အာယမ် ဂိုရင်း

ဝီကီပီးဒီးယား မှ
အာယမ် ဂိုရင်း
Ayam goreng Kalasan, served with kremes crispy granules
အဓိကသုံးဆောင်မှုအဓိကဟင်းလျာ
ဆက်နွယ်သောအမျိုးသားအစားအစာအင်ဒိုနီးရှား[၁] ဘရုနိုင်းမလေးရှား[၁] စင်ကာပူ
သုံးဆောင် အပူချိန်အပူ
အဓိက ပါဝင်ပစ္စည်းကြက်သား၊ နနွင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီကလေးနှင့် အခြားအမွှေးအကြိုင်တို့ဖြင့်နှယ်၍ စားအုန်းဆီတွင် အကျတ်ကြော်သည်။
Cookbook: အာယမ် ဂိုရင်း  Media: အာယမ် ဂိုရင်း

အာယမ် ဂိုရင်းသည် အင်ဒိုနီးရှားနှင့် မလေးရှားအစားအစာတစ်ခုဖြစ်ပြီး ဆီတွင် အကျတ်ကြော်(deep fried )ထားသော ကြက်သားပါဝင်သော ဟင်းလျာတစ်ခုဖြစ်သည်။ အာယမ်ဂိုရင်းအား တိုက်ရိုက်ဘာသာပြန်ဆိုကြည့်ပါက "ကြက်သားကြော်"ဟု မလေး(အင်ဒိုနီးရှားနှင့် မလေးရှားစံနှစ်ခုလုံးအပါအဝင်)နှင့် များစွာသော အင်ဒိုနီးရှားဒေသဘာသာစကားများ(ဥပမာ - ဂျာဗား)တို့တွင် အဓိပ္ပာယ်ရသည်။

ဟင်းခတ်အမွှေးအကြိုင်တို့ဖြင့် နှပ်ခြင်း[ပြင်ဆင်ရန်]

အာယမ် ဂိုရင်းအား ကြော်နေခြင်း

အချို့သော အာယမ်ဂိုရင်းအား ပြင်ဆင်ရာ၌ ထောပတ် သို့မဟုတ် ဂျုံ နှစ်မျိုးလုံး အပေါ်မှ အကာအဖြစ်သုံးစွဲခြင်း မရှိသော်လည်း အမျိုးမျိုးသော ဟင်းခတ်အမွှေးအကြိုင်တို့ကို ကြိုင်လှိုင်ပေါများစွာ သုံးစွဲကြသည်။[၂] ဟင်းခတ်အမွှေးအကြိုင်တို့ ရောနှောပုံမှာ ဒေသအလိုက် ကွာခြားကြသော်လည်း များသောအားဖြင့် ကြိတ်ထားသော ကြက်သွန်နီကလေးကြက်သွန်ဖြူ၊ Indian bay leaves၊ နနွင်းစပါးလင်မန်ကျည်းရည်၊ candlenutgalangal၊ ဆားနှင့် သကြားတို့ ပေါင်းစပ်ပါဝင်သည်။ ကြက်သားအတွင်းသို့ အမွှေးအကြိုင်အနံ့များစိမ်ဝင်စေရန် မကြော်မီ ရောစပ်ထားသော အမွှေးအကြိုင်များဖြင့် ကြက်သားတုံးများအား စိမ်၍နှပ်ထားသည်။ နှပ်သည့်အဆင့်တွင် အမွှေးအကြိုင်များ စိမ့်ဝင်စေခြင်း၌ အထောက်အကူဖြစ်စေရန် ကြိတ်ထားသော အမွှေးအကြိုင်များထဲတွင် ကြက်သားအား အပူပေးခြင်းအဆင့် ပါဝင်ရမည်ဖြစ်သည်။ များသောအားဖြင့် မကြော်မီ ကြက်သားသည် တစ်ဝက်ခန့်ကျတ်နေပြီဖြစ်ပြီး နနွင်းကြောင့် အဝါရောင်သန်း၍နေမည်ဖြစ်သည်။ ဂျာဗားတွင် ဤအဆင့်အား အူးဂ်ကပ်(ungkep)ဟု ခေါ်သည်။

