အယ်လ်ဇိုင်းမား ရောဂါ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
သာမန်လူတစ်ဦး၏ ဦးနှောက် (ဝဲ) နှင့် အယ်လ်ဇိုင်းမား ရောဂါ ဖြစ်နေသူ၏ ဦးနှောက် (ယာ) တို့ကို နှိုင်းယှဉ်ပြသထားပုံ

အယ်လ်ဇိုင်းမား ရောဂါ (Alzheimer's disease) ကို ဆေးပညာတွင် AD ဟု အတိုကောက် ခေါ်ဝေါ်လေ့ ရှိကြပြီး ဒယ်မန်တီးယား (dementia) ခေါ် သိစိတ်ချို့ယွင်းခြင်း တစ်မျိုး ဖြစ်သည်။ အယ်လ်ဇိုင်းမား ရောဂါကို ကုသရန်အတွက် နည်းလမ်းမရှိဘဲ ရောဂါဖြစ်ချိန် ကြာသည်နှင့် အမျှ တဖြည်းဖြည်း ပို၍ ဆိုးလာပြီး နောက်ဆုံးတွင် သေဆုံး ရတတ်သည်။ ထိုရောဂါကို ဂျာမန်လူမျိုး စိတ်ရောဂါ နှင့် ဦးနှောက်ရောဂါ အထူးကု တစ်ဦးဖြစ်သူ အလွိုက်စ် အယ်လ်ဇိုင်းမား (Alois Alzheimer) မှ ၁၉၀၆ ခုနှစ်တွင် စတင် တွေ့ရှိခဲ့သဖြင့် သူ၏ နာမည်ကို အစွဲပြု၍ ရောဂါအား နာမည် ပေးထားခြင်း ဖြစ်သည်။

အယ်လ်ဇိုင်းမား ရောဂါကို အသက် ၆၅ နှစ်အထက် လူများတွင် အများဆုံး တွေ့ရပြီး အများအပြား တွေ့ရလေ့ မရှိသော အယ်လ်ဇိုင်းမား ရောဂါတစ်မျိုးမှာ ထိုထက်စော၍ ဖြစ်ပွားလေ့ ရှိသည်။ ၂၀၀၆ ခုနှစ်တွင် တကမ္ဘာလုံးတွင် အယ်လ်ဇိုင်းမား ရောဂါ ခံစားနေရသူ ၂၆.၆ သန်း ရှိသည်။ ၂၀၅၀ ခုနှစ်တွင် တကမ္ဘာလုံး၌ လူ ၈၅ ယောက်လျှင် တစ်ယောက်နှုန်းဖြင့် အယ်လ်ဇိုင်းမား ရောဂါ ဖြစ်ပွားလိမ့်မည်ဟု ခန့်မှန်းရသည်။

အယ်လ်ဇိုင်းမားရောဂါသည် လူတစ်ဦးချင်းစီတွင် ပုံသဏ္ဍာန် တစ်မျိုးဖြင့် ကွဲပြားခြားနားစွာ ဖြစ်ပေါ်တတ်သော်လည်း တူညီသော ရောဂါလက္ခဏာ အမြောက်အများ ရှိသည်။ အစောပိုင်း ရောဂါလက္ခဏာများကို အသက်ကြောင့် ဖြစ်သည် သို့မဟုတ် စိတ်ဖိစီးမှုကြောင့်ဖြစ်သည်ဟု လွဲမှားစွာ ယူဆတတ်လေ့ ရှိကြသည်။ ရောဂါ ဖြစ်ပွားမှု အစောပိုင်းတွင် လတ်တလော အဖြစ်အပျက်များကို မှတ်မိရန် အခက်အခဲ ရှိခြင်း ဖြစ်လေ့ ရှိသည်။ အကယ်၍ အယ်လ်ဇိုင်းမား ရောဂါဟု သံသယ ရှိပါက အပြုအမူနှင့် စဉ်းစားနိုင်မှု စွမ်းရည် တို့ကို ခန့်မှန်းတွက်ချက်သည့် စမ်းသပ်မှုမျိုးဖြင့် အတည်ပြုလေ့ ရှိကြပြီး အမြဲလိုလိုပင် ဦးနှောက်အား ဓာတ်မှန်ရိုက် စစ်ဆေးမှု ဆက်လက်ပြုလုပ်ကြသည်။

ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်