၂၀၁၀ ရှန်ဟိုင်း ကမ္ဘာ့ကုန်စည်ပြပွဲ
၂၀၁၀ ရှန်ဟိုင်း ကမ္ဘာ့ကုန်စည်ပြပွဲ (中國2010年上海世界博覽會) ကို ၂၀၁၀ ခုနှစ် မေလ ၁ ရက်နေ့မှစ၍ အောက်တိုဘာလ ၃၁ ရက်နေ့အထိ တရုတ်နိုင်ငံ၏ စီးပွားရေးအချက်အချာ ရှန်ဟိုင်းမြို့တွင် ကျင်းပမည်ဖြစ်သည်။ ဤပြပွဲသည်လည်း တရုတ်နိုင်ငံမှ ပထမဦးဆုံးအကြိမ် ကြီးမှူးကျင်းပသည့် ကမ္ဘာ့ကုန်စည်ပြပွဲဖြစ်သည်။ ပြပွဲတွင် ‘ပိုကောင်းသော မြို့ပြ၊ ပိုကောင်းသော လူနေမှု’ (Better City, Better Life) ကို အဓိက အကြောင်းအရာအဖြစ် ပြသကြမည်ဖြစ်သည်။
ဤပြပွဲသည် ကမ္ဘာ့ကုန်စည်ပြပွဲ သမိုင်းတွင် အတိုင်းအတာ အကြီးမားဆုံးဖြစ်ပြီး ၅.၂၈ စတုရန်း ကီလိုမီတာ ကျယ်ဝန်းသည်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ ကျော်နှင့် နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၅၀ ကျော်တို့၏ ပြခန်းများပါဝင်သည်။ ပွဲတော်ဖြစ်မြောက်ရေး ကော်မတီမှ ပြပွဲကာလအတွင်း လူပေါင်း သန်း ၇၀ မှ ၁၀၀ အထိ သွားရောက် ကြည့်ရှုကြလိမ့်မည်ဟု ခန့်မှန်းထားသည်။[၁][၂]
မာတိကာ |
[ပြင်ဆင်ရန်] ပြပွဲအထိန်းအမှတ်
[ပြင်ဆင်ရန်] အမှတ်တံဆိပ်
ရှန်ဟိုင်းကုန်စည်ပြပွဲ၏ အမှတ်တံဆိပ်ကို ၂၀၀၄ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ခဲ့သည်။ အစိမ်းရောင် တရုတ်စာလုံး ‘世’ (ဗမာလို ကမ္ဘာဟု အဓိပ္ပာယ်ရသည်) ကို အဓိကထား ဒီဇိုင်းရေးဆွဲထားသည်။ လူ ၃ ဦး လက်တွဲကာ အတူတကွ ပျော်မြူးကြသည့် မိသားစုကြီးတစ်ခုအဖြစ် သရုပ်ဖော်ထားသည့်အပြင် လူသာ ပဓာနဆိုသည့် သဘောတရားကို ထင်ဟပ်ပြနေသည်။[၃] ၂၀၀၉ ခုနှစ် ဇွန်လအထိ ကောက်ယူထားသည့် စာရင်းများအရ ဤအမှတ်တံဆိပ်ကို နိုင်ငံပေါင်း ၃၉ နိုင်ငံတွင် စီးပွားရေး အမှတ်တံဆိပ်အဖြစ် မူပိုင်ခွင့် မှတ်ပုံတင်ထားပြီးဖြစ်သည်။ [၄]
[ပြင်ဆင်ရန်] လာဘ်ကောင်
ပွဲတော်ဖြစ်မြောက်ရေး ကော်မတီမှ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ရှန်ဟိုင်းကုန်စည်ပြပွဲ၏ လာဘ်ကောင်အဖြစ် ပါဝင်ယှဉ်ပြိုင်သည့် လက်ရာပေါင်း ၂၆,၆၅၅ ခုအနက် ‘ဟိုင်ပေါင်’အား ရွေးချယ်ကြောင်း ကြေညာလိုက်သည်။[၅] ‘ဟိုင်ပေါင်’သည် ထိုင်ဝမ်ဒီဇိုင်းနာ ဝူးယုံကျန်း၏ လက်ရာဖြစ်ပြီး ကမ္ဘာ့ရတနာဟု အဓိပ္ပာယ်ရသည်။ [၆] တရုတ်စာလုံး ‘人’ (လူ) ကို အရင်းခံကာ ဒီဇိုင်းရေးဆွဲထားပြီး ရှင်သန်လှုပ်ရှားမှုကို ကိုယ်စားပြုသည့် အပြာရောင်ကို သုံးထားသည်။
[ပြင်ဆင်ရန်] အဓိက ပြခန်းများ
ရှန်ဟိုင်း ကုန်စည်ပြပွဲတွင် အဓိက ပြခန်းကြီး ၅ ခုရှိပြီး မြို့ပြဖွံ့ဖြိုးမှုများကို ခင်းကျင်းပြသထားသည်။ ၎င်းတို့မှာ ‘မြို့ပြခြေရာ’၊ ‘မြို့ပြဝန်းကျင်’၊ ‘မြို့သူမြို့သား’၊ ‘မြို့ပြဖြစ်တည်မှု’နှင့် ‘မြို့ပြအိပ်မက်’တို့ ဖြစ်ကြသည်။ [၇]
[ပြင်ဆင်ရန်] မြို့ပြခြေရာပြခန်း
မြို့ပြခြေရာပြခန်း၏ စိတ်ကူးနှင့် ဒီဇိုင်းကို ရှန်ဟိုင်းပြတိုက်မှ တာဝန်ယူကာ ခေတ်အဆက်ဆက်၏ မြို့ပြတိုးတက်မှုကို ပုံဖော်ထားသည်။ အနာဂတ် မြို့ပြဖွံ့ဖြိုးမှုအတွက် နမူနာယူစရာ စိတ်ကူးသစ်များ၊ အကြံဉာဏ်သစ်များ ပေါ်ထွန်းစေရန် ရည်မှန်းထားသည်ဟု သိရသည်။ [၈]
[ပြင်ဆင်ရန်] နိုင်ငံအလိုက် ပြခန်းများ
[ပြင်ဆင်ရန်] ဓာတ်ပုံများ
[ပြင်ဆင်ရန်] ကိုးကား
- ↑ [၁]
- ↑ http://www.engineeringnews.co.za/article/xxx-2010-03-23
- ↑ 中国2010上海世博会会徽揭晓
- ↑ 上海世博會會徽獲得商標全方位保護
- ↑ “海宝”——中国2010年上海世博会吉祥物
- ↑ 上海世博會吉祥物「海寶」——原設計者是來自台灣的巫永堅
- ↑ An Introduction to the Theme Pavilions of the Expo 2010. In: Shanghai Expo Magazine. Issue 6/2009.
- ↑ The Urban Footprints Pavilion. Recap of History, Inspire the Future. In: Shanghai Expo Magazine. Issue 6/2009.
