂၇ ခုနှစ် ကဆုန်လပြည့်ကျော်(၅)ရက် ၊ ခရစ်သက္ကရာဇ် ၁၉၆၅ ခုနှစ် မေလ ၂၀ရက် ကြာသပတေးနေ့ တွင် ဆရာတော်လောင်းလျာအား ဖွားမြင်သည်။ ၁၃၄၆ ခုနှစ် နတ်တော်လပြည့်နေ့တွင် မုံရွာမြို့ ပဇ္ဇောတာရုံကျောင်းတိုက် ဆရာတော်အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တနာဂဝံသ ကို ဥပဇ္ဈာယ်ပြုလျက် မန္တလေးမြို့ ကြည်တင်ဆေးလိပ်ခုံပိုင်ရှင် ဦးလှမြင့်-ဒေါ်လှလှ မိသားစုတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိသည်။

စာသင်သားဘဝ[ပြင်ဆင်ရန်]

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ခွက်ခွင်းစံပြကျေးရွာ အောင်မြင်ဘုမ္မိကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တပဝရ၊ မုံရွာမြို့ ပဇ္ဇောတာရုံကျောင်းတိုက် ဆရာတော်နှင့် စာချဘုန်းကြီးများ၊ ဆားလင်းကြီးမြို့နယ် ဝါးတန်းကျေးရွာ သဒ္ဓမ္မဗောဓိကျောင်းဆရာတော် ဘဒ္ဒန္တဉာဏိဿရ၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ မန္တလေးမြို့တို့ရှိ ပဇ္ဇောတာရုံကျောင်းတိုက် ဆရာတော်များ၊ မင်းကွန်းတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ၊ ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ(ဝဋံသကာသိရောမဏိ)၊ မင်းကွန်းတောင်ရိုး မိုးမိတ်ကုန်းမြေ တိပိဋကနိကာယကျောင်းတိုက်၏ မဟာနာယက တိပိဋကဓရ ဆရာတော်များထံ၌ ပရိယတ္တိစာပေများ သင်ကြား ဆည်းပူးသည်။

အောင်မြင်ခဲ့သောစာမေးပွဲများ[ပြင်ဆင်ရန်]

  1. အစိုးရပထမငယ်၊
  2. ပထမလတ်၊
  3. ပထမကြီးတန်း၊
  4. သာသနဓဇ ဓမ္မာစရိယ(၁၃၄၅)ခုနှစ်၊
  5. ပရိယတ္တိသာသနဟိတသာမဏေကျော်၊
  6. ဝိနယဓရ(၁၃၅၂)ခုနှစ်၊
  7. ဝိနယကောဝိဒ (၁၃၅၆)ခုနှစ်၊
  8. ဝိနယဝိဒူ၊ ဒီဃဘာဏက(၁၃၅၈)ခုနှစ်၊
  9. ဒီဃနိကာယကောဝိဒ(၁၃၅၉)ခုနှစ်၊
  10. မူလအာဘိဓမ္မိက၊ မူလအဘိဓမ္မကောဝိဒ(၁၃၆၈)ခုနှစ်၊
  11. (နိကာယုဇ္ဇောတက၊ ဝိနယဓရ၊ ဒီဃဘာဏက၊ နိကာယဝုဎဍိ သမိတိဝိနယဓရ) တိပိဋကဓရ(၁၃၇၃)ခုနှစ်။[၃]

ဘွဲ့တံဆိပ်တော် အလှူခံရရှိတော်မူခြင်း[ပြင်ဆင်ရန်]

အရှင်ပညာသိရီလင်္ကာရ သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ မှ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၂၇ရက်နေ့ အထိ ၃၃ရက်တိုင်တိုင်ကျင်းပသော (၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီးတွင် တိပိဋကဓရ တိပိဋကကောဝိဒ ၁၆ ပါးမြောက် သာသနာ့အာဇာနည် ဆရာတော်အဖြစ် ပေါ်ထွန်းတော်ခဲ့သည်။ဆရာတော်သည် (၇၆)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲတွင် အဘိဓမ္မာနောက်ပိုင်း နှစ်ကျမ်းကို သဘောရေးဖြေ အောင်မြင်တော်မူသောကြောင့် တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့တံဆိပ်တော် ရရှိတော်မူခြင်းဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. စစ်ကောင်စီလက်ထက်တွင် ပိဋကတ်သုံးပုံ အာဂုံဆောင်ဆရာတော် ၁ ပါးပေါ်ထွန်းDVB (၂၈ ဇန်နဝါရီ ၂၀၂၄)။ ၁၄ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည်ဆရာတော် (၁) ပါး ပေါ်ထွန်းတော်မူခြင်းMyanmar Digital News (၂၇ ဇန်နဝါရီ ၂၀၂၄)။ ၁၄ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည် ဆရာတော်တစ်ပါး ပေါ်ထွန်းတော်မူခြင်းMWD Webportal (၂၇ ဇန်နဝါရီ ၂၀၂၄)။ ၁၄ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။