ဦးနှောက်ယဉ်စေ ပင်ထန်းရေ

ဝီကီပီးဒီးယား မှ

ဦးနှောက်ယဉ်စေ ပင်ထန်းရေ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

စာရေးဆရာ ဆရာမှန် နှင့် ဆရာစုံတို့သည် မောင်းထောင်ရွာအနီးရှိ ငှက်ပျောရေတင်ရွာသို့ အလည်သွား၍ ထန်းရည်သောက်ကြသည်။ ထန်းရည်သောက်ရာသို့ စက်ဆရာ ဦးကံဝင်းလည်းလိုက်သွားရာ အဖော်ကောင်းသဖြင့် သောက်ပြီး မူးယစ်ကာ အိမ်ပြန်သဖြင့် မယားက ဆူပူသည်ကို ဖွဲ့ဆိုထားသည်။

ဦးနှောက်ယဉ်စေ ပင်ထန်းရေ[ပြင်ဆင်ရန်]

စာရေးတော် ကိုရင်မှန်နှင့်၊ ပေါင်းဆက်ဆံ ဆရာစုံတို့၊ လူစုံကာ နှစ်ယောက်ချင်းသာပ၊ အပျင်းပြေအလည်သွားချည်ဘို့၊ စကားတိုင်ပင်တော့၊ အပါးတွင် ကိုကံဝင်းရယ်က၊ သူပျင်းသည်လိုက်ပါအုံးမည်ဟု၊ သုံးယောက်ပြေ့ထွက်ခဲ့ရာ။

ငှက်ပျောရေတင်က၊ ဆွေလုလင်မိတ်နှစ်ဦးတို့၊ ကြည်နူးစွာသဒ္ဓါလှိုင်၍၊ မွှေးကြိုင်ကြိုင်ပင်ပေါ်ရေရဲ့၊ လျှော်တေအောင်ပျူငှာဝတ်ကယ်နှင့်၊ လောကွတ်ဖြင့် ကျေမြွန်စွာ။

ဆရာစုံတော်စာရေးတို့၊ ဆေးအလိုခွက်စီသုံးကြတော့၊ တလုံးထိုသူရရဲ့၊ အတူပါ ကိုကံဝင်းရယ်က၊ ငြင်းဖယ်ချက်အဓိဌာ၊ စိတ်မပါယ်ပရှား။

မသုံးလျှင် ဆရာမှန်က၊ ရွာပြန်ရန် အဖော်မလုပ်သော်ကြောင့်၊ စိတ်ရှုတ်ခါ ကျုံးရွာသို့အရောက်၊ မဖယ်သာတကယ်ခမျာသောက်မိလို့၊ ဦးနှောက်ယဉ်ယဉ်နှင့်၊ စခန်းစဉ်အကုန်ဆုံးတော့၊ လူသုံးတွေမြန်မကြာပ၊ ပြန်လာကာအိမ်အဆိုက်တွင်းမှ၊ အမိုက်ရေအူပူလို့၊ ဟန်မယူအမူခြားသည်ဟု၊ အိမ်နေသူ အကြင်မယားရယ်က ချစ်လင်ပြစ်တင်စကားသာပ၊ မောင်မှားတာမတော်ချင်ဘူး၊ မှော်ဝင်တာ နှစ်ခါရှိပြီမို့၊ ညချမ်းအခါ မဂျမ်းတာကကလိတော့၊ စက်ဆရာရှက်ပါဘိရယ်လို့၊ ပါးစပ်မဖွာပါနှင့်အေ၊ ရပ်ရွာကသိချည်ရဲ့၊ ဖုံးဖိလို့ထား။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။