စိန်ဝင်း (ဂျာနယ်လစ်)

ဝီကီပီးဒီးယား မှ
စိန်ဝင်း အမည်ရှိ အခြားပုဂ္ဂိုလ်များအတွက် စိန်ဝင်း (သံတူကြောင်းကွဲ) ကို ကြည့်ပါ။

စိန်ဝင်း (ဂျာနယ်လစ်) သည် လက်ရှိတွင်မဇ္ဈိသတင်းဌာန၏ သတင်းခန်းစီမံခန့်ခွဲမှုအယ်ဒီတာ (Managing Editor) အဖြစ်နှင့် Myanmar Center for Investigative Journalism (MCIJ) ၏ တည်ထောင်သူနှင့် အုပ်ချုပ်မှုဒါရိုက်တာအဖြစ် လုပ်ကိုင်လျက်ရှိသည်။

သူသည် မဇ္ဈိမသတင်းဌာနတွင် ရုပ်မြင်သံကြားအစီအစဉ်တင်ဆက်သူအဖြစ် တိုက်ရိုက်ထုတ်လွှင့်မှုများနှင့် အင်တာဗျူးများလုပ်လေ့ရှိသည်။ သူသည် ယခင် ၂၀၁၄ ခုနှစ်မှလေးနှစ်ကြာ Myanmar Journalism Institute (MJI) တွင် Training Director အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသေးသည်။ ကမ္ဘောဒီယားတွင် သတင်းစာပညာစတင်သင်ယူခဲ့ပြီး ပြည်ပတွင် အခြေစိုက်သည်။

သူသည် ရန်ကုန်စက်မှုတက္ကသိုလ်မှ မြို့ပြအင်ဂျင်နီယာဘွဲ့ရရှိခဲ့သော်လည်း သတင်းစာပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနေခဲ့သည်။