နျူကလီးယားစွမ်းအင်အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ

ဝီကီပီးဒီးယား မှ
အမျိုးသားအဆင့် နျူကလီးယားစွမ်းအင်အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ
 မြန်မာအစိုးရအဖွဲ့အစည်း
ဦးဆောင်ကော်မတီ အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၁၂ မတ် ၂၀၂၄
ဌာနချုပ်နေပြည်တော်
ဌာနအကြီးအမှူးများဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဥက္ကဋ္ဌ

အမျိုးသားအဆင့် နျူကလီးယားစွမ်းအင်အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ သည် နိုင်ငံတော်အဆင့်အဖွဲ့အစည်း တစ်ခု ဖြစ်သည်။မြန်မာနိုင်ငံ၏ အရပ်ဘက်နျူကလီးယားစွမ်းအင်အစီအစဉ်နှင့် စီမံကိန်းများ အကောင်အထည်ဖော်ရန် အတွက် ဦးဆောင်မှုပေးမည့် ကော်မတီ တစ်ရပ်ဖြစ်သည်။ ကော်မတီတွင် အဖွဲ့ဝင် (၁၄)ဦး အထိ ပါဝင်သည်။ ကော်မတီ အား နိုင်ငံတော်ဝန်ကြီးချုပ် က ဦးဆောင်သည်။ကော်မတီအောက်တွင် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ တစ်ခုရှိသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းပြီး သည့်နောက် ပေါ်ပေါက်လာသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သည် ရုရှားနိုင်ငံ နှင့် လက်နက်ဆက်ဆံရေးအပြင် မဟာဗျူဟာမြောက်ဆက်ဆံရေးအား အခိုင်အမာ တည်ဆောက်ခဲ့သည်။[၁] နှစ်ဖက်ခရီးစဉ်များအတွင်း မြန်မာက ရုရှားနိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း Rosatom နှင့် မြန်မာနိုင်ငံ တွင် အဏုမြူ ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေး သဘောတူညီချက်အား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၆ ရက် တွင် လက်မှတ်ရေးထိုးခြင်းဖြင့် လည်းကောင်း[၂]ရန်ကုန်မြို့ လှိုင်မြို့နယ် တွင် ပထမဦးဆုံးသော နျူကလီးယား နည်းပညာ သတင်းအချက်အလက်စင်တာ အား ရုရှားနိုင်ငံ အကူအညီဖြင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက် တွင် ဖွင့်လှစ်ခြင်းဖြင့် လည်းကောင်း[၃] အစရှိသည့် ပူးပေါင်းဆောင်ရွက်မှုများပြုပြီးနောက် ၂၀၂၄ ခုနှစ် မတ်လ ၁၂ရက်နေ့တွင် မြန်မာနိုင်ငံအတွင်း နျူကလီးယားစွမ်းအင် အကောင်အထည်ဖော်ရေးနှင့် ပတ်သက်သည့် အမြင့်ဆုံးဦးဆောင်ကော်မတီ ပေါ်ပေါက်လာခြင်း ဖြစ်သည်။[၄]

ရည်ရွယ်ချက်[ပြင်ဆင်ရန်]

  • မြန်မာနိုင်ငံ၏ နျူကလီးယားစွမ်းအင်အစီအစဉ်နှင့် စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် မျှော်မှန်းချက်နှင့် လုပ်ထုံးလုပ်နည်းများချမှတ်နိုင်ရေးအတွက် ဦးဆောင်မှုပေးရန်၊
  • လိုအပ်သည့် ညွှန်ကြားချက် များနှင့် လမ်းညွှန်ချက်များ ထုတ်ပြန်ပေးရန်၊
  • နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့် အသုံးပြုသည့် နယ်ပယ်များအတွက် နိုင်ငံတကာနှင့်ဒေသတွင်း မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို ထူထောင်နိုင်ရန်၊

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

စဉ် ရာထူး တာဝန်
နိုင်ငံတော်ဝန်ကြီးချုပ် ဥက္ကဋ္ဌ
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန
အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန
အဖွဲ့ဝင်
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
အဖွဲ့ဝင်
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး
နိုင်ငံခြားရေးဝန်ကြီးဌာန
အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး
ဥပဒေရေးရာဝန်ကြီးဌာန
အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး
ပြန်ကြားရေးဝန်ကြီးဌာန
အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အဖွဲ့ဝင်
၁၀ ပြည်ထောင်စုဝန်ကြီး
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
အဖွဲ့ဝင်
၁၁ ပြည်ထောင်စုဝန်ကြီး
စွမ်းအင်ဝန်ကြီးဌာန
အဖွဲ့ဝင်
၁၂ ပြည်ထောင်စုဝန်ကြီး
ပညာရေးဝန်ကြီးဌာန
အဖွဲ့ဝင်
၁၃ ပြည်ထောင်စုဝန်ကြီး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
အဖွဲ့ဝင်
၁၄ ပြည်ထောင်စုဝန်ကြီး
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန
အတွင်းရေးမှူး

