အရေးပေါ်လူနာတင်ယာဉ်

ဝီကီပီးဒီးယား မှ
An ambulance in San Jose del Cabo, Mexico

အရေးပေါ်လူနာတင်ယာဉ်[ပြင်ဆင်ရန်]

အရေးပေါ်ဖြစ်ရပ်များကြောင့် ထိခိုက်မိသူများကို ကယ်ဆယ်ကုသရာတွင် အရေးပေါ်လူနာတင်ယာဉ်စနစ် ပြည်စုံကောင်းမွန်ရန်အရေးကြီးသည်။ အရေးပေါ်လူနာတင်ယာဉ် အပြင် အရေးပေါ်ကုသမှုစနစ် ကောင်းမွန်ပါက သေဆုံးသူ၏ ၃၀ ရာခိုင်နှုန်း ကိုကာကွယ်နိုင်သည်။ ယာဉ်တိုက်မှု၊ သဘာဝဘေးအန္တရာယ်ဖြစ်ရပ်ဆိုးများနှင့် ဗုံးပေါက်ကွဲမှုကဲ့သို့ဖြစ်စဉ်များ၊ အရေးပေါ်ကျန်းမာရေး ဆိုးရွားမှု အခြေအနေများနှင့် ကြုံတွေ့ရပါက အချိန်မီကယ်ဆယ်ရန် အဆင့်မြင့် အရေးပေါ်လူနာတင်ယာဉ်များလိုအပ်မည်ဖြစ်သည်။

အခြေစိုက်ကုသနိုင်သည့် ဆေးရုံအငယ်စားကဲ့သို့ အသုံးပြုနိုင်သော လူနာတင် ယာဉ်များလည်းလိုအပ်သည်။

ထားရှိခြင်း[ပြင်ဆင်ရန်]

အရေးပေါ်လူနာတင်ယာဉ်များကိုထားရှိရာတွင် မြို့ပေါ်နှင့် ကျေးလက်မြို့နယ်များဟူ၍ ကွာခြားမှုရှိနိုင်ပြီး မြို့ပြကြီးတစ်ခုတွင် လူဦးရေထူထပ်မှုနှင့်အတူ ပိုမိုအသုံးများမှုပေါ်မူတည်ပြီး လူဦးရေ ၄၀၀၀၀ တွင်တစ်စီးနှုန်းထားရှိသည်။

ကိုးကား[ပြင်ဆင်ရန်]