ထို့နောက် ကြက်သားကို ဟင်းချက်ဆီ သို့မဟုတ် စားအုန်းဆီတစ်မျိုးမျိုးတွင် ဆီမြုပ်အောင်ထည့်၍ အကျတ်ကြော်မည်ဖြစ်သည်။ ကြက်သားအား ရွှေဝါရောင်သန်းလာသည်ထိ ကြော်ပေးရမည်ဖြစ်သည်။ ဂျာဗား အာယမ် ဂိုရင်း ခရိမက်စ်ကဲ့သို့ အချို့သော မူကွဲများတွင် crispy granules ကဲ့သို့သော အကြွပ်ကြော်ထားသော အမွှေးအကြိုင်များ ထည့်ကြသည်။ အခြားသော ချက်ပြုပ်နည်းများတွင် ဤကဲ့သို့ အရသာရှိသော granules များကို ခြစ်ထားသော galangal သို့မဟုတ် အုန်းသီးတို့မှ ရရှိသည်။

အာယမ်ဂိုရင်းကို ထမင်းဖြင့်ဖြစ်စေ၊ ဆမ်ဘယ် တရာဆီ (ငရုတ်သီးပါဝင်သော ငါးပိထောင်း) သို့မဟုတ် ဆမ်ဘယ် ကဲ့ဂျပ်(ပဲငံပြာရည်တွင် ကြက်သွန်နီကလေးနှင့် ငရုတ်သီး လှီးထည့်ထားသော)တို့ကို ဆော့အဖြစ် နှစ်၍ဖြစ်စေ သို့မဟုတ် စိတ်ကြိုက်ထည့်၍စားနိုင်သော သခွားသီးနှင့် ခရမ်းချဉ်သီးတို့ဖြင့် ဖြူး၍ဖြစ်စေ များသောအားဖြင့် သုံးဆောင်မှု ပြုကြသည်။ တန်ပေးကြော်နှင့် တို့ဟူးတို့အားလည်း အရံ့ဟင်းများအဖြစ် ထည့်သွင်းနိုင်သည်။

မူကွဲများ[ပြင်ဆင်ရန်]

ပါဒန်းပုံစံ အာယမ်ဂိုရင်းအား နာဆီ ဘွန်ကပ်စ် ပါဒန်းနှင့်အတူ

အာယမ်ဂိုရင်းအား ချက်ပြုပ်နည်းများစွာရှိပြီး ၎င်းတို့အထဲများ လူသိများထင်ရှားသည်တို့မှာ-

  • အာယမ်ဂိုရင်း လန်ကုအပ်စ်: galangal ပါဝင်သော ကြက်ကြော်။[၃] အာယမ်ဂိုရင်း ဘန်ဒေါင်းဟု လူသိများသော ဆွန်ဒန်ဘန်ဒေါင်းပုံစံ အာယမ် ဂိုရင်း[၄]
  • အာယန်ဂိုရင်း ပါဒန်း: ပါဒန်းပုံစံ အာယမ်ဂိုရင်း။ ပါဒန်းကြက်ကြော်တွင် များစွာသော ပုံစံကွဲများရှိပြီး အကျော်ကြားဆုံးမှာ ဂလန်ဂယ်ကြက်ကြော်(galangal fried chicken)နှင့် အတော်လေးတူညီသည်။[၅]
  • အာယမ် ပေါ့: ပါဒန်းပုံစံ အရေခွံဆုပ်ထားသော ဖျော့တော့သည့်အရောင်ရှိသည့် ကြက်ကြော်ဖြစ်ပြီး ဆမ်ဘယ်ဖြင့်သာ သီးခြားသုံးဆောင်သည်။[၆]
  • အာယမ်ဂိုရင်း ဘာလာဒို: ပါဒန်း သို့မဟုတ် မီနန်းပုံစံကြက်ကြော်။ ကြက်ကြော်တုံးများအား ဘာလာဒိုငရုတ်သီးဆော့ဖြင့် သုပ်ထားသည်။[၇]
  • အာယမ်ဂိုရင်း လာဒို အီဂျို:မီနန်းပုံစံ အာယမ်ဂိုရင်း ဘာလာဒိုပုံစံကွဲတစ်ခုဖြစ်ပြီး ငရုတ်သီးစိမ်းအား အသုံးပြုထားသည်။
  • အာယမ်ဂိုရင်း ဂျကာတာ:ဂျကာတာပုံစံ အာယမ်ဂိုရင်း။[၈]
  • အာယမ်ဂိုရင်း ကလာဆန်: ယောယာကားတားမြို့၊ ကလာဆန်ကျေးရွာမှ ဂျာဗားကြက်ကြော်တစ်မျိုး။[၉]
  • အာယမ် ဂိုရင်း ခရိမက်စ်: kremes crispy granules ပါဝင်သော ဂျာဗားကြက်ကြော်။[၁၀]
  • အာယမ်ဂိုရင်း ဆာရုဒန်: အုန်းခြစ်ဆံတို့ပါဝင်သော ဂျာဗားကြက်ကြော်။[၁၁]
  • ပီဂျဲ အာယမ်: ဆမ်ဘယ်နှင့်တွဲဖက်သော အရှေ့ဂျာဗား အာယမ်ဂိုရင်း။
  • အာယမ် ဂီပရဲ့ခ်: ပူစပ်သော ဆမ်ဘယ်နှင့်ရောစပ်ထားသည့် ယောယာကားတား အာယမ်ဂိုရင်းအကြွပ်ကြော်ထောင်း။[၁၂]
  • အာယမ် ပီညက်: ပီညက်သည် "ညစ်သည်"အတွက် ဂျာဗားစကားလုံးဖြစ်ပြီး ကြက်သားကြော်ကို မြေငရုတ်တွင် ဆမ်ဘယ်ပေါ်မှ ငရုတ်ကျည်ပွေ့ဖြင့် ဆမ်ဘယ်နှင့်ရောသမသွားအောင် ပြုလုပ်ထားသည်။[၁၃]
  • အာယမ်ဂိုရင်း ဘီရမ်ပါ့: မလေးကြက်ကြော်ဖြစ်ပြီး ဂျုံအနည်းငယ်ဖြင့် ရွှေရောင်တောက်သွားသည်ထိ ကြော်ထားခြင်းက ဟင်းလျာ၏ အမှတ်သရုပ်ဖြစ်သည်။
  • အာယမ်ဂိုရင်း ကူညစ်: နနွင်းဖြင့်နှယ်ထားသော မလေးကြက်သားတုံးကြော်။

အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့တွင် ပုံစံအမျိုးမျိုးသော နိုင်ငံခြားကြက်ကြော်များကိုလည်း အာယမ်ဂိုရင်းဟု မကြာခဏသုံးစွဲကြသည်။ အမေရိကန်တောင်ပိုင်းမှ ကြက်ကြော်ကို များသောအားဖြင့် အာယမ်ဂိုရင်း တဲ့ပွန်း သို့မဟုတ် ဂျုံမှုန့် သို့မဟုတ် ပေါင်မုန့်မှုန့် ကြက်ကြော်ဟုခေါ်သည်။ မလေးရှားတွင် McDonald ကြက်ကြော်ကို "အာယမ်ဂိုရင်း မက်စ်ဒ်"(Ayam Goreng McD)အဖြစ် ဈေးကွက်၌ ရောင်းချသည်။[၁၄]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Ferdie။ Ayam Goreng (Indonesian Fried Chicken) (in en)။ 2020-04-01 တွင် ပြန်စစ်ပြီး။
  2. Lang၊ Rebecca (2015-05-26)။ Fried Chicken: Recipes for the Crispy, Crunchy, Comfort-Food Classic [A Cookbook] (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Potter/Ten Speed/Harmony/Rodale။ ISBN 978-1-60774-725-3
  3. Ayam Goreng Lengkuas။ Tasty Indonesian Food.com။ ၆ နိုဝင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  4. "Resep Khas Pasundan, Ayam Goreng Lengkuas Bandung" (in id-ID)၊ SINDOnews.com 
  5. 92 resep ayam goreng padang enak dan sederhana (in id)။ ၆ နိုဝင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  6. "Resep Mudah Masak Ayam Pop ala Masakan Padang" (in id)၊ VIVA၊ 7 December 2016။ 
  7. "Cara Membuat Ayam Goreng Bumbu Balado Pedas Gurih"၊ Resep Makan Sedap၊ 3 June 2015။ 6 November 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 12 November 2017။ 
  8. nufus၊ Hayatun။ Resep Membuat Ayam Goreng jakarta။ 12 November 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 November 2021 တွင် ပြန်စစ်ပြီး။
  9. Inc.၊ Tastemade။ Ayam Goreng Kalasan ~ Resep (in id)။ ၆ နိုဝင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  10. Post၊ The Jakarta။ "Try this 'Ayam Goreng Kremes' recipe at home"၊ The Jakarta Post 
  11. Vemale.com။ Resep Ayam Goreng Serundeng။ ၆ နိုဝင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  12. Post၊ The Jakarta။ Three places to enjoy fiery hot 'ayam geprek' (in en)။ ၆ နိုဝင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  13. Post၊ The Jakarta။ "Where to enjoy the most delicious 'penyet' in Jakarta"၊ The Jakarta Post 
  14. Ayam Goreng MCD Mcdonald's Malaysiaမက်ဒေါ်နယ်။ ၆ နိုဝင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။