အိုက်စလန်နိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အိုက်စလန်
Flag of Iceland.svg Coat of arms of Iceland.svg
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
ပထဝီ
Europe-Iceland.svg
မြို့တော် ရေဂျာဗစ်မြို့
အကြီးဆုံးမြို့ ရေဂျာဗစ်မြို့
ဧရိယာ
  • ဧရိယာ - ၁၀၃,၀၀၁ km² (၃၉,၇၇၀ စတုရန်းမိုင်) (အဆင့်: ၁၀၇)
  • ရေဖုံးလွှမ်းမှု - ၂.၇%
စံတော်ချိန်ဇုန် UTC +၀
လူနေမှု
ရုံးသုံးဘာသာများ အိုက်စလန်းဒစ်
လူဦးရေ
နိုင်ငံရေး
အမျိုးအစား ယူနစ်ထရီ ပါလီမန် သမ္မတစနစ်
အစိုးရခေါင်းဆောင်များ
  • သမ္မတ - Ólafur Ragnar Grímsson
  • ဝန်ကြီးချုပ် - Jóhanna Sigurðardóttir
ထူထောင်မှု
  • အိုက်စလန် သမ္မတနိုင်ငံ - ၁၉၄၄ ဇွန်လ ၁၇ ရက်
စီးပွားရေး
GDP(PPP) US $ ၁၁.၈၁၈ ဘီလီယံ[၁] (အဆင့် - )
GDP(PPP) US $၃၆,၆၂၀ [၁] (အဆင့် - )
HDI ၀.၈၆၉[၂] (အဆင့် - ၁၇)
ငွေ အိုက်စလန်းဒစ် ကရိုနာ
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
CCLTD .is
Calling code +၃၅၄

အိုက်စလန် နိုင်ငံ (တရားဝင်အခေါ်အားဖြင့် အိုက်စလန် သမ္မတနိုင်ငံ)သည် ဥရောပ တွင် ရှိသော ကျွန်းနိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး မြောက်အတ္တလန္တိတ် သမုဒ္ဒရာ အတွင်းရှိ မစ်ဒ်အတ္တလန္တိတ် ရစ်ဂျ် (Mid-Atlantic Ridge) ဟုခေါ်သည့် ပင်လယ်သမုဒ္ဒရာ အလယ်ရှိ တောင်တန်းကြီးပေါ်တွင် တည်ရှိသည်။ ၄င်းတွင် လူဦးရေ ၃ သိန်း ၂ သောင်းခန့်မျှ ရှိပြီး စုစုပေါင်း ဧရိယာ အကျယ်အဝန်းမှာ ၁ သိန်း ၃ ထောင် စတုရန်း ကီလိုမီတာ (၃၉,၇၆၉ စတုရန်းမိုင်) မျှ ရှိသည်။ မြို့တော်နှင့် အကြီးဆုံးမြို့မှာ ရေဂျာဗစ်မြို့ ဖြစ်သည်။ ရေဂျာဗစ်မြို့၏ ပတ်ဝန်းကျင် အနောက်တောင်ဘက် ဒေသမှာ နိုင်ငံ လူဦးရေ ၃ ပုံ ၂ပုံမျှ ၏ နေထိုင်ရာ ဖြစ်သည်။ အိုက်စလန် နိုင်ငံသည် အမြဲတစေ လှုပ်ရှားနေတတ်သော မီးတောင်များ ရှိပြီး ပထဝီ အနေအထားအရလည်း အမြဲပြောင်းလဲနေတတ်သော နေရာဖြစ်သည်။ နိုင်ငံ၏ အတွင်းပိုင်း ဒေသမှာ သဲကွင်းများ၊ တောင်တန်းများ နှင့် ရေခဲမြစ်များ ရှိသော ကုန်းမြေမြင့် ဖြစ်ပြီး ရေခဲတောင်များသည် မြေနိမ့်ပိုင်းမှ တဆင့် ပင်လယ်ထဲသို့ စီးဝင်သွားကြသည်။ အိုက်စလန်သည် ပင်လယ်ကွေ့ ရေစီးကြောင်းကြောင့် အနွေးဓာတ် ရစေပြီး အာတိတ်စက်ဝိုင်း၏ အပြင်ဘက် ရှိ လတ္တီကျု အမြင့်ပိုင်းတွင် ရှိသော်လည်း သမမျှတသော ရာသီဥတု ရှိသည်။

ကိုးကား [ပြင်​ဆင်​ရန်​]

  1. ၁.၀ ၁.၁ Iceland. International Monetary Fund. Retrieved on 2011-04-21
  2. Human Development Report 2010. United Nations (2010). Retrieved on 5 November 2010