ပက် ဂွါဒီယိုလာ

ဝီကီပီးဒီးယား မှ
ပက် ဂွါဒီယိုလာ
၂၀၁၇ ခုနှစ်တွင် မန်စီးတီးနည်းပြအဖြစ်တွေ့ရသော ဂွါဒီယိုလာ
ကိုယ်ရေးအချက်အလက်များ
မွေးသက္ကရာဇ် (1971-01-18) ၁၈ ဇန်နဝါရီ၊ ၁၉၇၁ (အသက် ၅၃)
မွေးရပ်ဇာတိ Santpedor, Spain
အရပ်အမြင့် ၁.၈၀ m (၅ ft ၁၁ in)[၁]
ကစားသည့်နေရာ Defensive midfielder
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ
လက်ရှိအသင်း
Manchester City (manager)
လူငယ်ဘဝကလပ်များ
1981–1984 Gimnàstic Manresa
1984–1990 Barcelona
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
1988–1989 Barcelona C 8 (1)
1990–1992 Barcelona B 53 (5)
1990–2001 Barcelona 263 (6)
2001–2002 Brescia 11 (2)
2002–2003 Roma 4 (0)
2003 Brescia 13 (1)
2003–2005 Al-Ahli 36 (5)
2005–2006 Dorados 10 (1)
စုစုပေါင်း 398 (21)
နိုင်ငံကိုယ်စားပြုအသင်း
1991 Spain U21 2 (0)
1991–1992 Spain U23 12 (2)
1992–2001 Spain 47 (5)
1995–2005 Catalonia 7 (0)
အုပ်ချုပ်ခဲ့သော အသင်းများ
2007–2008 Barcelona B
2008–2012 Barcelona
2013–2016 Bayern Munich
2016– Manchester City

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်သည်။

† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

ဂျိုးဆက်ပ် ပက် ဂွါဒီယိုလာ ( ၁၉၇၁ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်တွင် မွေးဖွား) သည် ကတ်တလန်လူမျိုး ဘောလုံးနည်းပြတစ်ဦးဖြစ်ပြီး စပိန်လက်ရွေးစင်နှင့် ဘာစီလိုနာအသင်းတို့၏ ကစားသမားဟောင်း ဖြစ်သည်။ လက်ရှိ အင်္ဂလိပ်နာမည်ကြီးကလပ်အသင်း မန်ချက်စတာစီးတီး၏ နည်းပြဖြစ်သည်။ ဂွာဒီယိုလာသည် Treble ဟု ခေါ်သော တစ်ရာသီအတွင်း ဖလားသုံးလုံးအောင်မြင်မှုကို နှစ်ကြိမ်ဆွတ်ခူးနိုင်တဲ့ တစ်ဦးတည်းသော မန်နေဂျာဖြစ်သည်။ ချန်ပီယံလိဂ် ကို အသက်အငယ်ဆုံး ဆွတ်ခူးနိုင်သော နည်းပြလည်းဖြစ်သည်။ လာလီဂါ ၊ ဘွန်ဒက်လီဂါ နဲ့ ပရီးမီးယားလိဂ်များတွင် ဆက်တိုက် နိုင်ပွဲအရေအတွက် အများဆုံး စံချိန်မှတ်တမ်းများ တင်ထားနိုင်ခဲ့သည်။ ဂွါဒီယိုလာကို သမိုင်းတလျှောက် အကြီးကျယ်အခမ်းနားဆုံးသော နည်းပြအဖြစ် အများက လက်ခံထားကြသည်။

ဂွာဒီယိုလာ သည် ခံစစ် ကွင်းလယ် ကစားသမား တစ် ဦးအဖြစ် ကစားခဲ့သည်။ သူသည် ၎င်း၏ ကစားသမားဘဝ အများစုကို ဘာစီလိုနာ တွင် ဖြတ်သန်းခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ကလပ်၏ ပထမဆုံး ဥရောပဖလားကို ဆွတ်ခူးခဲ့သော Johan CruyffDream Team တွင် အဓိကနေရာမှ ပါဝင်ခဲ့သည်။ ၁၉၉၁ မှ ၁၉၉၄ ခုနှစ်အထိ စပိန်လာလီဂါ လေးကြိမ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့သည်။ သူသည် 1997 မှစတင်ကာ သူမထွက်ခွာခင် 2001 ခုနှစ်အထိ ဘာစီလိုနာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်။ ထို့နောက် ဂွာဒီယိုလာသည် အီတလီကလပ်အသင်းများဖြစ်သောဘရက်စီယာ ၊ ရိုးမား ၊ ကာတာရှိ အယ်လ်အဟ်လီ နှင့် မက္ကဆီကိုရှိ ဒိုရာဒို့စ်တို့ တို့တွင် ကစားသမား‌ဘဝကို အဆုံးသတ်ခဲ့သည်။ စပိန်လက်ရွေးစင်အသင်း အတွက် 47 ပွဲ ကစားပေးခဲ့ပြီး 1994 ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ အပြင် UEFA Euro 2000 တွင်လည်း ပါဝင်ခဲ့သည်။ Catalonia အတွက် ချစ်ကြည်ရေးပွဲများလည်း ကစားခဲ့သည်။

