ဦးအောင်ကြီး

ဝီကီပီးဒီးယား မှ

ဦးအောင်ကြီး (၁၀၅၀ ခန့်) သည် တနင်္ဂနွေမင်းလက်ထက်တွင် ထင်ရှားခဲ့သည့် လူးတားဆရာကြီး ဖြစ်သည်။ [၁]

ဘဝ[ပြင်ဆင်ရန်]

ဦးအောင်ကြီးသည် စဉ့်ကူးမြို့အပိုင် ဧရာဝတီမြစ်အရှေ့ကမ်း ဆီသည်ရွာတွင် နေထိုင်သည်။ ဟံသာဝတီပါမင်း၏ ဘိုးတော်ထွေးပုဂံမင်းပြောက်၏ ကျေးကျွန်တော် ဖြစ်သည်။ [၁]

စာပေများ ရေးသားခြင်း[ပြင်ဆင်ရန်]

ဦးအောင်ကြီးသည် အင်းဝမြို့၏ သာယာပုံကို ဆယ့်နှစ်ရာသီဘွဲ့လူးတားများဖြင့် ရေးသားခဲ့သဖြင့် ထင်ရှားသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်: ဟံသာဝတီစာအုပ်တိုက်။ pp. ၂၁၄၊ ၂၁၅။