လုပ်ငန်း တာဝန်များ[ပြင်ဆင်ရန်]

  1. နိုင်ငံတော်အစိုးရအနေဖြင့် နျူကလီးယားစွမ်းအင်အစီအစဉ် ဖွံ့ဖြိုးတိုးတက်ရေးခိုင်မာသည့် ကတိကဝတ်ပြုရန်နှင့် အဆိုပါအစီအစဉ် စတင်နိုင်ရေးအတွက် သုံးသပ်ချက်များနှင့် အကြံပြုချက်များ စုစည်းတင်ပြရန် ဦးစီးဆောင်ရွက်ခြင်း၊
  2. နျူကလီးယားစွမ်းအင်အစီအစဉ်နှင့် စီမံကိန်းများအကောင်အထည်ဖော်ရာတွင် မျှော်မှန်းချက်နှင့် လုပ်ထုံး လုပ်နည်းများချမှတ်နိုင်ရေး ဦးဆောင်မှုပေးခြင်းနှင့် လိုအပ်သည့်ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များ ထုတ်ပြန်ခြင်း၊
  3. နိုင်ငံတော်အစိုးရက အတည်ပြုထားသည့် နျူကလီးယားစွမ်းအင်အစီအစဉ်နှင့် နျူကလီးယား စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို စောင့်ကြည့် စစ်ဆေးခြင်းနှင့် လမ်းညွှန်မှုပေးခြင်း၊
  4. နျူကလီးယားစွမ်းအင်အစီအစဉ် ရေရှည်အကောင်အထည်ဖော်နိုင်ရေးကို ပံ့ပိုးနိုင်သည့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ အကျိုးသက်ဆိုင်သူများ ပါဝင်ပတ်သက်ရေး၊ စက်မှုလုပ်ငန်းများ ပါဝင်ရေး၊ ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်းများနှင့် သုံးစွဲပြီးလောင်စာများ စီမံခန့်ခွဲရေးစသည့်ကိစ္စရပ် များဆိုင်ရာ မဟာဗျူဟာများနှင့် အစီအမံများရေးဆွဲရေးအပေါ် ဦးဆောင်ခြင်းနှင့် ကြီးကြပ်ခြင်း၊ (င) နျူကလီးယားအခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေလိုအပ်ချက်သတ်မှတ်ရေးနှင့် နျူကလီးယားစီမံကိန်းအတွက် ဘဏ္ဍာငွေရရှိနိုင်မည့် အရင်းအမြစ်များ ရွေးချယ်သတ်မှတ်ရေးတို့ကို ဦးဆောင်ခြင်း၊
  5. နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အသုံးပြုသည့် နယ်ပယ်များအတွက် နိုင်ငံတကာနှင့် ဒေသတွင်းမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို ထူထောင်ခြင်း၊

နျူကလီးယားစွမ်းအင်အစီအစဉ် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ[ပြင်ဆင်ရန်]

စဉ် ရာထူး တာဝန်
ပြည်ထောင်စုဝန်ကြီး
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန
ဥက္ကဋ္ဌ
ဒုတိယဝန်ကြီး
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
ဒုတိယဥက္ကဋ္ဌ(၁)
ဒုတိယဝန်ကြီး
စွမ်းအင်ဝန်ကြီးဌာန
ဒုတိယဥက္ကဋ္ဌ(၂)
အမြဲတမ်းအတွင်းဝန်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
အဖွဲ့ဝင်
အမြဲတမ်းအတွင်းဝန်
ပြည်ထဲရေးဝန်ကြီးဌာန
အဖွဲ့ဝင်
အမြဲတမ်းအတွင်းဝန်
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
အဖွဲ့ဝင်
အမြဲတမ်းအတွင်းဝန်
နိုင်ငံခြားရေးဝန်ကြီးဌာန
အဖွဲ့ဝင်
အမြဲတမ်းအတွင်းဝန်
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
အဖွဲ့ဝင်
အမြဲတမ်းအတွင်းဝန်
ဥပဒေရေးရာဝန်ကြီးဌာန
အဖွဲ့ဝင်
၁၀ အမြဲတမ်းအတွင်းဝန်
ပြန်ကြားရေးဝန်ကြီးဌာန
အဖွဲ့ဝင်
၁၁ အမြဲတမ်းအတွင်းဝန်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အဖွဲ့ဝင်
၁၂ အမြဲတမ်းအတွင်းဝန်
စက်မှုဝန်ကြီးဌာန
အဖွဲ့ဝင်
၁၃ အမြဲတမ်းအတွင်းဝန်
အလုပ်သမားဝန်ကြီးဌာန
အဖွဲ့ဝင်
၁၄ အမြဲတမ်းအတွင်းဝန်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
အဖွဲ့ဝင်
၁၅ အမြဲတမ်းအတွင်းဝန်
ပညာရေးဝန်ကြီးဌာန
အဖွဲ့ဝင်
၁၆ အမြဲတမ်းအတွင်းဝန်
ကျန်းမာရေးဝန်ကြီးဌာန
အဖွဲ့ဝင်
၁၇ အမြဲတမ်းအတွင်းဝန်
ဆောက်လုပ်ရေးငန်ကြီးဌာန
အဖွဲ့ဝင်
၁၈ အမြဲတမ်းအတွင်းဝန်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
အဖွဲ့ဝင်
၁၉ ပါမောက္ခချုပ်
တပ်မတော်သိပ္ပံနှင့် နည်းပညာသုတေသနဌာန
ကာကွယ်ရေးဝန်ကြီးဌာန
အဖွဲ့ဝင်
၂၀ အမြဲတမ်းအတွင်းဝန်
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန
အတွင်းရေးမှူး
၂၁ ညွှန်ကြားရေးမှူးချုပ်
အဏုမြူစွမ်းအင်ဦးစီးဌာန
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန
တွဲဖက်အတွင်းရေးမှူး

