အလင်းတန်းဂျာနယ်

ဝီကီပီးဒီးယား မှ
အလင်းတန်းဂျာနယ်

အလင်းတန်းဂျာနယ်သည် မြန်မာဘာသာစကားဖြင့် ထုတ်ဝေသည့် မြန်မာစာနယ်ဇင်းများထဲမှ တစ်ခုဖြစ်သည်။ အလင်းတန်းဂျာနယ်သည် အနုပညာ၊ လူမှုရေးနှင့် မြန်မာစာပေဆိုင်ရာ အကြောင်းအရာများကို ဦးစားပေး ဖော်ပြသည့် ဂျာနယ် တစ်စောင်ဖြစ်သည်။

အယ်ဒီတာ[ပြင်ဆင်ရန်]

အလင်းတန်းဂျာနယ် အယ်ဒီတာချုပ်မှာ ဟင်္သာတမြင့်ငွေ ဖြစ်ပြီး မွမ်းမံတင်ဆက်သူမှာ ဝင်းငြိမ်းဖြစ်သည်။ တာဝန်ခံအယ်ဒီတာမှာ မျိုးမြင့်ညိမ်းဖြစ်ပြီး အယ်ဒီတာမှာ လင်းနိုင်ဦးဖြစ်သည်။ အုပ်ချုပ်ရေးမှူးမှာ ဦးဇော်ထူးအောင် ဖြစ်သည်။ အလင်းတန်းဂျာနယ်အတွက် လိုဂိုဒီဇိုင်းကို ကျော်မင်းမောင်မှ ပြုလုပ်ပေးထားပြီး ထုတ်ဝေသူမှာ ဟင်္သာတမြင့်ငွေ ဖြစ်သည်။ အလင်းတန်းဂျာနယ်ကို စီအမ်ပီပုံနှိပ်တိုက်တွင် ပုံနှိပ်ပြီး အပတ်စဉ် တနင်္လာနေ့တွင် ထုတ်ဝေခဲ့သည်။ အလင်းတန်းဂျာနယ်သည် အခန်းအမှတ် ၁၇၊ ၁၅၈-၁၅၉(ပထမထပ်)၊ မဟာဗန္ဓုလပန်းခြံလမ်းကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တွင် တည်ရှိသည်။

ရပ်နားခြင်း[ပြင်ဆင်ရန်]

အလင်းတန်းဂျာနယ်သည် စောင်ရေကျဆင်းလာမှုကြောင့် ၂၀၁၈ ခုနှစ် ဧပြီလတွင် ထုတ်ဝေမှု ရပ်နားခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဝဏ္ဏအောင် (၃ ဧပြီ ၂၀၁၈)။ နှစ် ၂၀ သက်တမ်းရှိ အလင်းတန်းအနုပညာဂျာနယ်ထုတ်ဝေမှုရပ်နား။ 29 January 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၉ ဇန်နဝါရီ ၂၀၂၀ တွင် ပြန်စစ်ပြီး။