ကစားသမားဘဝက အနားယူပြီးနောက် ဂွာဒီယိုလာသည် ဘာစီလိုနာ B ကို ခဏတာနည်းပြစဉ်အတွင်းမှာပင် Tercera División ချန်ပီယံဆုကို ရရှိခဲ့သည်။ 2008 ခုနှစ်တွင်သူသည် ဘာစီလိုနာအသင်းကြီးကို တာဝန်ယူခဲ့သည်။ သူ့၏ ပထမရာသီ မှာပင် ဘာစီလိုနာကို လာလီဂါ ဖလား ၊ ကိုပါဒယ်ရေး နဲ့ UEFA ချန်ပီယံလိဂ်ဖလားများ ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး ချန်ပီယံလိဂ်ဆုဖလားရသော အသက်အငယ်ဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ သူသည် 2010-11 ရာသီတွင် ဘာစီလိုနာအား လာလီဂါနှင့် ချန်ပီယံလိဂ်ဆုဖလားများ ထပ်မံရယူနိုင်ခဲ့ပြီး 2011 ခုနှစ်တွင် ဖီဖာကမ္ဘာ့တစ်နှစ်တာအကောင်းဆုံးနည်းပြ အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ဂွာဒီယိုလာသည် ဘာစီလိုနာကို လေးနှစ်ကြာ နည်းပြခဲ့ပြီး ကလပ်စံချိန်တင် ဆုဖလား 14 ကြိမ်ဖြင့် အဆုံးသတ်ခဲ့သည်။

ထို့နောက် ဂွာဒီယိုလာသည် 2013 ခုနှစ်တွင် ဘိုင်ယန်မြူးနစ် သို့ရောက်ရှိလာခဲ့ပြီး ပြည်တွင်းဆုဖလားနှစ်လုံး အပါအဝင် ဘိုင်ယန်ကို နည်းပြခဲ့သော သုံးရာသီလုံးတွင် ဘွန်ဒက်လီဂါဖလား ရရှိခဲ့သည်။ သူသည် 2016 ခုနှစ်တွင် ဘိုင်ယန်မြူးနစ်မှ ထွက်ခွာခဲ့ပြီး မန်ချက်စတာစီးတီးအသင်းထံ ရောက်ရှိလာခဲ့သည်။ သူ၏ ဒုတိယရာသီတွင် ပရီးမီးယားလိဂ်ဖလားကို ဦးဆောင်ရယူနိုင်ခဲ့ပြီး ပြည်တွင်းစံချိန်များစွာကို ချိုးဖျက်နိုင်ခဲ့ကာ မန်စီးတီးသည် တစ်ရာသီတည်းတွင် အမှတ် 100 ရရှိသည့် ပထမဆုံးအသင်းဖြစ်လာခဲ့သည်။ သူသည် မန်စီးတီးကို 2018-19 တွင် အင်္ဂလန်သမိုင်းတလျှောက် ပထမဆုံးဖြစ်သော ပြည်တွင်းဖလားသုံးလုံး ရရှိခဲ့သည်။ 2020-21 တွင် သူတို့၏ပထမဆုံး ချန်ပီယံလိဂ်ဖိုင်နယ် သို့ ရောက်ရှိခဲ့သည်။ 2022-23 တွင် မန်စီးတီး၏ပထမဆုံး ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးခဲ့ကာ Treble ဟုခေါ်သော တစ်ရာသီအတွင်းဖလားသုံးလုံးအောင်မြင်မှု ကို ရယူနိုင်ခဲ့သည်။

  1. Pep Guardiola။ FC Bayern Munich။ 17 May 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 May 2014 တွင် ပြန်စစ်ပြီး။