The Political Compass

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။
The Political Compass
ဝဘ်ဆိုဒ် အမျိုးအစား
Political self-test, political blog
ဖတ်ရှုရရှိနိုင်မှုအင်္ဂလိပ်ဘူဂေးရီးယားချက်ဂျာမန်စပိန်ပြင်သစ်အီတလီပိုလန်ပေါ်တူဂီရိုမေးနီးယားရုရှားတူရကီ
ဖန်တီးသူဝိန်း ဘရစ်တန်ဒန်[၁]
တည်းဖြတ်သူဝိန်း ဘရစ်တန်ဒန်[၁]
ဝဘ်ဆိုဒ်politicalcompass.org
စီးပွားရေးမရှိ
မှတ်ပုံတင်ခြင်းမရှိ
လွှင့်တင်ခြင်းဒီဇင်ဘာ ၂၀၊ ၂၀၀၀; ၂၃ နှစ် အကြာက (၂၀၀၀-၁၂-20)[၂]
လက်ရှိ အခြေအနေရှိဆဲ

The Political Compass သည် နိုင်ငံရေးအမြင်ကို ခန့်မှန်းခြေတိုင်းတာပေးသောဝက်ဘ်ဆိုက်တစ်ခုဖြစ်သည်။ မေးခွန်း ၆၂ ပုဒ်တွင် ဖြေကြားထားခြင်းကို အခြေခံ၍ နိုင်ငံရေးစပက်ထရမ်၏ မည်သည့်နေရာတွင်ရှိသည်ကို နေရာချပါသည်။[၁] မေးခွန်းဖြေကြားပုံမှာ နိုင်ငံရေးအကြောင်းအရာကို "အလွန်သဘောတူသည်၊ သဘောတူသည်၊ သဘောမတူပါ၊ အလွန်သဘောမတူပါ" ဟူသောအဖြေများထဲမှ တစ်ခုကိုရွေးချယ်ရမည်ဖြစ်သည်။[၃]

ထိုဝက်ဘ်ဆိုက်သည် ယူနိုက်တက်ကင်းဒမ်းနိုင်ငံတွင် ထည်ထောင်ခဲ့သည်ဟုဆိုကြသည်။[၄][၅] ဝက်ဘ်ဆိုက်၏မူပိုင်ခွင့်ကို နယူးဇီလန်နိုင်ငံရှိ "Pace News Limited"[၆] ဟူသောကုမ္ပဏီမှ ပိုင်ဆိုင်ထားသည်။ ထိုကုမ္ပဏီ၏ ဒါရိုက်တာမှာ ဝိန်း ဘရစ်တန်ဒန် (Wayne Brittenden) ဖြစ်သည်။[၇] "The New York Times" သတင်းစာသည်လည်း ထိုဝက်ဘ်ဆိုက်ကို ဘရစ်တန်ဒန်မှ ပြုလုပ်ထားသည်ဟုဆိုခဲ့သည်။[၁] တွမ် ယူတလေ (Tom Utley) ကမူ ထိုဝက်ဘ်ဆိုက်သည် "The World Action" ဟူသော ပရဟိတဝက်ဘ်ဆိုက်နှင့် ချိတ်ဆက်ထားသည်ဟုဆိုသည်။[၃] ထိုဝက်ဘ်ဆိုက်၏ အစောပိုင်းဗားရှင်ကို "The World Action" ၏ဆာဗာ၌ တည်ထောင်ခဲ့သည်။[၈]

စပက်ထရမ်ပုံစံ[ပြင်ဆင်ရန်]

"The Political Compass" မှ အသုံးပြုသော နိုင်ငံရေးအရပ်မျက်နှာများ[၉]

