အာရပ်နွေဦး
အာရပ်နွေဦး (တစ်နည်းအားဖြင့် အာရပ်လူထုနိုးကြားမှု) သည် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် စတင်ခဲ့ပြီး အာရပ်ကမ္ဘာတလွှား ကူးစက်ခဲ့သည့် လူထုအုံကြွမှု တော်လှန်ရေး လှိုင်းဂယက်ကြီး တစ်ခုဖြစ်သည်။ အာရပ်နွေဦးလှိုင်းဂယက်ကြောင့် တူနီးရှား[၁] နှင့် အီဂျစ်နိုင်ငံ[၂]တွင် အာဏာရှင်စနစ်ကို တွန်းလှန်နိုင်ခဲ့ပြီး လစ်ဗျားနိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်ပွားကာ ဂဒါဖီအစိုးရ ပြိုလဲခဲ့ရသည်။[၃] ဘာရိန်း[၄]၊ ဆီးရီးယား[၅]နှင့် ယီမင်နိုင်ငံ[၆]များတွင် လူထုအုံကြွမှုများ ဖြစ်ပွားခဲ့ရာ ယီမင်နိုင်ငံတွင် ဝန်ကြီးချုပ် ရာထူးမှ ဆင်းပေးခဲ့ရသည်။
ယင်းလူထုလှုပ်ရှားမှုများတွင် ဆန္ဒပြမှုများ၊ သပိတ်မှောက်မှုများ၊ စီတန်းလှည့်လည်မှုများ၊ လူထုစုဝေးမှုများ ပါဝင်သကဲ့သို့ အခြားတူညီသည့် အချက်တစ်ချက်မှာ လူမှုကွန်ယက်ကို အသုံးချ၍ ဆက်သွယ် လှုံ့ဆော်စည်းရုံးနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းမီဒီယာမှတဆင့် အစိုးရက ဖိနှိပ်ရန် ကြိုးပမ်းခြင်း၊ အင်တာနက် ဆင်ဆာဖြတ်ခြင်း၊ ပိတ်ပင်ခြင်း စသည်တို့ကို လူထုက နိုးကြားသိရှိလာအောင် ဆောင်ရွက်နိုင်ခဲ့သည်။[၇]
ဆန္ဒပြမှု အများစုမှာ အာဏာပိုင်တို့၏ အကြမ်းဖက် တုန့်ပြန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။[၈][၉][၁၀] ထို့အတူ အစိုးရအား ထောက်ခံသော စစ်သွေးကြွများနှင့် ဆန္ဒပြမှုအား ဆန့်ကျင်သူတို့၏ တန်ပြန်မှုနှင့်လည်း ကြုံကြိုက်ခဲ့ရသည်။[၁၁][၁၂][၁၃] အာရပ်ကမ္ဘာတလွှား ဖြစ်ပွားသည့် ဆန္ဒပြမှုအတွင်း ထပ်ခါတလဲလဲ ကြားကြရသည့် ကြွေးကြော်သံမှာ ash-shab yurid isqat an-nizam ("အာဏာရှင်အစိုးရပြုတ်ကျရေး တို့အရေး") ပင် ဖြစ်သည်။[၁၄]
ကိုးကား [ပြင်ဆင်ရန်]
- ↑ "Middle East In Revolt", 11 February 2011. Retrieved on 11 February 2011.
- ↑ Peterson, Scott. "Egypt's revolution redefines what's possible in the Arab world", 11 February 2011. Retrieved on 12 June 2011.
- ↑ Spencer, Richard. "Libya: civil war breaks out as Gaddafi mounts rearguard fight", The Daily Telegraph, 23 February 2011. Retrieved on 12 June 2011.
- ↑ McLean, Jesse. "Death turns ‘harmless man’ into Bahrain uprising’s martyr", The Star, 16 February 2011. Retrieved on 12 June 2011.
- ↑ "'It Will Not Stop': Syrian Uprising Continues Despite Crackdown", 28 March 2011. Retrieved on 12 June 2011.
- ↑ "Thousands in Yemen Protest Against the Government", The New York Times, 28 January 2011.
- ↑ The Arab Uprising's Cascading Effects. Miller-mccune.com (23 February 2011). Retrieved on 27 February 2011။
- ↑ "Many wounded as Moroccan police beat protestors", 23 May 2011. Retrieved on 12 June 2011.
- ↑ "Syria's crackdown", 31 May 2011. Retrieved on 12 June 2011.
- ↑ "Bahrain troops lay siege to protesters' camp", 16 March 2011. Retrieved on 12 June 2011.
- ↑ "Syria clampdown on protests mirrors Egypt's as thugs join attcks", 19 April 2011. Retrieved on 12 June 2011.
- ↑ Almasmari, Hakim. "Yemeni government supporters attack protesters, injuring hundreds", 17 March 2011. Retrieved on 12 June 2011.
- ↑ "Libya Protests: Gaddafi Militia Opens Fire On Demonstrators", 24 February 2011. Retrieved on 12 June 2011.
- ↑ Uriel Abulof (10 March 2011). What Is the Arab Third Estate?. The Huffington Post. Retrieved on 1 May 2011။