အက်ဖ်-၂၂ ရက်ပ်တာ
| F-22 Raptor | |
|---|---|
| အမျိုးအစား | ကိုယ်ယောင်ဖျောက် တိုက်လေယာဉ် |
| မူလပထမနိုင်ငံ | အမေရိကန်ပြည်ထောင်စု |
| ထုတ်လုပ်သူ | လော့ခ်ဟိမာတင် အေရိုနော့တစ် ဘိုးအင်း ကာကွယ်ရေး စစ်စတမ် |
| ပထမဦးဆုံးခရီးစဉ် | စက်တင်ဘာ ၂၉ ၁၉၉၀ |
| စတင်ပျံသန်းခြင်း | ဒီဇင်ဘာ ၁၅ ၂၀၀၅ |
| အဓိကအသုံးပြုသူ | အမေရိကန် လေတပ် |
| တည်ဆောက်ပြီးခဲ့သည့် အရေအတွက် | ၁၆၈ |
| တည်ဆောက်ရန် ကုန်ကျစရိတ် | အမေရိကန်ဒေါ်လာ ၆၅ ဘီလီယံ[၁] |
| တစ်စီးချင်း၏တန်ဖိုး | အမေရိကန် ဒေါ်လာ ၁၅၀ မီလီယံ [၂] |
လော့ခ်ဟိမာတင်/ဘိုးအင်း အက်ဖ်-၂၂ ရက်ပ်တာသည် လူတစ်ယောက်စီး အင်ဂျင် ၂လုံးတပ် ပဉ္စမမျိုးဆက် ထိန်းချုပ်နိုင်စွမ်းမြင့်မားသော (supermaneuverable) တိုက်လေယာဉ်ဖြစ်ြပီး ကိုယ်ယောက်ဖျောက် နည်းပညာ (stealth technology) ကို အသုံးပြုထားသည်။ အဓိကအားဖြင့် လေကြောင်း စိုးမိုးရေး တိုက်လေယာဉ်ဖြစ်သော်လည်း ၄င်း၏ မြင့်မားသော စွမ်းဆောင်ရည်များကြောင့် မြေပြင်တိုက်ခို်က်ရေး ၊ အီလက်ထရောနစ် စစ်ဆင်ရေး နှင့် ရှာဖွေထောက်လှမ်းရေး တာဝန်များကိုလည်း ထမ်းဆောင်နိုင်သည်။ လော့ခ်ဟိမာတင် အေရိုနော့တစ်သည် အဓိက ကန်ထရိုက်တာဖြစ်ပြီး လေယာဉ်ဖရိမ် အစိတ်အပိုင်း အမြောက်အများ၊ လက်နက် စနစ်များ နှင့် အက်ဖ်-၂၂ ကို အပြီးသတ် တပ်ဆင်ခြင်းတို့ အတွက် တာဝန်ယူဆောင်ရွက်သည်။ ထိုအစီအစဉ်တွင် ပါတနာ ဖြစ်သော ဘိုးအင်း ကာကွယ်ရေး၊ အာကာသနှင့် လုံခြုံရေးကမူ အတောင်ပံများ၊ ကိုယ်ထည်နောက်ပိုင်း၊ အေဗီရွန်းနစ် တပ်ဆင်မှု နှင့် ပိုင်းလော့နှင့် ပြုပြင်ထိန်းသိမ်းရေး သင်တန်းပေးခြင်းများကို တာဝန်ယူ ဆောင်ရွက်သည်။
ထိုလေယာဉ်ပျံကို အမေရိကန် လေတပ်တွင် တရားဝင် အသုံးမပြုမီ ၂၀၀၅ ခုနှစ် ဒီဇင်ဘာလ မတိုင်မီက F-22 နှင့် F/A-22 စသည်ဖြင့် ခေါ်ဝေါ်သုံးစွဲခဲ့ကြပြီး စတင်အသုံးပြုချိန်မှ စ၍ F-22A ဟု ခေါ်ဝေါ်ခဲ့ကြသည်။ တည်ဆောက်ရေးကာလ အချိန် အလွန်ကြာမြင့်ခဲ့ပြီး ကုန်ကျစရိတ် အများအပြား အသုံးပြုခဲ့ရသော်လည်း အမေရိကန် လေတပ် အနေနှင့် F-22 ကို အမေရိကန်တို့၏ အနာဂတ် အဓိက လေကြောင်းအင်အား အနေနှင့် မှတ်ယူခဲ့ကြသည်။ ထိုလေယာဉ်သည် သူတို့ သိရှိထားသမျှ သို့မဟုတ် တည်ဆောက်ဆဲ မည်သည့် တိုက်လေယာဉ်ပျံ ဟူသမျှ ယှဉ်ပြိုင်နိုင်ခြင်းမရှိဟု အမေရိကန် လေတပ်က ကြေညာထားသည်။ လော့ခ်ဟိမာတင်ကမူ ရက်ပ်တာ၏ ကိုယ်ယောက်ဖျောက်နည်းပညာ၊ အရှိန်၊ လွယ်ကူထိရောက်စွာ ထိန်းချုပ်နိုင်စွမ်း၊ တိကျမှု နှင့် ပတ်ဝန်းကျင် အခြေအနေကိုလိုက်၍ ပြောင်းလဲနိုင်မှု တို့ကို လေကြောင်းတိုက်ခိုက်နိုင်စွမ်း နှင့် မြေပြင်တိုက်ခိုက်နိုင်စွမ်း တို့နှင့် ပေါင်းစပ်လိုက်သည့် အခါတွင် ကမ္ဘာပေါ်တွင် အကောင်းဆုံး တိုက်လေယာဉ်ဖြစ်စေခဲ့သည်ဟု ဆိုသည်။ ဩစတေးလျ ကာကွယ်ရေး ဦးစီးချုပ် အန်းဂတ် ဟူစတန်က ၂၀၀၄ ခုနှစ်တွင် "F-22 သည် ယခုအထိ ဆောက်လုပ်ပြီးစီးသော တိုက်လေယာဉ်များတွင် အကောင်းဆုံးဖြစ်သည်။" ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ F -22 ၏ ထူးခြားချက်မှာ အခြား မည်သည့် တိုက်လေယာဉ်တွင်မှ မရှိသေးသည့် ပုံမှန်ပျံသန်းနှုန်းတွင်ပင် အသံထက် မြန်အောင် ပျံသန်းနိုင်ခြင်း ဖြစ်ပြီး After Burner ဟု ခေါ်သည့် ထပ်ဆင့် လောင်ကျွမ်းခြင်း အသုံးမပြုပဲနှင့် အသံထက်မြန်အောင် ပျံသန်းနိုင်ခြင်း ဖြစ်သည်။
အခြေခံ အချက်အလက်များ [ပြင်ဆင်ရန်]
- လေသူရဲ = (၁) ဦး
- လေယာဉ်အလျား = ၁၈.၉ မီတာ
- တောင်ပံ အကျယ် = ၁၃.၅၆ မီတာ
- အမြင့် = ၅.၀၈ မီတာ
- တောင်ပံ ဧရိယာ = ၇၈.၀၄ စတုရန်းမီတာ
- အင်ဂျင် = Pratt & Whitney F119-PW-100 အင်ဂျင် (၂) လုံး
- အမြင့်ဆုံး ပျံသန်းနှုန်း = အသံထက် (၂.၂၃) ဆ
- ပုံမှန် ပျံသန်းနှုန်း = အသံထက် (၁.၈၂) ဆ
- တပ်ဆင်နိုင်သည့် လက်နက်
- စက်သေနတ်
- ၂၀ မမ စက်အမြောက် (၁) လက်
- ဝေဟင် - ဝေဟင်တိုက်ခိုက်ရေး အတွက်
- AIM - 120 AMRAAM (၆) လုံး
- AIM - 9 Sidewinder ( ၂ ) လုံး
- ဝေဟင် - မြေပြင် တိုက်ခိုက်ရေးအတွက်
- AIM - 120 AMRAAM ( ၂ ) လုံး
- AIM - 9 Sidewinder ( ၂ ) လုံး နှင့်
- ပေါင် (၄၀၀) ဗုံး (၂) လုံး (သို့မဟုတ်)
- ပေါင် (၂၅၀) ဗုံး (၈) လုံး
- စက်သေနတ်
ကိုးကား [ပြင်ဆင်ရန်]
- ↑ Drew, Christopher. "A Fighter Jet’s Fate Poses a Quandary for Obama." The New York Times, 10 December 2008. Retrieved: 9 May 2010.
- ↑ "FY 2011 Budget Estimates, p. 1–15 (61)." United States Air Force, February 2010.