အိတ်ချ်အိုင်ဗွီ ရောဂါပိုး
HIVသည် လူ့ကိုယ်ခံအားကိုကျဆင်းစေသော ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်သည်။ HIV ပိုးကူးစက်ခံရပါက ၎င်းပိုးသည် ပြင်ပပစ္စည်းများ၊ ရောဂါပိုးမွှားများကို တိုက်ထုတ်ပေးသော သွေးဖြူဥဆဲလ်များကို ဖျက်စီးပစ်သည်။ ထိုအခါ ကူးစက်ခံရသူတွင် ကိုယ်ခံအားကျဆင်းပြီး ပြင်ပမှရောဂါများ အလွယ်တကူဝင်ရောက်နိုင်သည်။ ထိုသို့ ကိုယ်ခံအား ဖျက်ဆီးခြင်း ခံရခြင်းကို ခုခံအားကျဆင်းမှုရောဂါ (AIDS) ဟုခေါ်ပါသည်။
ကူးစက်နိုင်သည့်နည်းလမ်းများ
[ပြင်ဆင်ရန်]လိင်ဆက်ဆံမှုမှ တဆင့်ကူးစက်ခြင်း
[ပြင်ဆင်ရန်]- HIV ရောဂါပိုးရှိသူ တစ်ဦးနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ လိင်တူ၊ လိင်ကွဲ ဆက်ဆံခြင်း၊ (မိန်းမကိုယ်ဖြင့်လည်းကောင်း၊ စအိုဖြင့်လည်းကောင်း၊ ပါးစပ်ဖြင့်လည်းကောင်း ကွန်ဒုံးကဲ့သို့သော အကာအကွယ် ပစ္စည်း မသုံးပဲ လိင်ဆက်ဆံခြင်း)
- သွေးမှ တဆင့်ကူးစက်ခြင်း၊ ရောဂါပိုးရှိသူ. သွေးကိုသွင်းမိခြင်း၊ ရောပိုးရှိသူနှင့် ချွန်ထက်မြက်စူးရှတတ်သော အသုံးအဆောင်များ မျှဝေသုံးစွဲခြင်း၊ (ဥပမာ- ဘရိတ်ဓား။ ဆေးထိုးအပ်။ ဆေးမှင်ကြောင်ထိုးခြင်း)
- ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားကို ကူးစက်ခြင်း၊ ရောဂါပိုးရှိသော မိခင်မှတဆင့် ၎င်း. ကလေးထံသို့ သားဖွားစဉ် (သို့) ကလေး နို့ရည်တိုက်ကျွေးခြင်း၊
သတိပြုရမည့်အချက်များ
[ပြင်ဆင်ရန်]- HIV ပိုးသည် ခြင်။ ကြမ်းပိုး ကိုက်ခြင်းမှတဆင့် မကူးစက်နိုင်ပါ၊
- HIV ပိုးသည် နှာချေခြင်း။ ချောင်းဆိုးခြင်း မှတဆင့် မကူးစက်နိုင်ပါ၊
- HIV ပိုးရှိသူတစ်ဦးနှင့် အိမ်သာတစ်ခုတည်းကို အတူတကွအသုံးပြုခြင်းဖြင့် ရောဂါမကူးစက် နိုင်ပါ၊
- HIV ပိုးရှိသူတစ်ဦးနှင့် ပွေ့ဖက် နမ်းရှုပ်ခြင်းဖြင့် ရောဂါ မကူးစက်နိုင်ပါ၊
- HIV ပိုးရှိသူတစ်ဦး၏ အဝတ်အစားများကို ဝတ်ဆင်ခြင်းဖြင့် ရောဂါမကူးစက် နိုင်ပါ၊
- HIV ပိုးရှိသူတစ်ဦးနှင့် အစားအသောက်အတူစားခြင်း၊ ပန်းကန်တစ်ခုထဲတွင် စားသောက်ခြင်းဖြင့် ရောဂါပိုး မကူးစက်နိုင်ပါ၊
HIV / AIDS ရောဂါကို ကုသနိုင်ပါသလား
[ပြင်ဆင်ရန်]HIVဗိုင်းရပ်စ်ပိုးအား အရှင်းပျောက်အောင်ကုသနိုင်ခြင်း မရှိသေးပါ၊သို့သော် HIV ဗိုင်းရပ်စ် ပိုးအား ARTကုထုံးဆေးဖြင့် ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်၊ထို့ပြင် HIVဗိုင်းရပ်စ်ပိုးအား ကာကွယ်ရန်အတွက်လည်း PREPခေါ် HIVကာကွယ်ဆေးလည်း ရရှိနေပြီဖြစ်သည်၊HIVပိုးရှိသူနဲ့ ထိတွေ့ ဆက်ဆံမှုရှိခဲ့ပါလျှင်လည်း PEPဆေးအား(အရေးပေါ် HIVကာကွယ်ဆေး) သောက်သုံးခြင်းဖြင့်လည်း အချိန်မီကာကွယ်တားဆီးရန် လိုအပ်ပါသည်။
ခန္ဓာကိုယ်အတွင်းသို့ HIV ပိုးဝင်ရောက်ခြင်းမှ ဘယ်လို တားဆီးနိုင်သလဲ၊
[ပြင်ဆင်ရန်]- လိင်ဆက်ဆံသောအခါတိုင်းတွင် ကွန်ဒုံး ကို အသုံးပြုခြင်း၊
- ဆေးထိုးအပ် (သို့) သင့်အရေပြားကို ထိုးဖောက်နိုင်သော အခြားပစ္စည်း ကိရိယာများကို ကောင်းမွန်သေချာစွာ ပိုးသန့်ပြီးမှ သုံးစွဲပါ၊ မလိုအပ်သော အရေပြားထိုးဖောက်ခြင်းကို ရှောင်ပါ၊ ဥပမာ- ဆေးမင်ကြောင်ထိုးခြင်း၊
- သွေးသွင်းရန် အသုံးပြုမည့် သွေးကို HIV ပိုးမရှိကြောင်း သေချာစေရန် စစ်ဆေးရမည်၊ တခြားသူများ၏ သွေး (သို့) ကိုယ်အရည်များနှင့် ထိတွေ့ရသော အလုပ်ကို သင်လုပ်ကိုင်ရပါက လက်အိတ်များစွတ်ခြင်းဖြင့် ကာကွယ်ပါ၊
- ကိုယ်ဝန်ဆောင် မိခင်များသည် မိမိတွင် HIV ပိုးရှိကြောင်း သိရှိပါက လျင်မြန်စောစီးစွာ ဆေးကုသမှု ခံယူရမည်၊ သားဖွားပြီးနောက် ကလေးကို မိခင်နို့ရည်မတိုက်ပဲ အထူးဖော်စပ်ထားသော နို့မုန့်များကိုသာ တိုက်ကျွေးရမည်၊
HIV ပိုးရှိမရှိ ဘယ်လိုသိနိုင်မလဲ
[ပြင်ဆင်ရန်]- အပြင်ပန်းကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ ရောဂါပိုးရှိသူဟာ သာမန်လူတွေလိုဘဲ ကျန်းမာသန်စွမ်းနေနိုင်ပါတယ်။
- ရောဂါပိုး ရှိ၊ မရှိ ကို သွေးစစ်ကြည့်မှသာ သိနိုင်ပါတယ်။
- HIV ပိုးဝင်ပြီး အင်တီဘော်တီ လုံလုံလောက်လောက်ထက်ဖို့ရာ အချိန် သုံးလကြာတဲ့အတွက် ပထမအကြိမ် သွေးစစ်ပြီး HIV ပိုးမရှိသော်လည်း နောက်သုံးလအကြာတွင် သွေးထပ်စစ်ရန် လိုအပ်ပါတယ်။
AIDS ရောဂါ လက္ခဏာ များကတော့
[ပြင်ဆင်ရန်]- ကြာရှည်ဖျားခြင်း၊
- ကိုယ်အလေးချိန် သိသိသာသာလျော့ကျခြင်း၊
- မကြာခဏ ဝမ်းပျက်ခြင်း၊
- အကြိတ်ရောင်ခြင်း၊
- ရေယုန်ပေါက်ခြင်း၊
- ပါးစပ်အတွင်း မက်ခရု ပေါက်ခြင်း၊
HIV/AIDS ၏ သမိုင်းမှတ်တိုင်များ
[ပြင်ဆင်ရန်]၁၉၈၁ခုနှစ်-အမေရိကန်ပြည်ထောင်စုတွင် ပထမဆုံး အေအိုင်ဒီအက်စ်ဝေဒနာရှင်ကို ဆေးပညာအရအတည်ပြုတွေ့ရှိခဲ့သည်။
၁၉၉၁ခုနှစ် - Queen တေးဂီတအဖွဲ့မှ နာမည်ကျော်တေးသံရှင် Freddie Mercury သည် AIDS ရောဂါနှင့်စပ်လျဉ်းသည့်ရောဂါဝေဒနာဖြင့်သေဆုံးခဲ့သည်။
အနီရောင် ဖဲပြားလေးသည် HIV ၏အပြည်ပြည်ဆိုင်ရာ သင်္ကေတဖြစ်လာသည်။ ကမ္ဘာတစ်ဝန်းတွင် HIV ရောဂါစွဲကပ်နေပေါင်း၁၀သန်းခန့်ရှိနေကြပြီး အသက် ၂၅နှစ်မှ၄၄နှစ်အကြားအဖြစ်များကြသည်ကိုလေ့လာတွေ့ရှိရသည်။
၁၉၉၅ - အရှေ့ဥရောပတွင်ဆေးတင်သွင်းသူများနှင့် မူးယစ်ဆေးဝါးထိုးသူများမှ HIV Virus ကူးစက်နိုင်ကြောင်းတွေ့ရှိရသည်။ အမေရိကန်ပြည်ထောင်စုတွင် HAART(Highly Active Antiretroviral Therapy) ခေါ် စုပေါင်းရောဂါကုထုံးတစ်ရပ်ကိုအသုံးပြုရန်အတည်ပြုခဲ့သည်။
၁၉၉၆ - HIV Virus ကိုတိုက်ခိုက်နိုင်သည့် ထိုးဆေးကိုစမ်းသပ်ခဲ့၏။
၂၀၀၀ပြည့်နှစ် -
= လိင်တူဆက်ဆံသူများအကြား အသုံးပြုလေ့ရှိသည့် လိင်ဆက်ဆံနည်း
[ပြင်ဆင်ရန်]များသောအားဖြင့် လိင်တူဆက်ဆံသူတွေ ကြားမှာ အသုံးပြုလေ့ရှိတဲ့ လိင်ဆက်ဆံနည်းတွေကတော့ -
- ပါးစပ်ခြင်း နမ်းစုပ်ခြင်း၊
- လိင်အင်္ဂါကို ပါးစပ်နှင့် ဆက်ဆံခြင်း၊ (69 ပုံစံဖြင့် ဆက်ဆံခြင်း)
- စအိုနှင့် ဆက်ဆံခြင်း၊
- အချင်းချင်း လက်ဖြင့် အာသာဖြေသည့်နည်းဖြင့် ဆက်ဆံခြင်း၊
- အုပ်စုအလိုက် ဆက်ဆံခြင်း၊
- လိင်တံတု (သို့) လိင်ကစားစရာများနှင့် ဆက်ဆံခြင်း၊ စသည့်နည်းတွေကို အသုံးပြုလေ့ရှိ ကြပါတယ်၊
ကိုးကား
[ပြင်ဆင်ရန်]http://him.civiblog.org Archived 11 October 2011 at the Wayback Machine.