အသုံးပြုသူ:Han Sann
ဟန်ဆန်း | |
မွေးသက္ကရာဇ် | ၁၉၇၉ |
ကလောင်ခွဲ | ဟန်ဇော် |
အမည်ရင်း | မြတ်သူစိုး |
မိဘ | ဦးစိုးတင့်+ဒေါ်သစ်သစ်လွင် |
မွေးရာဇာတိ | မော်လမြိုင်မြို့ |
နိုင်ငံ | မြန်မာ |
အလုပ်အကိုင် | စာရေးဆရာ၊ အယ်ဒီတာ၊ အနုပညာသည် |
ဟန်ဆန်း[၁][၂][၃]သည် စာရေးဆရာ၊ အယ်ဒီတာနှင့် အနုပညာသည်[၄]တစ်ဦးဖြစ်ပြီး မြန်မာဝီကီပီးဒီးယားကို ပါဝင်ရေးသားနေသူဖြစ်သည်။ အမည်အရင်းမှာ မြတ်သူစိုးဖြစ်ပြီး ဟန်ဆန်း[၁]ဟူသောအမည်ဖြင့် ရသစာပေရေးသားခြင်း၊ ဂရပ်ဖစ်ဒီဇိုင်းရေးဆွဲခြင်း[၂]တို့ကို လုပ်ကိုင်သည်။ ထို့အပြင် ဟန်ဇော်[၃] ဟူသော ကလောင်အမည်ဖြင့် အိုင်စီတီဆိုင်ရာဆောင်းပါးများကို လေ့လာရေးသားသည်။
ပညာရေး
[ပြင်ဆင်ရန်]အခြေခံပညာအထက်တန်းကို ၁၉၉၆ ခုနှစ်တွင် ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ်ရှိ အ.ထ.က(၂)၊ သင်္ကန်းကျွန်းမှ အောင်မြင်ခဲ့သည်။ တက္ကသိုလ်သို့ ဆက်လက်တက်ရောက်ခဲ့ပြီး ရန်ကုန်အဝေးသင်တက္ကသိုလ်မှ စိတ်ပညာဖြင့် ဘွဲ့ရခဲ့သည်။ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ အနုပညာကွန်ပျူတာဒီပလိုမာဘွဲ့ကို ရရှိခဲ့သည်။
အလုပ်အကိုင်
[ပြင်ဆင်ရန်]၂၀၁၁ ခုနှစ် မေလမှ စတင်၍ ကွန်ပျူတာသုံး မြန်မာစာစနစ် အကောင်အထည်ဖော်ခြင်းအဖွဲ့ [၄]၏ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနတွင် အချိန်ပိုင်းတာဝန်ကို စတင်ထမ်းဆောင်သည်။
အယ်ဒီတာဘ၀
[ပြင်ဆင်ရန်]၂၀၁၂ ခုနှစ် မတ်လမှ စပြီး မြန်မာအင်ဒီပဲန်ဒင့်သတင်းဂျာနယ်တွင် အယ်ဒီတာအဖြစ် အလုပ်လုပ်ကိုင်ခဲ့သည်။ ထို့နောက် ပဲ့တင်သံဂျာနယ်တွင် အယ်ဒီတာအဖြစ် ၂၀၁၅ ခုနှစ် ဧပြီလအထိ တာဝန်ယူခဲ့သည်။ ၂၀၁၅ ခုနှစ် မေလတွင် Info Digest Media House ၏ အယ်ဒီတာအဖွဲ့ဝင်အဖြစ် ၂၀၂၀ ပြည့်နှစ် ဇွန်လအထိ တာဝန်ယူဆောင်ရွက်ခဲ့သည်။ 3-ACT ရုပ်ရှင်မဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ် တာဝန်ယူဆောင်ရွက်နေသည်။
ထုတ်ဝေပြီး စာအုပ်များ
[ပြင်ဆင်ရန်]နည်းပညာကို လူသားဆန်မှုနှင့် လက်ထပ်ထိမ်းမြားပေးခြင်း[၅]အမည်ဖြင့် အိုင်တီနည်းပညာဆိုင်ရာဆောင်းပါးများ စုစည်းမှုစာအုပ်ကို ဝန်ဇင်းအွန်လိုင်းစာအုပ်ဆိုင်က ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် အီးဘုတ်ခ်အဖြစ် ထုတ်ဝေဖြန့်ချိခဲ့သည်။ လူကူးမျဉ်းကျားက လမ်းဖြတ်ကူးလျှင် ကမ္ဘာကျော်နိုင်ပါသည်[၂] စာအုပ်ကို ဟန်ဆန်း ဟူသောကလောင်အမည်ဖြင့် ၂၀၁၆ ခုနှစ်၊ ဩဂုတ်လတွင် ထုတ်ဝေခဲ့သည်။ စကားလုံးများကပြောသော ကွန်ပျူတာတစ်လုံးနှင့် အင်တာနက်အကြောင်း စာအုပ်ကို စာအုပ်ကို ဟန်ဇော် ဟူသောကလောင်အမည်ဖြင့် ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် ပုံနှိပ်မူအဖြစ် ထုတ်ဝေခဲ့သည်။ နည်းပညာကို လူသားဆန်မှုဖြင့် လက်ထပ်ထိမ်းမြားပေးခြင်း(အိုင်စီတီဆိုင်ရာဆောင်းပါးများ) စာအုပ်ကို ဟန်ဇော် ဟူသောကလောင်အမည်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လတွင် ပုံနှိပ်မူအဖြစ် ထုတ်ဝေခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]My Tools Box
[ပြင်ဆင်ရန်]ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ (December 2007) |
ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |