အိုင်ယာလန်သမ္မတနိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အိုင်ယာလန်
Éire
Flag of Ireland.svg Coat of arms of Ireland.svg
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
နိုင်ငံတော်သီချင်း - The Soldier's Song
United States Navy Band - Amhrán na bhFiann.ogg
ပထဝီ
EU-Ireland.svg
မြို့တော် ဒပ်ဗလင်မြို့
ဧရိယာ
  • ဧရိယာ - ၇၀,၂၇၃ (အဆင့်: ၁၁၉)
  • ရေဖုံးလွှမ်းမှု - ၂%
စံတော်ချိန်ဇုန် UTC ဂရင်းနစ် +၀
လူနေမှု
လူဦးရေ
နိုင်ငံရေး
အစိုးရခေါင်းဆောင်များ
  • သမ္မတ - မေရီ မက်အယ်လိစ်


ထူထောင်မှု
  • -
စီးပွားရေး
GDP(PPP) ၁၆၅.၈၉၃ ဘီလီယံ (အဆင့် - )
GDP(PPP) အမေရိကန်ဒေါ်လာ ၃၈,၈၁၆ (အဆင့် - )
ငွေ ယူရို (€)
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
ISO 3166-1 .IE
CCLTD .ie
Calling code +၃၅၃

အိုင်ယာလန် သမ္မတနိုင်ငံဟု တရားဝင်ခေါ်ဆိုသော အိုင်ယာလန်နိုင်ငံသည် အနောက်ဥရောပတွင် ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ၁၉၂၁ ခုနှစ်တွင် အုပ်ချုပ်ရေး ဒေသနှစ်ခု အဖြစ် ခွဲခြားခဲ့သော အိုင်ယာလန်ကျွန်း၏ ခြောက်ပုံငါးပုံမျှကို နေရာယူထားသည်။ ယူနိုက်တက် ကင်းဒမ်း၏ တစိတ်တဒေသ ဖြစ်သော မြောက်အိုင်ယာလန်နှင့် ကုန်းမြေနယ်နိမိတ်ချင်း ထိစပ်လျှက် ရှိသည်။ အခြားနေရာများတွင်မူ အရှေ့ဘက်တွင် အတ္တလန္တိတ် သမုဒ္ဒရာနှင့် အိုင်းရစ်ရှ် ပင်လယ်၊ အရှေ့တောင်ဘက်တွင် စိန့်ဂျော့ခ်ရှ် ရေလက်ကြား၊ တောင်ဘက်တွင် ဆဲလ်တစ်ပင်လယ်တို့နှင့် ထိစပ်လျှက် ရှိသည်။

အိုင်းရစ်ရှ် လွတ်လပ်ရေး စစ်ပွဲအပြီးတွင် အင်ဂလို-အိုင်းရှစ်ရှ် စာချုပ်ကို ချုပ်ဆိုခဲ့ပြီး ထိုစာချုပ်ကြောင့် ဗြိတိသျှ ဓနသယာယနိုင်ငံ အတွင်းတွင် လွတ်လပ်သော အိုင်းရစ်ရှ်နိုင်ငံကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ၁၉၂၂ ဒီဇင်ဘာလ ၆ ရက်တွင် တည်ထောင်ခဲ့သည်။ ဝက်စ်မင်စတာ ဥပဒေ နှင့် ၁၉၃၆ခုနှစ် နန်းစွန့်ခြင်း အရေးအခင်းကြောင့် အိုင်းရစ်ရှ်နိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုမှာ ပိုမိုတိုးပွားလာခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ်တွင် အိုင်ယာလန်ကိုလုံးဝ အချုပ်အခြာအာဏာ ပိုင်ဆိုင်သော နိုင်ငံတစ်နိုင်ငံ အဖြစ် ကြေငြာခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် အမျိုးသားလွှတ်တော်မှ အိုင်ယာလန်သမ္မတနိုင်ငံ ဥပဒေကို ပြဋ္ဌာန်းအပြီးတွင် အိုင်ယာလန် ထီးနန်း၏ လက်ကျန် တာဝန်တို့ကို လုံးဝ ပယ်ဖျက်ခဲ့ပြီး ယူနိုက်တက်ကင်းဒမ်းနှင့် နောက်ဆုံးကျန်နေသေးသော ဆက်စပ်မှု ကို ဖြတ်တောက်ပစ်ခဲ့သည်။ အိုင်ယာလန်သည် ဗြိတိသျှ ဓနသဟာယ နိုင်ငံတွင် အစည်းအဝေးတက်ခြင်းကို ၁၉၃၇ ခုနှစ် ကတည်းက ရပ်တန့်ခဲ့ပြီး ဗြိတိန်မှ ၁၉၄၉ အိုင်ယာလန် သမ္မတနိုင်ငံ ဥပဒေဖြင့် အသိအမှတ် ပြုခဲ့သည်။

အိုင်ယာလန်သည် ဗြိတိသျှတို့ အုပ်ချုပ်စဉ်အချိန်ကနှင့် လွတ်လပ်ရေး ရခါစအချိန်က ဥရောပတွင် အဆင်းရဲဆုံး နိုင်ငံများတွင် တစ်နိုင်ငံ အပါအဝင်ဖြစ်ခဲ့ပြီး နိုင်ငံသားအဖြစ်မှ စွန့်ပစ်သူ အများအပြား ရှိခဲ့သည်။ သို့သော်လည်း ထိုအချိန်က အခြားနိုင်ငံ အများစုနှင့် နှိုင်းယှဉ်လျှင် ပိုမို၍ ဒီမိုကရေစီ ပြည့်ဝပြီး ကြွေးမှီကင်းရှင်းသော နိုင်ငံ ဖြစ်သည်။ ၁၉၅၀ နှောင်းပိုင်းကာလများတွင် နိုင်ငံ၏ အကျိုးအမြတ် ကာကွယ်ခြင်းကို ရှေးရှုသော စီးပွားရေး စနစ်ကို စတင်ခဲ့ပြီ: ၁၉၇၃ တွင် ဥရောပ သမဂ္ဂ သို့ ဝင်ရောက်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ်များ နှောင်းပိုင်းတွင် စီးပွားပျက်ကပ် အပြီးနောက် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို အကြီးအကျယ် ပြုလုပ်ခဲ့ပြီး အခွန်ကောက်ခံခြင်းနှင့် ဥပဒေ စဉ်းမျဉ်းများကို သိသာစွာ လျော့ချပစ်ခဲ့သည်။ ၁၉၉၅ မှ ၂၀၀၇ ခုနှစ်အထိ ဆဲလ်တစ် တိုင်းဂါးကာလ ဟု ခေါ်သည့် လျှင်မြန်သော စီးပွားရေး တိုးတက်သည့်ခေတ်ကာလ အဖြစ် တည်ရှိခဲ့သည်မှာ ၂၀၀၇-၂၀၁၀ စီးပွားပျက်ကပ်ဆိုက်သည် အထိပင် ဖြစ်သည်။

အိုင်ယာလန်နိုင်ငံသည် ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရ သမ္မတနိုင်ငံ ဖြစ်သည်။ ကမ္ဘာပေါ်တွင် အတိုးတက်ဆုံးသော နိုင်ငံများတွင် အပါအဝင် ဖြစ်ပြီး လူထုဖွဲ့ဖြိုးရေး ညွှန်းကိန်းတွင် ပဉ္စမနေရာ ရှိသည်။ အီကော်နောမစ် အင်တဲလ်လီးဂျင့် ယူနစ်၏ နေထိုင်မှု အရည်အသွေး ညွှန်းကိန်းတွင် ပထမရှိပြီး ကမ္ဘာ့ငြိမ်းချမ်းရေး ညွှန်းကိန်းတွင် ဆဋ္ဌမ နေရာ ရှိသည်။ သတင်းစာ လွတ်လပ်ခွင့်၊စီးပွားရေး လွတ်လပ်ခွင့်၊ ဒီမိုကရေစီနှင့် နိုင်ငံရေး လွတ်လပ်မှု တို့တွင်လည်း အဆင့်မြင့်မားစွာ သတ်မှတ်ခြင်း ခံရသည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် ကုလသမဂ္ဂတို့၏ အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်သည်။

မာတိကာ

[ပြင်​ဆင်​ရန်​] သမိုင်းကြောင်း

[ပြင်​ဆင်​ရန်​] ပထဝီ

[ပြင်​ဆင်​ရန်​] နိုင်ငံရေး

[ပြင်​ဆင်​ရန်​] စီးပွားရေး

[ပြင်​ဆင်​ရန်​] လူနေမှုစရိုက်လက္ခဏာ

[ပြင်​ဆင်​ရန်​] ယဉ်ကျေးမှု

[ပြင်​ဆင်​ရန်​] ကိုးကား

ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်