လုပ်ငန်းကော်မတီ၏တာဝန်များ[ပြင်ဆင်ရန်]

  1. နိုင်ငံတော်အစိုးရအနေဖြင့် နျူကလီးယားစွမ်းအင်အစီအစဉ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် စတင် နိုင်ရေးအတွက် သုံးသပ်ချက်များနှင့်အကြံပြုချက်များ စုစည်းတင်ပြခြင်း၊
  2. သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆက်စပ်အဖွဲ့အစည်းများပါဝင်သော ဆပ်ကော်မတီများ လုပ်ငန်း အဖွဲ့များကို ဖွဲ့စည်းပေးခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊
  3. နျူကလီးယားစွမ်းအင်အစီအစဉ်နှင့် စီမံကိန်းများအကောင်အထည်ဖော်ခြင်းနှင့်စပ်လျဉ်းသည့် လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များ ထုတ်ပြန်ရန်ဆောင်ရွက်ခြင်း၊
  4. နျူကလီးယားစွမ်းအင်အစီအစဉ်ဆိုင်ရာ အသေးစိတ်အစီရင်ခံစာနှင့် လမ်းပြမြေပုံရေးဆွဲခြင်းအပါအဝင် အမျိုးသားနျူကလီးယား အခြေခံအဆောက်အအုံအား အကဲဖြတ်သုံးသပ်ရေးနှင့် ဖွံ့ဖြိုးရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း၊
  5. နျူကလီးယားစွမ်းအင်အစီအစဉ် ရေရှည်အကောင်အထည်ဖော်နိုင်ရေးကို ပံ့ပိုးနိုင်သည့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ အကျိုးသက်ဆိုင်သူများ ပါဝင်ပတ်သက်ရေး၊ စက်မှုလုပ်ငန်းများ ပါဝင်ရေး၊ ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်းများနှင့် သုံးစွဲပြီးလောင်စာများ စီမံခန့်ခွဲရေး စသည့် ကိစ္စရပ်များဆိုင်ရာ မဟာဗျူဟာများနှင့် အစီအမံများရေးဆွဲဆောင်ရွက်ခြင်း၊
  6. အမျိုးသားနျူကလီးယား အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေအား သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ လေ့လာသုံးသပ်အကဲဖြတ် ဆောင်ရွက်ခြင်း၊
  7. နျူကလီးယားစွမ်းအင်အစီအစဉ်နှင့် နျူကလီးယား အခြေခံအဆောက်အအုံဖွံ့ဖြိုးမှုတို့ကို အထောက် အပံ့ပြုရန်အတွက် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီအပါအဝင် အခြားသက်ဆိုင်သည့် အဖွဲ့အစည်းများနှင့် ထိတွေ့ဆောင်ရွက်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
  8. နျူကလီးယားစွမ်းအင်အစီအစဉ်အား အကောင်အထည်ဖော်မှုအဆင့်အလိုက် လိုအပ်ပါက ဆပ်ကော်မတီ များလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခြင်း။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ-ရုရှား အထီးကျန်နိုင်ငံ အချင်းချင်းပေါင်းဖက်မှုBBC Burmese (၁၅ ဇန်နဝါရီ ၂၀၂၃)။ ၁၂ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. Myanmar and Russia Agree to Establish Nuclear Technology Hub in YangonThe Diplomat (22 November 2022)။ 12 May 2024 တွင် ပြန်စစ်ပြီး။
  3. နျူကလီးယားနည်းပညာ သတင်းအချက်အလက် စင်တာ ရန်ကုန်မြို့တွင် ဖွင့်လှစ်ဆင်ဟွာသတင်း (၆ ဖေဖော်ဝါရီ ၂၀၂၃)။ ၁၂ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. နျူကလီးယားစွမ်းအင် အကောင်အထည်ဖော်ရန် စစ်ခေါင်းဆောင် ဦးဆောင်သည့် အမျိုး သားအဆင့်ကော်မတီဖွဲ့စည်းထားပြီး ရုရှားနှင့် နျူကလီးယားဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုများလုပ်ဆောင်နေAyeyarwaddy Times (၉ မေ ၂၀၂၄)။ ၁၂ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။