အသံထက်မြန်သောအလျင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
လေယာဉ်၏ အမြန်နှုန်း အသံ၏ အလျင်နီးပါးဖြစ်လာစဉ် ရေငွေ့များစုစည်းမှုကြောင့် လေယာဉ်ဝန်းကျင်တွင် တိမ်တိုက်ငယ် ဖြစ်ထွန်းလာသည်။

ဆူပါဆွန်းနစ်[ပြင်​ဆင်​ရန်​]

ဆူပါဆွန်းနစ်ဆိုသည်မှာ အသံထက်မြန်သော အလျင်နှင့် စပ်လျဉ်း၍ လေ့လာသော ပညာကို ဆိုလိုသည်။ ထိုဝေါဟာရ သည် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အလွန်လျင်မြန်သော လေယာဉ်များ၊ ဒုံးပျံများပေါ်ပေါက်လာသောအခါ အထူးခေတ် စားလာသော ဝေါဟာရဖြစ်၏။

အသံ၏ အလျင်သည် သာမန်အခြေ၌ ပင်လယ်ပြင်တွင် တစ်စက္ကန့်လျှင် ပေ ၁၁ဝဝ (ဝါ) တစ်နာရီလျှင် မိုင် ၇၆ဝ နီးပါးမျှရှိသည်။ ကျည်ဆန်နှင့် တုံးပျံတို့သည် ထိုအလျင်ထက် ပို၍ မြန်ကြသည်။ သို့သော် မည်သည့်လေယာဉ်မှ ထိုအလျင် ဖြင့် မပျံစွမ်းနိုင်ချေ။ တစ်နာရီမိုင် ၇၆ဝ နှုန်းသို့မရောက်မီပင် လေယာဉ်၏အရှေ့၌ လေသည် ပြင်းထန်စွာလှုပ်ရှားလာသည်။ ထိုလေ၏ လှုပ်ရှားခြင်းသည် သာမန်လေယာဉ်ပျံကို ဖျက်ဆီး နိုင်လောက်အောင်ပင် ပြင်းထန်သည်။


သပ္ပံပညာရှင်တို့သည် ထိုအခက်အခဲကို ကျော်လွန်နိုင် အောင် သုတေသနများပြားစွာ ပြုလုပ်ခဲ့ကြသော်လည်း၊ လေ လှုပ်ရှားပုံ ပြဿနာကို လုံးဝမဖြေရှင်းနိုင်ကြသေးပေ။ သိပ္ပံပညာ ရှင်တို့က ထိုလေလှုပ်ရှားသော ကိစ္စသည် အသံ၏အလျင်သို့ မရောက်မီကလေးနှင့် အသံ၏အလျင်ကို ကျော်ရုံကလေး၌ သာလျှင် ဖြစ်ပျက်သည်ဟု ယုံကြည်ကြသည်။ အဆိုရှိသည်မှာ ထိုအခိုက်အတန့်တွင် လေယာဉ်ပျံသည် လေလှုပ်ရှားသော ဒဏ် ကို ခံနိုင်လျှင် တစ်နာရီမိုင် ၇၆ဝ နှုန်းကျော်လွန်သောအခါ၊ လေလှုပ်ရှားသော အနှောင့်အရှက်မှာ နည်းပါးသွား၍၊ သာမန် အတိုင်း တစ်ဖန်ပျံသန်းနိုင်သည်။ လေယာဉ်ပျံသည် ကမ္ဘာမြေ သို့ပြန်လာရန် အလျင်ကို လျှော့လိုက်သောအခါ၌ တစ်ဖန် လေလှုပ်ရှားသော အနှောင့်အရှက်ပေါ်လာပြန်သည်ဟု ဆိုလေ သည်။

ထိုအဆိုကို မူတည်ကာ သိပ္ပံပညာရှင်တို့သည် အလွန့် အလွန်မြင့်သော နေရာတို့၌ အသံထက်မြန်သော အလျင်နှင့် ပျံသန်းနိုင်သည့် ဒုံးပျံ၊ လေယာဉ်များကို ကြံစည်၍ဆောက် လုပ်ကြသည်။ ထိုဒုံးပျံ၊ လေယာဉ်တို့သည် မြေဆွဲအားထက် ၁၈ ဆပို၍ကြီးသော ဒဏ်အားကို ခံနိုင်အောင်ပင် ခိုင်ခံ့ကြ သည်ဟုဆိုလေသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)