အယ်လ်ပ် တောင်တန်း
Wikipedia မှ
ဂြိုဟ်တု မှမြင်ရသော အယ်လ်ပ် တောင်တန်းပုံ
အယ်လ်ပ် တောင်တန်း (Alps) သည် ဥရောပ ဒေသရှိ အကြီးကျယ် အထင်ရှားဆုံးသော တောင်တန်းကြီး တစ်ခုဖြစ်သည်။ ထိုတောင်တန်းသည် အရှေ့ဖက် ဩစတီးယား နှင့် ဆလိုဗေးနီယားမှ အစပြု၍ အီတလီ ၊ ဆွစ်ဇာလန် ၊ လစ်တင်ရှတိုင်း နှင့် ဂျာမနီတို့ကို ကျော်ဖြတ်၍ အနောက်ဖက် ပြင်သစ် အထိ ဖြန့်ကျက် တည်ရှိသည်။
အယ်လ်ပ် တောင်တန်းတွင် အမြင့်ဆုံးတောင်ထိပ်မှာ ဘလန့်ခ် တောင်ထိပ် (Mount Blanc) ဖြစ်ပြီး ၄၈၀၈ မီတာ (၁၅၇၇၄ ပေ) မြင့်၍ အီတလီနိုင်ငံ နှင့် ပြင်သစ်နိုင်ငံ နယ်စပ်တွင် တည်ရှိသည်။
အင်္ဂလိပ်စာလုံး အယ်လ်ပ် (Alps) သည် လက်တင်စာ ပြင်သစ်စာတို့မှ ဆင်းသက်လာခြင်း ဖြစ်ပြီး လက်တင်ဘာသာ အဖြူရောင် (albus) မှ ဆင်းသက်လာသည်ဟု ယူဆရသည်။