အောင်မင်းခိုင်

ဝီကီပီးဒီးယား မှ

ပဲခူးတိုင်း လက်ပံတန်းမြို့နယ်တွင် ၂၀၁၅ ခုနှစ် မတ်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သော အမျိုးသား ပညာရေး ဥပဒေ ကန့်ကွက်သည့် ဆန္ဒပြပွဲတွင် ရိုက်နှက်ဖမ်းဆီးခံခဲ့ရသည့် ကျောင်းသားတဦးဖြစ်သည်။

သာယာဝတီထောင်တွင် ၂ လကြာ ဖမ်းဆီးခံရပြီး မေလ ၁၂ ရက်နေ့တွင် မောင်အောင်မင်းခိုင်သည် အသက် ၁၆ နှစ်သာရှိပြီး အသက်မပြည့်သေးသော ၁၀ တန်းကျောင်းသားဖြစ်နေ၍ တရားရုံး က အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။

“ခဲတွေစပစ်တဲ့အချိန်မှာ ကျနော်နဲ့ ဦးပဉ္ဇင်းတပါးက ကားတစီးပေါ်မှာရောက်နေတယ်။ အဲဒီမှာ ရဲတွေတွေ့တော့ ကားပေါ် ကနေ ကျနော့်ကို ကန်ချတယ်။ အတူရှိနေတဲ့ဦးပဉ္ဇင်းကိုလည်း ဆွဲချပြီး ရိုက်တယ်။ ကျနော့်ကိုလည်း ကားအောက် ရောက်တာနဲ့ တပြိုင်နက် နံပါတ်တုတ်တွေနဲ့ဝိုင်းရိုက်တယ်။ နောက်ကနေ တွန်းလိုက်၊ ရိုက်လိုက်နဲ့လုပ်ပြီး ခေါင်းနဲ့ လက်တွေကို အဓိကထားပြီး ရိုက်တယ်လို့ ကျနော်ထင်တယ်။ အဲဒီအချိန်မှာ ရဲတယောက်က ပုဆိုးကို ဆွဲချွတ်တယ်။ ကျနော် ပြန်ဆွဲတာမမီတော့ဘူး။ တပြိုင်နက်တည်း ကျနော့်ခေါင်းကို ရိုက်နေတယ်ဆိုတော့ စိတ်ထဲမှာ ပုဆိုးကို ကောက်ဝတ်ရမလား။ ခေါင်းကိုကာကွယ်ရမလား ဒွိဟဖြစ်တယ်။ ကျနော် ခေါင်းကို ကာကွယ်လိုက်တယ်။ အဲဒီအတိုင်း ဆက်ပြေးတယ်”[၁] ဟု မောင်အောင်မင်းခိုင်က မတ်လ ၁၀ ရက်နေ့ အတွေ့အကြုံကို ပြန်ရှင်းပြခဲ့သည်။

ကလေးသူငယ်အာမခံဖြင့် ပြန်လည်လွတ်မြောက်လာသည့် မောင်အောင်မင်းခိုင်သည် အမျိုးသား ပညာရေးဥပဒေပြုပြင်ပြောင်းလဲရေး သပိတ်မှောက်မှုကြောင့် ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေးတွင်ပါဝင်မှု ပုဒ်မ ၁၄၃၊ လူစုခွဲရန် အမိန့်ပေးပြီးနောက် ဆက်လက်ပါဝင်နေမှု ပုဒ်မ ၁၄၅၊ ရုန်းရင်းဆန်ခတ်ဖြစ်စေမှု ပုဒ်မ ၁၄၇၊ တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းကို နာကျင်စေမှု ပုဒ်မ ၃၃၂ နှင့် နိုင်ငံတော်ငြိမ်ဝမ်ပိပြားရေးကို ထိခိုက်စေမှု ပုဒ်မ ၅၀၅ (ခ) များဖြင့် တရားစွဲမှုများကို ရင်ဆိုင်ရသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ကမ္ဘာကျော် ဓာတ်ပုံထဲက ကျောင်းသား။ 20 May 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 May 2015 တွင် ပြန်စစ်ပြီး။