ခင်မောင် (ရဲဘော်)

ဝီကီပီးဒီးယား မှ

ရဲ​ဘော်ကြင်​မောင် (​ခေါ် )ရဲ​ဘော်ထွန်း (​ခေါ် )ဘဝင်း(​ခေါ် )​မောင်က​လေး [၁]ကို ၁၉၂၃ ခုနှစ်တွင် စစ်ကိုင်းမြို့၌မွေးဖွားခဲ့သည်။ ၁၉၄၂ခုနှစ် တွင် ဗမာ့လွတ်လပ်​ရေးတပ်မ​တော် ( ဘီအိုင်​အေ ) သို့ ဝင် ​ရောက်ခဲ့ပြီး ဗိုလ်အဆင့်သို့ တိုးမြှင့်ခံခဲ့ရသည်။ ၁၉၄၅ ခုနှစ်ဖက်ဆစ်ဂျပန်​တော်လှန်​ရေးတွင် ရွပ်ရွပ်ချွံချွံ ပါဝင်ခဲ့သည်။စစ်ပြီးကာလ ဖဆပလ နှင့်ဗကပတို့တွင်ပါဝင်ခဲ့သည်။၁၉၄၈ ခုနှစ် ဖဆပလ အစိုးရ ​ကြောင့်ဗကပ ​တောခိုရ​​​​​သောအခါ လိုက်ပါသွားခဲ့သည်။

၁၉၈၅ခုနှစ်တွင် ဗကပ ၏ဗဟို​ကော်မတီဝင် ဖြစ်လာသည်။၁၉၈၈ခုနှစ်​မြေ​အောက်​တော်လှန်​ရေး အတွက် ၄၈၂၈အဖွဲ့ကိုဦး​ဆောင် ဖွဲ့စည်းခဲ့သည်။ ၁၉၈၉ခုနှစ် တွင်ဗမာပြည်ကွန်မြူနစ်ပါတီပြိုကွဲခဲ့ ပြီး​နောက် ပါတီကိုဆက်လက် ဦး​ဆောင်ခဲ့သည်။၂၀၁၅ ခုနှစ်ဇန်နာဝါရီလအသက်၉၂နှစ်အရွယ်တွင် တရုတ်ပြည်၌ကွယ်လွန်ခဲ့သည်။


ရည်ညွန်းကိုးကား[ပြင်ဆင်ရန်]

  1. နဝတ​ခေတ် လုပ်သားပြည်သူ့​နေစဥ်သတင်းစာမှ​ဆောင်းပါးများ