အရာကောင်းလျှင် တစ်ချက်၊ အနေကောင်းလျှင် တစ်သက်

ဝီကီပီးဒီးယား မှ

အရာကောင်းလျှင် တစ်ချက်၊ အနေကောင်းလျှင် တစ်သက် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]

အနက်အဓိပ္ပာယ်[ပြင်ဆင်ရန်]

အခွင့်ကောင်းနှင့် ကြုံတွေ့ရလျှင် တစ်ချက်တည်းနှင့် အောင်မြင်မှု ရနိုင်သည်။ တည်ရာမှီရာ၊ အရပ်အနေကောင်းလျှင် တစ်သက်လုံး ကောင်းစားမည်။[၁]

အခြားအသုံးအနှုန်း[ပြင်ဆင်ရန်]

(၁) အကြံကောင်းလျှင် တစ်ချက်၊ အနေကောင်းလျှင် တစ်သက်၊ (၂) အမှီကောင်းလျှင် တစ်ချက်၊ အနေကောင်းလျှင် တစ်သက် ဟူ၍လည်း အဆိုရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။