The Political Compass ၏ စပက်ထရမ်သည် ဝင်ရိုးနှစ်ခုပါသောပုံစံကို အသုံးပြုပါသည်။ ရေပြင်ညီဝင်ရိုးသည် စီးပွားရေး လက်ဝဲ-လက်ယာ ဝင်ရိုးဖြစ်သည်။ လက်ဝဲဘက်သည် တိုင်းပြည်စီးပွား‌ရေးကို အစိုးရကိုယ်တိုင် ထိန်းချုပ်လိုခြင်းဖြစ်ပြီး လက်ယာဘက်သည် တိုင်ပြည်စီးပွားရေးကို အစိုးရမဟုတ်ကိုယ်ပိုင်ကော်ပိုရေးရှင်းများက ကိုယ်ပိုင်ထိန်းချုပ်လိုခြင်းဖြစ်သည်။ ဒေါင်လိုက်ဝင်ရိုးမှာ လူမှုနည်းအရ အာဏာရှင်-လွတ်လပ်မှု ဝင်ရိုးဖြစ်သည်။ အပေါ်ဘက်သည် အာဏာရှင်ကိုလိုက်နာရခြင်းဖြစ်ပြီး အောက်ဘက်သည် လွပ်လပ်စွာနေထိုင်ရခြင်း ဖြစ်သည်။

ထိုပုံစံသည် ဒေးဗစ် နိုလန် (David Nolan) ရေးဆွဲထားသောဇယားနှင့်ဆင်တူသည်။ ၁၉၆၈ ခုနှစ်တွင် မောရစ် ဘရိုင်ဆန် (Maurice C. Bryson) နှင့် ဝီလီယမ် မက်ဒေးလ် (William R. McDill) တို့၏ရေးဆွဲမှုသည်လည်းကောင်း ၁၉၇၀ ခုနှစ်တွင် အဲလ်ဘတ် မဲလ်ဆာ (Albert Meltzer) နှင့် စတူးအာ့တ် ခရစ်စတီ (Stuart Christie) တို့၏ရေးဆွဲမှုသည်လည်းကောင်း နိုလန်၏ဇယားနှင့် ဆင်တူကြသည်။[၁၀][၁၁]

ထိုဝက်ဘ်ဆိုက်၏ အမှတ်ပေးစနစ်ကိုရှင်ပြထားခြင်းမရှိပေ။[၁၂] သို့ဖြစ်ရာ တွမ် ယူတလေနှင့် ဘရိုင်ရန် မစ်ရှဲလ် (Biran Mitchell) တို့သည် ထိုအကြောင်းအရာနှင့်ပက်သက်၍ ဝေဖန်ခဲ့ကြသည်။[၃][၈]

ကိုးကားချက်များ[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ LiCalzi O'Connell၊ Pamela (4 December 2003)။ Online DiaryThe New York Times။ 2 August 2017 တွင် ပြန်စစ်ပြီး။
  2. PoliticalCompass.org WHOIS, DNS, & Domain Info – DomainToolsWHOIS။ December 25, 2020 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ ၃.၂ Utley၊ Tom။ "I'm v. Right-wing, says the BBC, but it's not that simple"။ "A lot of the questions in the test are very irritatingly phrased and impossible to answer properly, with only these four options available: "strongly agree", "agree", "disagree" and "strongly disagree" .
  4. "Shut Up, I'm A Libertarian", 11 July 2001 The Guardian. Retrieved 9 January 2018.
  5. "FAQ Q29". Politicalcompass.org. Retrieved 9 January 2018.
  6. The Political Compass။ The Political Compass (11 October 2013)။ 1 November 2013 တွင် ပြန်စစ်ပြီး။
  7. "Pace News Limited". Opencorporates.com. Retrieved 9 January 2018.
  8. ၈.၀ ၈.၁ Mitchell, Brian Patrick. "Eight ways to run the country". Greenwood Publishing Group. 2007. p. 143. ISBN 978-0-275-99358-0.
  9. The Political Compass။ The Political Compass (11 October 2013)။ 1 November 2013 တွင် ပြန်စစ်ပြီး။
  10. Meltzer၊ Albert; Christie၊ Stuart (1970)။ "Party Lines and Politics"။ The Floodgates of AnarchyISBN 0-900707-03-8
  11. Bryson, Maurice C. (Summer 1968). "The Political Spectrum: A Bi-Dimensional Approach". Rampart Journal of Individualist Thought 4 (2).  Archived 17 March 2020 at the Wayback Machine.
  12. The Political Compass FAQ #25။ 8 January 2017 တွင် ပြန်စစ်ပြီး။ “Can you provide your scoring details[?]. [...] [W]e have a strict policy against releasing this information”.

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]